• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

ခရီးသွားရင်း ကိုယ့်သိက္ခာ ကိုယ်ချသလို ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်များ

by ညီညီသူ
23 April 2019
in Travel
A A
ခရီးသွားရင်း ကိုယ့်သိက္ခာ ကိုယ်ချသလို ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်များ
9.8k
VIEWS
Share on FacebookShare on Twitter

နေရာကနေ တနေရာ၊ နိုင်ငံ တနိုင်ငံကနေ တနိုင်ငံ သွားရောက်တဲ့အခါ မပြုလုပ်ရမယ့် အချက်တွေ ရှိပါတယ်။ တခြားနေရာကို ဧည့်သည်အဖြစ် ရောက်သွားတဲ့အချိန်မှာ အိမ်ရှင်တွေက နွေးနွေးထွေးထွေး ကြိုဆိုကြတာ အမှန်ပါပဲ။ ဒီလိုဆို ကိုယ်ကလည်း ဧည့်သည်ကောင်း တယောက်အနေနဲ့ ပြုမူနေထိုင်သင့်ပါတယ်။

အခုဖော်ပြပေးမယ့် အဖြစ်အပျက်တွေကတော့ ခရီးသွားရင်း ကိုယ့်သိက္ခာ ကိုယ်ချသလို ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေပါ။ ဒီအဖြစ်အပျက်တွေဟာ အိမ်ရှင်တွေကိုလည်း စိတ်ထိခိုက်တဲ့ အပြုအမူ၊ ရန်စတဲ့ အပြုအမူ၊ စိတ် ဆိုးဒေါသ ထွက်စေတဲ့ အပြုအမူတွေ ဖြစ်ပါလိမ့်မယ်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
745
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.4k
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
508

နေရာတနေရာကို ခရီးသွားတဲ့အခါ လူတွေရဲ့ အာရုံစိုက်မှုက ထင်ရှားတဲ့နေရာတွေကို သွားရောက် လည်ပတ်လိုခြင်းပါ။ ဒါပေမဲ့ တချို့လူတွေအတွက်ကတော့ ထင်ရှားတဲ့ နေရာတွေကို လည်ပတ်သော်ငြားလည်း လူတွေ ကိုယ့်ကို အာရုံစိုက်လာအောင် ဘယ်လို ပြုမူရမလဲလို့ တွေးလေ့ ရှိပါတယ်။

၂၀၁၅ ခုနှစ်တုန်းကဆို ပီရူးနိုင်ငံရဲ့ ရှေးဟောင်း အဆောက်အဦတွေရှိရာ မာချူပီချူ (Machu Picchu) မှာ ခရီးသွား ၁၀ ယောက်ဟာ ဝတ်လစ်စလစ် သွားနေခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် မတိုင်ခင်တုန်းကလည်း အမေရိကန်နိုင်ငံသားနဲ့ ကနေဒါနိုင်ငံသား စုစုပေါင်း လူ ၈ ယောက်ဟာ ဒီလိုအပြုအမူမျိုးကို လုပ်ဆောင်ခဲ့ကြပါသေးတယ်။

၂၀၁၇ ခုနှစ်တုန်းကလည်း အမေရိကန်နိုင်ငံသား ၂ ယောက်ဟာ ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ ဘာသာရေး အဆောက်အဦဖြစ်တဲ့ Wat Arun မှာ ဝတ်လစ်စလစ် သွားနေခဲ့တဲ့အတွက် ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာတုန်းကလည်း ဒိန်းမတ်ဓာတ်ပုံဆရာ Andreas Hvid ဆိုသူဟာ အီဂျစ်နိုင်ငံ Giza မြို့မှာရှိတဲ့ ဂရိတ်ပိရမစ်ထိပ်မှာ မော်ဒယ်တယောက်နဲ့ လိင်ဆက်ဆံခဲ့ပါတယ်။ တကယ်တော့ ဒီအပြုအမူတွေဟာ မပြုလုပ်သင့်တဲ့ အပြုအမူတွေပါ။ ဒါဟာ သက်ဆိုင်ရာနိုင်ငံကို စော်ကားတာနဲ့ တူတူပါပဲ။

၂၀၁၇ ခုနှစ်တုန်းက စပိန်နိုင်ငံမှာ ခရီးသွားတယောက်က လင်းပိုင်သားပေါက်လေးကို ရေထဲက ဆယ်ယူပြီး Selfie ရိုက်ကူးခဲ့တဲ့အတွက် လင်းပိုင်သားပေါက်ကလေး သေဆုံးခဲ့ရပါတယ်။ တကယ်တော့ ဒီလိုဝမ်းနည်းစရာ ကောင်းတဲ့ဖြစ်ရပ်တွေက အခုမှ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။

