Travel

ဗီယက်နမ်နိုင်ငံရဲ့ လှပတဲ့ Ba Ho ရေတံခွန်

Want create site? Find Free WordPress Themes and plugins.

Ba Ho ရေတံခွန်ဟာ ဗီယက်နမ်နိုင်ငံရဲ့ Nha Trang မြို့ မြောက်ဘက်မှာရှိပြီး ၂၅ ကီလိုမီတာ ဝေး ပါတယ်။

Ba Ho မှာဆိုရင်တော့ အဓိကကျတဲ့ရေတံခွန်က ၃ ခုရှိပြီး ခရီးသွားတွေကတော့ ကမ်းပါးယံကနေ ရေထဲဒိုက်ဗင်ထိုးချရတာကို သဘောကျလေ့ရှိကြပါတယ်။ ရေကူးခြင်းဟာ ကျန်းမာရေးအတွက် လည်းကောင်းမွန်စေသလို ရေထဲဒိုက်ဗင်ထိုးချတဲ့အဖြစ်ကလည်း စိတ်လှုပ်ရှားစရာ အလွန်ကောင်း ပါတယ်။

Ba Ho ဆိုတဲ့ဗီယက်နမ်စကားကတော့ ရေကူးကန်သုံးကန်ရှိတဲ့အရပ်လို့ အဓိပ္ပါယ်ရပြီး Ba Ho ရေတံခွန်က ရေတွေကလည်း အစိမ်းရောင်သန်းနေလေ့ရှိပါတယ်။ ဒါကြောင့်လည်း Ba Ho ရေတံခွန်ကိုအလည်သွားရောက်ခြင်းက ပြီးပြည့်စုံတဲ့ ခရီးစဉ်တခု ဖြစ်စေနိုင်ပါလိမ့်မယ်။

Nha Trang မြို့ မင်းလမ်းမကြီးကနေ မြောက်ဘက်အတိုင်း ၂၁ ကီလိုမီတာလောက်မောင်းလာပြီး တဲ့နောက်မှာတော့ ရွာငယ်ကလေးတရွာကိုဖြစ်ရပါလိမ့်မယ်။ ခရီးပန်းလာလို့ ဗိုက်ဆာလာခဲ့တယ် ဆိုရင်လည်း အဲ့ဒီရွာမှာ ဒေသအစားအစာတွေကို ဝယ်ယူစားသောက်နိုင်ပါသေးတယ်။ ထင်ရှားတဲ့ အစားအသောက်ကတော့ ပြောင်းဖူးဖုတ်ပါ။

စိမ်းလန်းတဲ့တောအုပ်တွေကိုဖြတ်သန်းပြီးတဲ့နောက်မှာတော့ ပထမဆုံးရေတံခွန်ဆီရောက်ပါလိမ့် မယ်။ ရေတံခွန်အောက်ခြေမှာဆိုရင်တော့ ကြည်လင်တဲ့ရေတွေနေပြီး လှပတဲ့ ရေကူးကန်ကိုတွေ့ ရ ပါလိမ့်မယ်။ ဒီရေကူးကန်ဟာ လူကပြုလုပ်ထားတာမဟုတ်ဘဲ သဘာဝအတိုင်းရှိနေတဲ့ ရေကူးကန် ပါ။

ဒီရေတံခွန်ရောက်ပြီဆိုရင်တော့ ရေကူးကန်ထဲရေစိမ်နိုင်သလို ကျောက်ကမ်းပါးယံကနေလည်း ဒိုက်ဗင်ထိုးချလို့ ရနိုင်ပါသေးတယ်။

ဒုတိယရေတံခွန်ကတော့ မြင်ကွင်းကောင်းတွေကို မြင်စေနိုင်တဲ့ ရေတံခွန်တခုဖြစ်သလို တတိယ ရေတံခွန်ကတော့ တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်အခြေအနေမျိုးကို ပေးနိုင်စွမ်းပါတယ်။

တောလမ်းခရီးတွေကို ဖြတ်သန်းရမှာဖြစ်တဲ့အတွက် လူတွေကတော့ Ba Ho ရေတံခွန်ကို မော်တော်ဆိုင်ကယ်နဲ့ လာလေ့ရှိကြပါတယ်။ ပါကင်နေရာတွေက အခမဲ့ဖြစ်ပြီး ရေတံခွန်တဝိုက် လည်ပတ်ချင်တယ်ဆိုရင်တော့ ဗီယက်နမ်ပိုက်ဆံ ၄၇၀၀၀ ကုန်ကျမှာဖြစ်ပါတယ်။

Nha Trang မြို့ကနေလာမယ်ဆိုရင်လည်း မော်တော်ဆိုင်ကယ်တွေကို နေ့လယ်ခင်းလောက်အထိ လွယ်လွယ်ကူကူ ငှားရမ်းနိုင်ပါတယ်။ ကျောက်ဆောင်တွေတက်ရတာတွေကြောင့်လည်း ဒီခရီးစဉ် ဟာ လူတယောက်ရဲ့ ခံနိုင်အားအတွက် စိန်ခေါ်မှုတရပ်ပါပဲ။

ကျောက်ဆောင်တွေတက်ရတာ ပင်ပန်းတဲ့အတွက် သောက်ရေကိုတော့ ပိုပိုသာသာဝယ်ခဲ့သင့်ပါ တယ်။ ရေတံခွန်သွားရာလမ်းတလျှောက်မှာလည်း ရေသန့်ဗူးတွေ ရောင်းချပေးနေတဲ့ ဆိုင်တွေ ရှိပါ တယ်။ ကျောက်ဆောင်တွေတက်ရမှာဖြစ်တဲ့အတွက် ခိုင်ခံ့တဲ့ဖိနပ်မျိုးကိုသာ စီးလာခဲ့သင့်ပါတယ်။

Ref:matadornetwork&discover-nhatrang

Did you find apk for android? You can find new Free Android Games and apps.
Loading