ကမ္ဘာပေါ်က တချို့ အရပ်ဒေသတွေဟာ ဝေးလံပေမယ့်လည်း အလည်သွားသင့်တဲ့ နေရာတွေပါ။ လူ သိပ်မရောက်ကြတဲ့အတွက်လည်း ပိုပြီး တိတ်ဆိတ်သလို ပိုပြီးလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲဒီထဲက ဒေသအချို့ကို ဖော်ပြပေးချင်ပါတယ်။
(၁) Kampala (ယူဂန်ဒါနိုင်ငံ)
အာဖရိကနိုင်ငံတွေထဲ ပါဝင်တဲ့ ယူဂန်ဒါနိုင်ငံကို အလည်အပတ်သွားမယ်ဆိုရင် Kampala မြို့ တောင်တန်းတွေဆီ အလည်သွားသင့်ပါတယ်။ Kampala မြို့ဟာ ယူဂန်ဒါနိုင်ငံရဲ့ မြို့တော်ဖြစ်သလို Kampala မြို့တောင်တန်းတွေမှာဆိုရင်လည်း သဘာဝပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနိုင်ပြီး မျောက်ဝံတွေကိုလည်း လေ့လာနိုင်ပါသေးတယ်။ ဒါကြောင့်လည်း မျောက်ဝံတွေကို သုတေသနပြုလုပ်ကြသူတွေဟာ Kampala မြို့ကို လာရောက်လေ့ ရှိကြပါတယ်။
(၂) Placencia (ဘရာဇီးနိုင်ငံ)
Placencia ဟာ ဘရာဇီးနိုင်ငံရဲ့ ကျေးရွာတရွာပါ။ ဘရာဇီးနိုင်ငံ တောင်ပိုင်းမှာရှိပြီး ပင်လယ်ပျော် ခရီးသွားတွေ သွားလေ့ရှိတဲ့ နေရာ တနေရာပါ။ ရေငုပ်လို့ ကောင်းတဲ့အတွက် ပင်လယ်ခရီး ထွက်သူတွေအနေနဲ့ အလည်လာလေ့ ရှိကြပါတယ်။
(၃) Tikal (ဂွါတီမာလာနိုင်ငံ)
Tikal ဟာ ဂွါတီမာလာနိုင်ငံရဲ့ ရှေးဟောင်းမြို့တော်ဖြစ်ပြီး တချိန်တုန်းကတော့ မာယာလူမျိုးတွေ နေထိုင်ခဲ့ကြပါတယ်။ အခုဆိုရင် Tikal မြို့ဟာ မြို့ပျက်ကြီးတခုလို ဖြစ်နေခဲ့ပေမယ့် လမ်းပန်းဆက်သွယ်ရေးတော့ ကောင်းမွန်ပါတယ်။ တချိန်တုန်းကတော့ မာယာလူမျိုးတွေဟာ Tikal မြို့ကနေ ကမ္ဘာကြီးကို ဘယ်လိုစိုးမိုးအုပ်ချုပ်ရမလဲလို့ ကြံစည်ခဲ့ကြဖူးပါတယ်။
(၄) Angel Fall (ဗင်နီဇွဲလားနိုင်ငံ)
Angel လို့ နာမည်ပေးထားတဲ့ ဒီရေတံခွန်ကတော့ ကမ္ဘာကြီးမှာ ကျော်ကြားတဲ့ အခြားသော ရေတံခွန်များလိုပဲ လည်ပတ်ချင်စရာ ကောင်းတဲ့ နေရာ တနေရာပါ။ နောက်ပြီး ဒီရေတံခွန်ဟာ ကမ္ဘာမှာ အမြင့်ဆုံး ရေတံခွန်ပါပဲ။ Angel ရေတံခွန်မှာဆိုရင် ကနူးလှေကို စီးပြီး အံ့မခန်းတဲ့ သဘာဝအလှတရားတွေကို ငေးမော ကြည့်နိုင်သလို ကြိုးပုခက်ထဲမှာလည်း အိပ်စက်နိုင်ပါတယ်။
(၅) Otavalo Market (အီကွေဒေါနိုင်ငံ)
စနေနေ့ မနက်ခင်းတိုင်းမှာဆိုရင် Otavalo မြို့ရဲ့ တောင်တန်းတွေမှာ နေထိုင်ကြတဲ့ အင်ဒီးယန်း လူမျိုးတွေဟာ သူတို့ကိုယ်တိုင်လုပ်ထားတဲ့ လက်မှုပစ္စည်းတွေနဲ့ ဆေးမြစ်တွေကို ရောင်းချဖို့ Okavalo ဈေးကိုလာလေ့ရှိပါတယ်။ ဒီဈေးကတော့ ကမ္ဘာပေါ်မှာအကြီးဆုံး လက်မှုပစ္စည်းတွေကို ရောင်းချတဲ့ ဈေးတဈေးပါ။
Ref : thetravelmagazine