အရှေ့တောင် အာရှဒေသတွေဟာ အရောင်အသွေး စုံလင်လှပတဲ့အပြင် အဆက်မပြတ် ပြောင်းလဲနေတဲ့ မြင်ကွင်းတွေကြောင့် ခရီးသွားတွေ သဘောကျတဲ့ဒေသ ဖြစ်ပါတယ်။ အရှေ့တောင်အာရှက အစားအသောက်တွေကလည်း ခရီးသွားတွေ သဘောကျတဲ့အပြင် စိမ်းလန်းတဲ့ တောအုပ်တွေထဲမှာ ဆိုရင်လည်း ရှေးကျတဲ့ ဘုရားကျောင်းပေါင်းများစွာ ရှိနေပါသေးတယ်။
ဒါတွေအပြင် မိုးမျှော်တိုက်တွေနဲ့ အနာဂတ်ကမ္ဘာကြီးဆီ သွားနေကြတဲ့ ဒေသလည်း ဖြစ်ပါတယ်။ တကယ်လို့ အရှေ့တောင်အာရှက ဒေသတွေဆီကို တယောက်တည်း ခရီးထွက်ဖို့ ရည်ရွယ်ထားသူတွေအတွက် အသင့်တော်ဆုံး ဒေသတွေကို မိတ်ဆက်ပေးချင်ပါတယ်။
(၁) Cameron Highlands
အရှေ့တောင်အာရှက ဒေသအများစုကို ခရီးသွားတွေက ပူအိုက်လွန်းတယ်လို့ ဆိုလေ့ ရှိကြပါတယ်။ ဒါပေမယ့် မလေးရှားနိုင်ငံမှာရှိတဲ့ Cameron Highland ဒေသကတော့ ပင်လယ်ရေမျက်နှာပြင် အထက် ၂၆၀၀ နဲ့ ၅၂၀၀ ကြားရှိတဲ့ ဒေသတခုပါ။ တောင်တက်ခရီးကြိုက်သူတွေအတွက် အလွန် သင့်တော်တဲ့ ဒေသပါပဲ။
အဲဒီဒေသဟာ စီးပွားရေးစနစ်တွေနဲ့ ဝေးကွာလွန်းတဲ့ နေရာတခု ဖြစ်သလို သစ်ပင်ပန်းမန်တွေနဲ့ အလွန်တင့်တယ်တဲ့ ဒေသပါ။ Pahang ပြည်နယ်အတွင်းမှာရှိတဲ့ Cameron Highland က တောင်စောင်းတွေမှာဆိုရင်လည်း လက်ဖက်စိုက်ခင်းတွေက တမျှော်တခေါ်နဲ့ အရမ်းကို လှပလွန်းပါတယ်။
(၂) မန္တလေးတောင်
မြန်မာနိုင်ငံက အထင်ကရ မန္တလေးတောင်ဟာလည်း တကိုယ်တော် ခရီးထွက်ချင်သူတွေအတွက် အဆင်ပြေတဲ့ ဒေသပါ။ မန္တလေးတောင်ပေါ်ရှိ ဘုရားရင်ပြင်ကနေ လှမ်းကြည့်လိုက်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အသက် သွေးကြောကြီး ဖြစ်တဲ့ ဧရာဝတီမြစ်ကြီးနဲ့ မန္တလေးမြို့အလှအပတွေနဲ့ တဖက်တခြမ်းက ကျေးလက်ဒေသ ရှုခင်းတွေကိုလည်း မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
(၃) Kampot
ကမ္ဘောဒီးယားနိုင်ငံ တောင်ဘက်ပိုင်းမှာရှိတဲ့ Kampot မြို့လေးဟာ မြို့ငယ်လေး တမြို့ပါ။ ဒါပေမယ့် ခရီးသွား အများစုကတော့ အဲဒီမြို့ကလေးကို အလည်လာရောက်လေ့ ရှိကြပြီး တချို့ကျတော့လည်း ကိုယ့်အရပ်ဆီ မပြန်ကြတော့ပါဘူး။
အနီးအနားမှာဆိုရင်လည်း Kep ကမ်းခြေရှိနေသလို Bakor တောင်တန်းရဲ့သစ်တောနဲ့ ရေတံခွန်တွေကလည်း စိတ်ကြည်နူးစရာပါ။ အဲဒီဒေသရဲ့ နာမည်အကျော်ဆုံးကတော့ ငရုတ်ကောင်း စိုက်ခင်းတွေပါ။ Kampot မြို့ဟာ တယောက်တည်း ခရီးသွားသူတွေအဖို့ကတော့ အန္တရာယ် မရှိတဲ့ နေရာပါ။ နောက်ပြီး တယောက်နဲ့တယောက် မိတ်ဆွေဖွဲ့ဖို့ကလည်း လွယ်ကူပါတယ်။
(၄) Cu Chi ဥမင်များ
ဟိုချီမင်းမြို့ပြင်မှာရှိတဲ့ Cu Chi ဥမင်တွေဟာဆိုရင်လည်း ဗီယက်နမ် စစ်ပွဲကြီးရဲ့ ဇာတ်လမ်းတွေကို ပြောပြနေတဲ့ အစိတ်အပိုင်းတခုပါ။ မြေအောက်ကွန်ရက်အဖြစ် ဆောက်လုပ်ခဲ့တဲ့ Cu Chi ဥမင်လမ်းတွေဟာ Viet Cong တွေအတွက် အရေးပါတဲ့ စစ်ရေးဗျူဟာတခု ဖြစ်ခဲ့ပါတယ်။
အဲဒီ ဥမင်တွေထဲမှာဆိုရင်တော့ ရှုပ်ထွေးတဲ့ ထောင်ချောက်တွေအပြင် ဆေးရုံကစလို့ ပြဇာတ်ရုံတွေအထိရှိပါတယ်။ အဲဒီဥမင်တွေဆီ အလည်သွားမယ်ဆိုရင်တော့ နေရာ ၂ နေရာ ရှိပါတယ်။ Ben Dinh နဲ့ Ben Duoc ဆိုတဲ့ အပိုင်းပါ။
Ref; theculturetrip
You may also like these stories:
အင်ဒိုနီးရှားနိုင်ငံက အထင်ကရနေရာများ
ဂျာမေကာနိုင်ငံကို သွားလည်တဲ့အခါ ရှောင်ကြဉ်ရမယ့် အချက်များ
နေ့လယ်စာစားပြီး အိပ်ငိုက်နေရင် ပြုလုပ်ရမယ့် အရာများ
မစ်ကီ နှစ် ၉၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြေးဆွဲမယ့် ဂျပန်ကျည်ဆံရထား ခရီးစဉ်