Travel

ဘာလင်မြို့ကို အလည်သွားသင့်တဲ့ အကြောင်းရင်းများ

Want create site? Find Free WordPress Themes and plugins.

ဂျာမနီနိုင်ငံ ဘာလင်မြို့ကို သွားရောက်လည်ပတ်သင့်တဲ့ အကြောင်းပြောပါဆိုရင် အကြောင်းရင်းပေါင်း များစွ ာရှိပါတယ်။ ဂျာမနီနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဘာလင်မြို့ဟာ အလယ်ခေတ်လောက်ကတည်းက စီးပွားရေးနဲ့ ယဉ်ကျေးမှုမှာ အချက်အချာကျခဲ့တဲ့ မြို့တမြို့ပါ။ အနုပညာဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ သိပ္ပံ ပညာရပ်တွေမှာဆိုရင်လည်း ဘာလင်မြို့ဟာ ရှေ့ဆောင်လမ်းပြ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ထင်ရှားတဲ့မြို့တမြို့ကို ရောက်တဲ့အခါ နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ အော်ပရာတွေကိုပဲ ကြည့်မလား။ ဒါမှမဟုတ် ကျော်ကြားတဲ့ ရုပ်ရှင်ပွဲတော်ကိုပဲ သွားမလား။ ဒါမှမဟုတ် ဆင်ဖိုနီ ဂီတဝိုင်းတွေဆီပဲ သွားမလား။ ကမ္ဘာမှာနာမည်ကြီးတဲ့ အရာမှန်သမျှဟာ ဘာလင်မြို့မှာ စုပြုံနေပါတယ်။

ဘာလင်မြို့ကို အလည် ရောက်ခဲ့ရင်တော့ ကောင်းမွန်တဲ့အခွင့်အရေးတွေကို ရရှိမှာအမှန်ပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘာလင်မြို့ဟာ အနုပညာဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ လေ့လာစရာယဉ်ကျေးမှုတွေ ပေါင်းစုံနေတဲ့ အတွက်ပါ။

ညအလှအပကိုခံစားရင်း မြူးကြွတဲ့ဂီတနဲ့အတူကခုန်ချင်တယ်ဆိုရင်လည်း ဘာလင်မြို့ရဲ့ နိုက် ကလပ်တွေက ဖြည့်ဆည်းပေးပါလိမ့်မယ်။ အဲဒီ နိုက်ကလပ်တွေဟာ ကမ္ဘာမှာကျော်ကြားတဲ့ အခြား နိုက်ကလပ်တွေနဲ့ အတူတူဖြစ်သလို လူနေမှု စရိုက်ပုံစံပေါင်းစုံက လာကြတဲ့ မတူကွဲပြားတဲ့ လူမျိုးတွေရဲ့ အမူအကျင့်တွေကိုလည်း ဘာလင်မြို့ရဲ့ နိုက်ကလပ်တွေမှာ တွေ့နိုင်ပါသေးတယ်။

တချို့လူတွေကတော့ အလယ်ခေတ်သြဇာ လွှမ်းမိုးထားတဲ့ ဗိသုကာလက်ရာတွေကို လေ့လာနိုင်ဖို့ ဘာလင်မြို့ကို အလည်လာလေ့ရှိကြသလို တချို့တွေကလည်း ဒုတိယကမ္ဘာစစ်အတွင်းက ပျက်စီးခဲ့ရတဲ့ အဆောက်အဦတွေကို လေ့လာဖို့ လာရောက်ကြပါတယ်။ ဒါပေမယ့်လည်း ဒုတိယကမ္ဘာစစ်ဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ အဆောက်အဦ အများစုကိုတော့ ပြန်လည်တည်ဆောက်ထားပါတယ်။

တကယ်တော့ ဘာလင်မြို့ဟာ ခေတ်ဟောင်း ခေတ်သစ် အနုပညာလက်ရာတွေ ရောနှောနေတဲ့ နေရာတနေရာပါ။ ဘာလင်မြို့ကိုရောက်တဲ့အခါ ဂျူးသမိုင်းပြတိုက်၊ အာရှအနုပညာပြတိုက်၊ သဘာဝသမိုင်းပြတိုက် စတဲ့နေရာတွေ လည်း လေ့လာနိုင်ဖို့ အခွင့်အရေးကောင်းပါ။

သဘာဝသမိုင်းပြတိုက်မှာဆိုရင်တော့ Archaeopteryx လို့ခေါ်တဲ့ ငှက် ကျောက်ဖြစ်ရုပ်ကြွင်းကိုလည်း လေ့လာနိုင်ပါသေးတယ်။ အဲဒီ ကျောက်ဖြစ်ရုပ်ကြွင်းကတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၅၀ လောက်ရှိခဲ့တဲ့ Archaeopteryx ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းပါ။

နောက်ထပ် ဘာလင်မြို့ကို ဂုဏ်ရည်တင့်စေတဲ့အချက်တွေလည်း ရှိပါသေးတယ်။ အဲဒီအချက်တွေ ကတော့ ဘာလင်မြို့ဟာ တချိန်ကနာမည်ကြီးခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် Marlene Dietrich မွေးဖွား ရာအရပ်ဖြစ်လို့ပါပဲ။ နောက်ထပ် သွားရောက်လေ့လာသင့်တဲ့နေရာကတော့ Reichstag ပါ။ ဒီစကားလုံးကတော့ ဂျာမန် ဘာသာစကား ဖြစ်ပြီး အင်္ဂလိပ်လိုဆိုရင်တော့ ပါလီမန်လို့ အဓိပ္ပါယ် ရပါတယ်။

ဒီအဆောက်အဦကိုတော့ ၁၈၈၄ ခုနှစ်နဲ့ ၁၈၉၄ ခုနှစ်အကြားမှာတည်ဆောက်ခဲ့တာဖြစ်ပြီး ပြင်သစ်နိုင်ငံကရတဲ့ စစ်လျော်ကြေးငွေတွေနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အရှေ့ဂျာမနီ အနောက်ဂျာမနီ ပေါင်းစည်းရေးရပြီးတဲ့ နောက်မှာတော့ ဒီအဆောက်အဦကို ပြန်လည်ပြုပြင်ခဲ့ပါတယ်။

ဒီကနေ့ခေတ်မှာဆိုရင်တော့ ဒီအဆောက်အဦကြီးဟာ ဂျာမနီနိုင်ငံရဲ့ ဒုတိယလူအများဆုံးလာရောက်လည်ပတ်ကြ တဲ့ အဆောက်အဦဖြစ်လာခဲ့ပါတယ်။ ဂျာမနီနိုင်ငံကို လာရောက်လည်ပတ်သူ အများဆုံးဖြစ်တဲ့ အဆောက်အဦကတော့ Cologne ဘုရားရှိခိုးကျောင်းပါ။

Ref : traveluto

Did you find apk for android? You can find new Free Android Games and apps.
Loading