၂၀၁၆ ခုနှစ်တုန်းကလည်း အာဂျင်တီးနားနိုင်ငံကို အပန်းဖြေစခန်းတခုမှာ လင်းပိုင် ၂ ကောင် ရေကူးနေခဲ့ပါတယ်။ ဒါကိုမြင်တဲ့ စည်းမဲ့ကမ်းမဲ့ ခရီးသွားတွေက လင်းပိုင် ၂ ကောင်အနက်က တကောင်ကို ဖမ်းယူပြီး Selfie ရိုက်ကူးခဲ့ကြတဲ့အတွက် လင်းပိုင် ၁ ကောင် သေဆုံးခဲ့ရပါတယ်။ ဒီလိုပြုမူတာတွေဟာ လင်းပိုင်တွေအပေါ်မှာသာ မဟုတ်ပါဘူး။ တခြားတိရစ္ဆာန်တွေလည်း စည်းကမ်းမဲ့ခရီးသွားတွေရဲ့ အပြုအမူတွေကြောင့် သေဆုံးခဲ့ရတာတွေ ရှိပါသေးတယ်။

တရုတ်နိုင်ငံရဲ့ Kunming တိရစ္ဆာန်ဥယျာဉ်မှာလည်း ဒေသခံခရီးသွားတယောက်က ဥဒေါင်းငှက် စုံတွဲကိုဖမ်းယူပြီး Selfie ရိုက်ကူးခဲ့တဲ့အတွက် ဥဒေါင်းငှက်တွေ သေဆုံးခဲ့ရပါသေးတယ်။ ရမ်းကားတဲ့ အပြုအမူတွေကို ပြုမူမယ်ဆိုရင်တော့ မတော်တဆကိစ္စတွေကိုလည်း ကြုံရမှာအမှန်ပါပဲ။

ဂျပန်နိုင်ငံကိုအလည်အပတ်သွားတဲ့ တရုတ်ခရီးသွားတွေဟာ ဂျပန်လူမျိုးတွေ တယုတယ စိုက်ပျိုးထားတဲ့ ပန်းပင်ပေါ်တက်ပြီး ပန်းတွေကိုခြွေချခဲ့ကြပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ဒီပန်းတွေနဲ့ ဓာတ်ပုံကောင်း တပုံရိုက်ရဖို့ အတွက်ပါ။ အဲဒါရဲ့ ရလဒ်ကတော့ သူတို့စီးရမယ့် လေယာဉ်ဆီ အချိန်မီ မရောက်နိုင်ခဲ့တာပါ။ လေယာဉ်ကွင်းကိုရောက်သွားတဲ့အခါမှာတော့ စိတ်ဆိုးနေတဲ့လူဝင်မှု ကြီးကြပ်ရေးဌာနရဲ့လူတွေကိုသာတွေ့ရပြီး ဒဏ်ငွေလည်း ရိုက်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း နယူးဇီလန်နိုင်ငံက ဟိုတယ်တခုဟာ စည်းကမ်းမဲ့ ခရီးသွား ၁၂ယောက်ကြောင့် တုန်လှုပ်စရာအဖြစ်ကို ရင်ဆိုင်ခဲ့ရပါသေးတယ်။ အဲဒီအဖြစ်အပျက်ကတော့ ဟိုတယ်ခန်းခ၊ စားသောက်စရိတ်စတာတွေကို မပေးတဲ့အပြင် ဟိုတယ်ဝန်ထမ်းတွေရဲ့ အသက်ကိုပါ ခြိမ်းခြောက်ခဲ့တာပါ။

တကယ်တော့ ဒီလိုအပြုအမူတွေဟာ မလုပ်သင့်တဲ့ အပြုအမူတွေပါ။ ဒီလိုအပြုအမူတွေကို လုပ်ဆောင်ခြင်းအားဖြင့် နိုင်ငံရဲ့ ဂုဏ်သိက္ခာကျသလို တဦးချင်းအနေနဲ့လည်း အရှက်ရဖွယ်ကောင်းတဲ့ ကိစ္စတွေပါ။

Ref : cnalifestyle

Your Thoughts …
Tags: ခရီးသွားသိက္ခာ
ညီညီသူ

ညီညီသူ

Similar Picks:

