Instagram နဲ့ ခရီးသွား ဝက်ဘ်ဆိုက်တွေကို လေ့လာပြီး ရရှိလာတဲ့ စာရင်းတွေအရ ကမ္ဘာပေါ်မှာ ခရီးသွားတွေ သွားရောက် လည်ပတ်မှု အများဆုံးကမ်းခြေတွေကို သိရှိရပါတယ်။ TripAdvisor က ရရှိတဲ့ Review တွေနဲ့အတူ လည်ပတ်မှု အများဆုံးဖြစ်တဲ့ ကမ်းခြေတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Whitehaven ကမ်းခြေ
ရဟတ်ယာဉ်၊ မော်တော်ဘုတ်၊ ရေပေါ်ပြေး လေယာဉ်တွေနဲ့သာ သွားရောက်နိုင်တဲ့ Whitehaven ကမ်းခြေဟာ Instagram မှာ လူကြိုက်အများဆုံး ကမ်းခြေဖြစ်ပါတယ်။ သြစတေးလျနိုင်ငံမှာ တည်ရှိပြီး သွားရောက် လည်ပတ်ဖို့အတွက် အခန်းယူတာတွေကို လနဲ့ချီပြီး ကြိုတင်ပြုလုပ်ရတယ်လို့ ဆိုပါတယ်။ သဲသောင်လှလှတွေ ရှိတဲ့ ဒီကမ်းခြေဟာ လည်ပတ်မှုအများဆုံး ကမ်းခြေတွေထဲမှာ နံပါတ် ၁ နေရာက ရပ်တည်နေပါတယ်။
(၂) Lanikai ကမ်းခြေ
ဟာဝိုင်အီမှာ တည်ရှိတဲ့ ဒီကမ်းခြေရဲ့ နာမည်ဟာ ကောင်းကင်ဘုံ လို့ အဓိပ္ပာယ်ရပါတယ်။ ဟာဝိုင်အီကမ်းခြေတလျှောက် ရေအကြည်ဆုံး ကမ်းခြေဖြစ်ပြီး နေဝင်၊ နေထွက်ကြည့်ဖို့ သွားရောက်ကြတာ များတယ်လို့ သိရပါတယ်။ သန္တာကျောက်တန်းတွေကို ကြည့်ရှုဖို့ ရေငုပ်ကြတဲ့သူတွေလည်း အများကြီး လာရောက်လေ့ ရှိပါတယ်။
(၃) Cayo Coco ကမ်းခြေ
ကျူးဘားနိုင်ငံမှာ ရှိတဲ့ Cayo Coco ကမ်းခြေဟာ လှပတဲ့ သဲသောင်ပြင်တွေရှိပြီး ကြိုးကြာငှက်ရိုင်းတွေ နေပူစာလှုံဖို့ လာရောက်လေ့ရှိတယ်လို့ ဆိုပါတယ်။ ရုပ်ရှင်တွေ လာရောက် ရိုက်ကူးလေ့ရှိတဲ့ ကမ်းခြေဖြစ်ပြီး သန္တာကျောက်တန်းလှလှတွေ ရှိတာကြောင့် ရေငုပ်သူတွေ အလာများတယ်လို့ သိရပါတယ်။
(၄) Pink Sands ကမ်းခြေ
နာမည်မှာ ပါတဲ့ အတိုင်းပါပဲ။ အပန်းရောင် သဲသောင်ပြင်ကြီး ရှိနေတဲ့ Pink Sands ကမ်းခြေဟာ သာမန်ကမ်းခြေတွေထက် လူစိတ်ဝင်စားမှု များပါတယ်။ ဒီကမ်းခြေမှာ မြင်းစီးဖို့ လာရောက်သူတွေ များပြီး ကြင်စဦး ဇနီးမောင်နှံတွေလည်း လာရောက်တာ များတယ်လို့ သိရပါတယ်။ ကြည်လင်နေတဲ့ ရေ၊ လှပတဲ့ သဲသောင်တို့ကြောင့် နာမည်ကျော်တဲ့ ကမ်းခြေတခုလည်း ဖြစ်ပါတယ်။
Ref. rd.com
You may also like these stories:
လာမယ့် နှစ်ပေါင်း ၈၀ အတွင်း ပျောက်ဆုံးသွားနိုင်တဲ့ ကျွန်းများ
ရုပ်ဆိုးသွားတဲ့ အလှဘုရင်မ ငပလီကမ်းခြေ
အမျိုးသမီးတွေအနေနဲ့ ဘေးကင်းကင်း လည်ပတ်နိုင်တဲ့ နိုင်ငံများ
ကမ္ဘာပေါ်က အလှဆုံး နိုင်ငံများ