ကမ္ဘာအနှံ့မှာ မြစ်တွေ ထောင်ပေါင်းများစွာ ရှိပါတယ်။ အဲဒီထဲကမှ တချို့ မြစ်တွေက သေးငယ်ပြီး တချို့ မြစ်တွေကတော့ မိုင်အနည်းငယ်သာ ရှည်လျားကြပါတယ်။ တချို့ မြစ်တွေကတော့ မိုင်ပေါင်းများစွာ ရှည်လျားပြီး နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံကို ဖြတ်သန်း စီးဆင်းလေ့ရှိသလို တချို့ မြစ်တွေက နိုင်ငံသာမက တိုက် တတိုက်ပြီးတတိုက် ဖြတ်သန်းစီးဆင်းလေ့ ရှိပါတယ်။
ဘယ်မြစ်တွေဟာ ဘယ်လိုပဲ စီးဆင်းကြပါစေ။ မြစ်ဆိုတာနဲ့ သီးခြားအလှတရားဆိုတာက ရှိပြီးသားပါပဲ။ အဲဒီလို အလှတရား အသီးသီး ရှိပြီးဖြစ်တဲ့ မြစ်တွေထဲကမှ ကမ္ဘာ့အလှဆုံး မြစ်တွေရဲ့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
(၁) Cano Cristales
ဒီမြစ်ကတော့ ကိုလံဘီယာနိုင်ငံအတွင်းမှ ာရှိပါတယ်။ လူတွေကတော့ ဒီမြစ်ကြီးကို “အရောင် ၅ မျိုး ရှိတဲ့မြစ် ” ဒါမှမဟုတ် “ ရေထဲက သက်တံ” လို့ခေါ်လေ့ ရှိကြပါတယ်။ ဒီလိုခေါ်ရတာကလည်း အကြောင် းရှိပါတယ်။ ဒီမြစ်ကြီးရဲ့ ရေအရောင်တွေဟာ အဝါ၊ အစိမ်း၊ အပြာ၊ အနက်နဲ့ အနီရောင်တွေ ဖြစ်နေလို့ပါပဲ။ အထူးသဖြင့်ကတော့ အနီရောင်ပါ။ ဒါကြောင့်လည်း ဒီမြစ် ကြီးဟာ ကမ္ဘာပေါ်မှာ အလှပဆုံး မြစ်တမြစ်ပါ။
(၂) Soča River
ဒီမြစ်ကြီးကတော့ ၁၃၈ ကီလိုမီတာ (၈၅ မိုင်ကျော်) ရှည်လျားပါတယ်။ ဒီမြစ်ကြီးဟာ စလိုဗေးနီးယားနိုင်ငံ အနောက်ပိုင်းနဲ့ အီတလီနိုင်ငံ အရှေ့မြောက်ပိုင်းကို ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်တမြစ်ပါ။ ဒီမြစ်ကြီးဟာ ရှည်လျားသလောက် အစိမ်းရောင်သန်းနေတဲ့ မြစ်တမြစ်ပါ။ ရှည်လျားတဲ့ မြစ်လမ်းကြောင်းတလျှောက် ရေတွေက အစိမ်းရောင် သန်းနေတဲ့အတွက် ကမ္ဘာပေါ်မှာ ရှားပါးတဲ့ မြစ်တမြစ်ဖြစ်သလို အလှဆုံးမြစ်လည်း ဖြစ်ပါတယ်။
(၃) Yangtze River
တရုတ်နိုင်ငံအတွင်းမှာ တည်ရှိတဲ့ ယန်ဇီမြစ်ကတော့ အာရှတိုက်ရဲ့ အရှည်ဆုံး မြစ်တမြစ်ဖြစ်သလို ကမ္ဘာပေါ်မှာဆိုရင်တော့ တတိယအရှည်ဆုံး မြစ်တမြစ် ဖြစ်ပါတယ်။ ယန်ဇီမြစ်ကတော့ တရုတ်နိုင်ငံ တခွင်ကို လှည့်ပတ်စီးဆင်းနေတဲ့ မြစ်တမြစ်ဖြစ်သလို တရုတ်နိုင်ငံရဲ့ ၅ ပုံ ၁ ပုံကို ယန်ဇီမြစ်က နေရာ ယူထားပါတယ်။ တရုတ်နိုင်ငံ လူဦးရေရဲ့ ၃ ပုံ ၁ ပုံလောက်ကလည်း ယန်ဇီ မြစ်ဝှမ်းတလျှာက်မှာ နေထိုင်ကြပါတယ်။
(၄) Danube River
ဗော်လဂါမြစ်ပြီးရင်တော့ Danube မြစ်ဟာ ဥရောပရဲ့ အရှည်ဆုံး မြစ်တမြစ်ပါ။ ဒီမြစ်ကြီးဟာ ဆိုရင်တော့ နိုင်ငံ ၁၀ နိုင်ငံကို ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်တမြစ်ပါ။ ဂျာမနီနိုင်ငံမှာ မြစ်ဖျားခံလာတဲ့ ဒီ မြစ်ကြီးဟာ ၂၈၆၀ ကီလိုမီတာ (မိုင်ပေါင်း ၁၇၇၇) ရှည်လျားပြီး သြစတြီးယား(Austria)၊ စလိုဗေးကီးယား(Slovakia)၊ ဟန်ဂေရီ(Hungary)၊ ခရိုအေးရှား(Croatia)၊ ရိုမေးနီးယား (Romania)၊ ဘူလ်ဂေးရီးယား(Bulgaria)၊ မော်လ်ဒိုဗာ(Moldova) နဲ့ ယူကရိန်း(Ukraine) နယ်စပ်တွေကို ဖြတ်သန်းစီးဆင်းပြီး နောက်ဆုံးမှာတော့ ပင်လယ်နက်ထဲကို စီးဝင်သွားပါတယ်။
Ref : unitedlodgehotel