ငပလီတွင် ပိတ်မိနေသူများအား ကုန်းလမ်းမှတဆင့် ပြန်ခွင့်ပြုနေ

ငပလီတွင် ပိတ်မိနေသူများအား ကုန်းလမ်းမှတဆင့် ပြန်ခွင့်ပြုနေ

by The Irrawaddy
15 November 2023
4.1k

ရခိုင်ပြည်နယ်သို့ ဝင်ရောက်နိုင်သည့် ဝင်ပေါက်များအားလုံး ပိတ်လိုက်သဖြင့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ငပလီကမ်းခြေသို့ လာရောက် အပန်းဖြေကြမည့် ခရီးစဉ်များ၊ ကြိုတင်မှာယူထားသည့် အခန်းများအားလုံးကို ဖျက်သိမ်းကာ ငွေပြန်အမ်းနေခြင်းများကို ပြုလုပ်နေရသည်

အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

by လူထုစိန်ဝင်း
17 September 2023
2.1k

အချစ်ဆိုတာ ဖရောင်းတိုင်နဲ့ တူပါတယ်။ မူလ ဖရောင်းတိုင်ကနေ နောက်ထပ် ဖရောင်းတိုင်တွေ ဘယ်နှစ်တိုင်ပဲ ကူးယူ ကူးယူ၊ မူလ ဖရောင်းတိုင်ရဲ့ အလင်းအား လျော့ကျသွားတယ်လို့ မရှိပါဘူး။

“ရိုသေလေးစားမှု” ဟာ အချစ်ရဲ့ ဝိညာဉ်

“ရိုသေလေးစားမှု” ဟာ အချစ်ရဲ့ ဝိညာဉ်

by လူထုစိန်ဝင်း
5 November 2023
853

အဲဒီ ဖြစ်တည်လာတဲ့ အချစ်ကလေး အမြဲတမ်း ရှင်သန် လန်းဆန်းနေဖို့ အတွက် တဦးနဲ့ တဦး “ရိုသေလေးစားမှု” ဆိုတာ မရှိမဖြစ်ကို လိုအပ်ပါတယ်။

လေဘာတီ မမြရင်

လေဘာတီ မမြရင်

by စောမုံညင်း
16 June 2024
510

သူသည် အနုပညာနှင့် ပုဂ္ဂိုလ်ရေးကို စည်းခြား ကန့်သတ်ထားသူ ဖြစ်၏။ သူ့ကိုယ်သူ အဖိုးတန်အောင် နေတတ်ပြီး တန်ဖိုးနှင့် သိက္ခာကို စောင့်ထိန်းတတ်သူလည်း ဖြစ်သည်။

ခရီးသွားမယ်ဆိုရင် First Aid Kit (ခေါ်) "ကျန်မာရေးဆေးအိတ်" ကို မဖြစ်မနေ ယူသွားသင့်ပါတယ်

ခရီးသွားရင် မပါမဖြစ် ယူသွားသင့်တဲ့ First Aid Kit (ခေါ်) “ကျန်မာရေးဆေးအိတ်”

by ညီညီသူ
31 May 2019
19.7k

မိမိက အစားအသောက် အချို့နဲ့ ဓာတ်မတည့်ရောဂါ ရှိသူဆိုရင် မိမိသုံးစွဲနေကျ ဆေးတွေကိုလည်း မမေ့မလျော့ ထည့်သွားသင့်ပါတယ်။

ပြင်သစ်နိုင်ငံ

နိုင်ငံတကာ ခရီးသွားဧည့်သည် လာရောက်မှု အများဆုံး ၁၀ နိုင်ငံ

by ညီညီသူ
29 May 2019
15.8k

ပြင်သစ်နိုင်ငံမှာ နေထိုင်သူတွေအတွက်ဆိုရင် ဘဝနေထိုင်မှု အခွင့်အလမ်းပေါင်းများစွာလည်း ရှိနေပါတယ်။ ဒီအချက်တွေကြောင့်လည်း ပြင်သစ်နိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံတကာခရီးသွားအရေအတွက်က အများဆုံးဖြစ်နေရတာပါ။

Next Post
နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံး  / ထက်နိုင်ဇော် / ဧရာဝတီ

ရိုက်တာ သတင်းထောက် ၂ ဦး၏ အမှု ပြင်ဆင်ချက်အယူခံ တရားလွှတ်တော်ချုပ် ပယ်ချ

ကဖင်းဓာတ်ကို သောက်တာများရင်လည်း လက်တုန်ခြင်း ဖြစ်တတ်ပါတယ်

လက်တွေ မကြာခဏ တုန်ယင်နေရတဲ့ အကြောင်းအရင်းများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate