Travel

ဆုန်ကရန်ပွဲတော်အတွင်း ခရီးသွား ၃ သန်း ဝင်ရောက်ရန် ထိုင်းက မျှော်လင့်

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံရဲ့ ဆုန်ကရန် (Songkran) သြင်္ကန်ပွဲတော်ကို နောက်တပတ်အတွင်း ကျင်းပတော့မှာပဲ ဖြစ်ပါတယ်။ ဒီပွဲတော်အတွင်းမှာဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ အဓိကကျတဲ့ လေဆိပ်ကြီး ၆ ခုက သူတို့ရဲ့ လေဆိပ်တွေကို ခရီးသွား ၃ သန်းကျော် အဝင် အထွက်ပြုလုပ်ကြမယ်လို့ မျှော်လင့်ထားကြပါတယ်။

ထိုင်းနိုင်ငံ လေကြောင်းသွားလာရေးအကြီးအမှူးချုပ်ဖြစ်တဲ့ Nitinai Sirismatthakarn ကတော့ ပွဲတော်ချိန်ရောက်နေတဲ့ ဒီ ၇ ရက်တာကာလအတွင်းမှာတော့ ခရီးသွားပေါင်း ၃ ဒဿမ ၂ သန်း လောက်က လေဆိပ်တွေကို အသုံးပြုနိုင်တယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဆိုထားပါတယ်။

ဒီပမာဏဟာ မနှစ်က ဆုန်ကရန်ပွဲတော်ကာလထက် စာရင် ၁၂ ဒဿမ ၃ ရာခိုင်နှုန်း တိုးလာတဲ့ သဘောပါပဲ။ ထိုင်းနိုင်ငံရဲ့ လူအစည်ကားဆုံးဖြစ်တဲ့ သုဝဏ္ဏဘူမိလေဆိပ်ကတော့ ပွဲတော် ကျင်းပမယ့် ၇ ရက်တာကာလအတွင်း မှာ ခရီးသည်ပေါင်း ၁ ဒဿမ ၃၇ သန်းမျှော်လင့်ထားပြီး Don Mueang လေဆိပ်က ၉၇၀,၀၀၀ နဲ့ ဖူးခက်လေဆိပ်ကတော့ ၄၅၈,၀၀၀ မျှော်လင့်ထားပါတယ်။

မီးခိုးမြူတွေ မှိုင်းနေပေမယ့်လည်း ချင်းမိုင်လေဆိပ်က ခရီးသည်ပေါင်း ၂၄၆,၀၀၀ ကို သယ်ယူ ပို့ဆောင်နိုင် ဖို့ မျှော်လင့်ထားပြီး ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ် အနီးမှာရှိတဲ့ Hat Yai လေဆိပ်ကတော့ ခရီးသည်ပေါင်း ၈၇,၀၀၀ နဲ့ အခြား ခရီးသည် ၈၀,၀၀၀ အတွက်တော့ ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းရိုင်လေဆိပ်ကို အသုံးပြုဖို့ မျှော်လင့်ထားပါတယ်။

အခု ဖော်ပြပေးခဲ့တဲ့ ကိန်းဂဏန်းတွေဟာ လေယာဉ်ခရီးစဉ်အတွက် ကြိုတင်စာရင်းပေးထားသူ အရေအတွက်ဆီကနေ ရတဲ့ ကိန်းဂဏန်းတွေပါပဲ။ ထိုင်းနိုင်ငံလေဆိပ်တွေဟာ လေကြောင်းလိုင်းနဲ့ ရောက်လာမယ့် ခရီးသွားတွေအတွက် ရောက်ရမယ့်နေ့ရက်ကို အတိအကျ သတ်မှတ်ပေးခဲ့ခြင်း မရှိပါဘူး။

ဒီနှစ်အတွက် ဆုန်ကရန် သြင်္ကန်ပွဲတော်ဟာ ဧပြီ ၁၃ ရက်နေ့ကနေ ဧပြီ ၁၇ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပြီး ဒီပွဲတော်ကိုတော့ နိုင်ငံတကာ ခရီးသွားတွေ လာရောက် ဆင်နွှဲလေ့ ရှိကြပါတယ်။ ဒီပွဲတော်အတွင်းမှာဆိုရင်တော့ ပြည်ပရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေဟာ မိမိတို့မြို့ ရွာကို အလည်ပြန်လာလေ့ ရှိကြသလို တချို့ ကတော့လည်း ပြည်ပကို ခရီးထွက်လေ့ ရှိကြပါတယ်။

မီးခိုးမြူတွေ ကျနေတဲ့ ဒေသတွေရဲ့ လေယာဉ် ခရီးစဉ်တွေကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း ခရီးသွားဧည့်သည်တွေက မီးခိုးမြူတွေကျနေတဲ့ ဒေသတွေကို ရှောင်ကွင်းသွားကြပြီး ဆုန်ကရန်ပွဲတော်ကို ဆင်နွှဲကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ Nitinai ကပြောပါတယ်။

Ref : bangkokpost

Did you find apk for android? You can find new Free Android Games and apps.
Loading