Travel

ကမ္ဘာပေါ်က ထင်ရှားတဲ့ အမျိုးသားဥယျာဉ်များ

Want create site? Find Free WordPress Themes and plugins.

အမျိုးသားဥယျာဉ်ဆိုတဲ့ စကားလုံးကို စတင်သုံးခဲ့တဲ့လူကတော့ ကဗျာဆရာကြီးဖြစ်တဲ့ William Wordsworth ဖြစ်ပြီး ၁၈၁၀ ခုနှစ်မှာ စသုံးခဲ့ပါတယ်။ အခုဆိုရင်တော့ ကမ္ဘာအနှံ့မှာ အမျိုးသား ဥယျာဉ်ပေါင်းက ၆၅၅၅ လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီထဲကမှ ထင်ရှားတဲ့ အမျိုးသား ဥယျာဉ်တချို့ကို ဖော်ပြပေးပါမယ်။

(၁) Yosemite

ဒီအမျိုးသားဥယျာဉ်ကတော့ အမေရိကန်ပြည်ထောင်စု အနောက်ဘက်က Sierra Nevada မြို့မှာ တည်ရှိပါတယ်။ ဒီအမျိုးသားဥယျာဉ်ကို နှစ်စဉ်လာရောက်လည်ပတ်ကြသူပေါင်းက ၃ ဒဿမ ၅ သန်းလောက်ထိရှိပါတယ်။

(၂) Benff

Benff အမျိုးသားဥယျာဉ်ကတော့ ကနေဒါနိုင်ငံမှာတည်ရှိပြီး ၁၈၈၅ ခုနှစ်ကတည်းက တည်ထောင် ခဲ့တဲ့ အမျိုးသားဥယျာဉ်ပါ။ ဒီဥယျာဉ်ဟာဆိုရင်တော့ ကနေဒါနိုင်ငံရဲ့ ရှေးကျတဲ့ အမျိုးသားဥယျာဉ် ဖြစ်သလို အမေရိကပြည်ထောင်စုမြောက်ပိုင်းမှာ ဆိုရင်လည်း လူသိများထင်ရှားတဲ့ ဥယျာဉ်တခုပါ။

(၃) Torres Del Paine

Torres Del Paine အမျိုးသားဥယျာဉ်ကတော့ ချီလီနိုင်ငံတောင်ပိုင်းမှာရှိပါတယ်။ ဒီဥယျာဉ်ကို လူတွေ စိတ်ဝင်စားရတဲ့အကြောင်းကတော့ တောင်တက်ခရီးထွက်နိုင်တာကြောင့်ပါ။ ခရီးထွက်သူ တွေအနေနဲ့ကတော့ ရေခဲမြစ်နဲ့ တောင်တန်းတလျှောက်မှာပေါက်ရောက်နေတဲ့ ပန်းတွေကိုလည်း လေ့လာနိုင်ပါသေးတယ်။

(၄) Triglav

ဆလိုဗေးနီးယားနိုင်ငံမှာတည်ရှိတဲ့ ဒီအမျိုးသားဥယျာဉ်ကတော့ ကျယ်ပြန့်တဲ့ သစ်တောချိုင့်ဝှမ်း တွေပါဝင်ပြီး ကျောက်တုံး ကျောက်ခဲတွေ ပေါများတဲ့ဥယျာဉ်ပါ။ ဆလိုဗေးနီးယားနိုင်ငံရဲ့ ဗဟိုပန်းခြံ အနီးမှာတည်ရှိတဲ့ Triglav အမျိုးသားဥယျာဉ်ဟာ ဆလိုဗေးနီးယားနိုင်ငံအတွက်တော့ ကျယ်ပြန့်တဲ့ ဥယျာဉ်တခုပဲ ဖြစ်ပါတယ်။

(၅) Mikumi

တန်ဇန်းနီးယားနိုင်ငံမှာရှိတဲ့ Mikumi အမျိုးသားဥယျာဉ်ကိုတော့ လာရောက်လည်ပတ်ကြသူ နည်းပါတယ်။ ဘာလို့လဲဆိုတော့ တန်ဇန်းနီးယားနိုင်ငံအစိုးရက တိရစ္ဆာန်တွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလိုတဲ့အတွက်ပါ။ တားမြစ်ချက်တချို့ရှိနေတဲ့လည်း ခြောက်သွေ့တဲ့ နွေရာသီလိုအချိန်မျိုး တွေမှာသာ သွားရောက်လည်ပတ် သင့်ပါတယ်။

(၆) Chitwan

Chitwan အမျိုးသားဥယျာဉ်ကတော့ နီပေါနိုင်ငံမှာတည်ရှိပြီး ၁၉၇၃ ခုနှစ်က တည်ထောင်ခဲ့ပါ တယ်။ ဒီဥယျာဉ်ဟာ နီပေါနိုင်ငံရဲ့ ရှေးကျတဲ့ဥယျာဉ်တခုဖြစ်သလို ဘင်္ဂလားကျားနဲ့ အိန္ဒိယကြံ့တွေ ရှိတဲ့အတွက်ကြောင့်လည်း လူစိတ်ဝင်စားတဲ့ နေရာတနေရာပါ။ အဲဒီဥယျာဉ်အတွင်း လည်ပတ်မယ် ဆိုရင်တော့ ဆင်စီးပြီး လည်ပတ် ခွင့်ပြုထားပါတယ်။

(၇) Gobi Gurvansaikhan

မွန်ဂိုလီးယားနိုင်ငံမှာရှိတဲ့ Gobi Gurvansaikhan အမျိုးသားဥယျာဉ်ကတော့ ၂၇၀၀၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး မွန်ဂိုလီးယားနိုင်ငံရဲ့ အကြီးဆုံးအမျိုးသားဥယျာဉ်ပါ။ ဒီအမျိုးသားဥယျာဉ် ရဲ့ အစိတ်အပိုင်းတချို့ဟာ Gobi သဲကန္တာရအတွင်းပါဝင်ပါတယ်။

Ref:matadornetwork

Did you find apk for android? You can find new Free Android Games and apps.
Loading