ကမ္ဘာအနှံ့က ကျွန်းတချို့ဟာ တဖြည်းဖြည်းနဲ့ ရေအောက်ကို နစ်မြုပ်နေကြပါတယ်။ အရမ်းလှပတဲ့ ကျွန်းအချို့ဟာ လာမယ့် နှစ်ပေါင်း ၈၀ အတွင်း ရေအောက်ကို လုံးဝမြုပ်သွားနိုင်ချေ ရှိနေပါတယ်။ ဒါကြောင့် ကမ္ဘာကြီးက ပေးတဲ့ သဘာဝအလှတွေကို မပျောက်ကွယ်သွားခင် သွားရောက် လည်ပတ်နိုင်အောင် ဖော်ပြပေးချင်ပါတယ်။
(၁) Solomon ကျွန်း
တောင်ပစိဖိတ်သမုဒ္ဒရာထဲမှာ တည်ရှိတဲ့ Solomon ကျွန်းဟာ ကျွန်းအငယ်ပေါင်း ၁၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ကျွန်းတကျွန်း ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်က စတင်ပြီး ပင်လယ်ရေမျက်နှာပြင်ဟာ ၈ မီလီမီတာခန့် နှစ်စဉ်မြင့်တက်နေတယ်လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ်က ပြုလုပ်တဲ့ လေ့လာချက်တွေအရ သန္တာကျောက်တန်းကျွန်း ၅ ကျွန်းလောက်ဟာ ရေအောက်မှာ တိမ်မြုပ်သွားပြီလို့ သိရပါတယ်။
(၂) Maldives ကျွန်း
အိန္ဒိယ သမုဒ္ဒရာထဲမှာတည်ရှိပြီး လူသိများကျော်ကြားတဲ့ Maldives ကျွန်းဟာ ရေအောက်ကို ရောက်ဖို့ နီးကပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ပင်လယ်ရေ မြင့်တက်လာမှုတွေကို အချိန်မီ မတားဆီးနိုင်ဘူးဆိုရင် ဒီကျွန်းဟာ ၂၁၀၀ ပြည့်နှစ်မှာ လုံးဝ နစ်မြုပ်သွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
(၃) Palau ကျွန်း
တောင်ပစိဖိတ်သမုဒ္ဒရာထဲက Palau ကျွန်းက ရေမျက်နှာပြင်ဟာလည်း မြင့်တက်နေတယ်လို့ အဲဒီကျွန်းက ပြုလုပ်တဲ့ စာတမ်းတွေအရ သိရပါတယ်။ တနှစ်ကို ၀ ဒဿမ ၃၅ လက်မ ခန့် နစ်မြုပ်နေပြီး ဒီပုံအတိုင်း ရေမျက်နှာပြင်ဆက်ပြီး မြင့်တက်လာမယ်ဆိုရင် ၂၀၉၀ ပြည့်နှစ်မှာ နစ်မြုပ်သွားမှာ ဖြစ်ပါတယ်။
(၄) Cook ကျွန်း
ယခင်က ဟာဝိုင်အီကမ်းခြေလို ဧည့်သည်တွေလာရောက်လေ့ရှိတဲ့ Cook ကျွန်းဟာ အခုအချိန်မှာ ဧည့်သည်လာရောက်မှု နည်းပါးလာပြီလို့ သိရပါတယ်။ ၂၀၉၀ ခုနှစ်မှာ တကျွန်းလုံး မြုပ်နိုင်ချေရှိတယ်လို့ိ ဆိုပြီး အခုအချိန်မှာဆိုရင် Cook ကျွန်းဟာ ပင်လယ်ရေမြင့်တက်လာမှုကြောင့် လမ်း၊ တံတား၊ ဆိပ်ကမ်းများ ပျက်စီးမှုတွေကို ကြုံတွေ့နေရပါတယ်။
Ref. rd.com
You may also like these stories:
အရှေ့တောင်အာရှရဲ့ အလှပဆုံးဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက Palawan ကျွန်း
လေယာဉ် မတော်တဆမှုနဲ့ ကြုံတွေ့ရင် လိုက်နာရမယ့် အချက်များ
နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေအများကြီးရှိတဲ့ ထူးဆန်းတဲ့ ကျွန်းများ
အရှေ့တောင်အာရှ ခရီးသွားဒေသများ ဈေးနှုန်းမြင့်လာ