Travel

ကမ္ဘာပတ်ပြီး လမ်းလျှောက်ခဲ့ကြသူများ

Want create site? Find Free WordPress Themes and plugins.

ခရီးသွားတယ်ဆိုတာ ကောင်းတဲ့ အတွေ့အကြုံ ဆိုပေမယ့် လမ်းလျှောက်ပြီ းခရီးသွားဖို့ကတော့ တကယ်မလွယ်ကူတဲ့ ကိစ္စပါ။ ခံနိုင်ရည်အားရှိဖို့ အရေးကြီးသလို ကျန်းမာ ကြံ့ခိုင်နေဖို့လည်း လိုအပ်ပါတယ်။ ဒါပေမဲ့ လူတချို့ကတော့ ကမ္ဘာကိုပတ်ပြီး လမ်းလျှောက်ခဲ့ကြပါတယ်။ အဲဒီလူတွေရဲ့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

(၁) Dave Kunst

Dave ကို ၁၉၃၉ ခုနှစ်၊ ဇူလိုင် ၁၆ ရက်နေ့တုန်းက အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ကမ္ဘာကြီးကိုပတ်ပြီး လမ်းလျှောက်ခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ်ပါ။ သူဟာ ၁၉၇၀ ခုနှစ်၊ ဇွန်လမှာ သူ့ညီ ဖြစ်သူ ဂျွန်နဲ့ စတင် လမ်းလျှောက်ခဲ့ပါတယ်။ သူတို့ညီအစ်ကို နှစ်ယောက်ဟာ အမရိကန်နိုင်ငံကနေ စတင်လမ်းလျှောက်ခဲ့ကြတာ ဥရောပ၊ မြောက်အမေရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းတိုင်အောင်ပါပဲ။

ဝမ်းနည်းစရာကောင်းတာ တခုကတော့ အာဖဂန်နစ္စတန်နိုင်ငံကိုဖြတ်ပြီး လမ်းလျှောက်နေစဉ်မှာပဲ ဓားပြတွေရဲ့ လက်ချက်နဲ့ ဂျွန်ကွယ်လွန်ခဲ့ပါတယ်။ ဂျွန်ကွယ်လွန်ပြီးနောက်မှာတော့ Dave ဟာ နောက်ထပ်ညီတယောက်ဖြစ်တဲ့ Pete နဲ့အတူ သူ့ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။ Dave ဟာ ၄ နှစ်အကြာ ကမ္ဘာပတ်လမ်းလျှောက်ခဲ့ပြီး မိုင်ပေါင်း ၁၄၄၅၀ မိုင် လမ်းလျှောက်ခဲ့ပါတယ်။

(၂) Steven M.Newman

Steven ကို ၁၉၅၄ ခုနှစ် မေ ၃၁ ရက်နေ့တုန်းက အမေရိကန်နိုင်ငံ Bethel ရွာမှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ၁၉၈၃ ဧပြီလကနေ ၁၉၈၇ ဧပြီလအထိ ၄ နှစ်တိုင်တိုင် ကမ္ဘာပတ်ပြီး လမ်းလျှောက်ခဲ့ပါတယ်။ သူဟာ ဂျပန်၊ တောာင်ကိုရီးယား၊ ထိုင်ဝမ်အပါအဝင် နိုင်ငံပေါင်း ၂၀ ကို ကျော်ဖြတ်ပြီး လမ်းလျှောက်ခဲ့သလို သူလျှောက်ခဲ့တဲ့မိုင်ပေါင်းက ၁၅၀၀၀ ရှိခဲ့ပါတယ်။

(၃) Rosie Swale -Pope

Rosie ကို ၁၉၄၆ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ Rosie ဟာ တခြားလူတွေကို ကမ္ဘာပတ်ပြီး လမ်းလျှောက်ခဲ့သူ မဟုတ်ဘဲ ကမ္ဘာပတ်ပြီး ပြေးခဲ့သူတယောက်ပါ။ သူမဟာ အသက် ၅၇ နှစ်ပြည့်တဲ့ ၂၀၀၃ ခုနှစ်မှာပဲ သူမရဲ့ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ သူမဟာ အတ္တလန်တိတ်သမုဒ္ဒရာကိုလည်း လှေငယ်တစီးနဲ့ ဖြတ်ကူးခဲ့ပြီး တောင်တက်ခရီးကြမ်းတွေကိုလည်း တက်ခဲ့သူ တယောက်ပါ။

သူမဟာ သူမရဲ့ ခရီးအတွေ့အကြုံတွေကို ပြန်လည်ရေးသားခဲ့ရာမှာတော့ ဒီခရီးစဉ်အတွင်း ဖိနပ်အရံပေါင်း ၅၀ ကျော်ကုန်ခဲ့ပြီး မိုင် ၃၀၀၀ ကျော် ခရီးပေါက်ခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။

Ref. matadornetwork & en.wikipedia

Did you find apk for android? You can find new Free Android Games and apps.
Loading