အီတလီနိုင်ငံဟာ အစားအသောက် ကောင်းမွန်ရုံသာမက အံ့သြစရာကောင်းတဲ့ အနုပညာ၊ ကြွယ်ဝတဲ့ဘာသာစကား လှပတဲ့ ရှုခင်းတွေ ပေါများတဲ့ နိုင်ငံတနိုင်ငံပါ။ ဒါတွေအပြင် လှပတဲ့ ကမ်းရိုးတန်း မြစ်ချောင်း စတာတွေ ဝိုင်းရံနေတဲ့ သာယာလှပတဲ့ မြို့ ရွာတွေကလည်း အများအပြားပါပဲ။ အခုဖော်ပြပေးမယ့် နေရာတွေကတော့ အီတလီနိုင်ငံရဲ့ အလှဆုံး ကျေးရွာတွေပါ။
(၁) Marina Corricella
Marina Corricella ကျေးရွာကတော့ ရှေးကျတဲ့ တံငါရွာလေး တရွာပါ။ ကျေးရွာမှာရှိတဲ့ နေအိမ်တွေကို အဝါ၊ အပန်း၊ အပြာ၊ အစိမ်း စတာတွေနဲ့ ခြယ်သထားကြပါတယ်။ ဆိပ်ကမ်းတွေမှာဆိုရင်လည်း သစ်သား ငါးဖမ်းစက်လှေ၊ ငါးဖမ်းပိုက်ကွန်တွေ စီတန်းနေပြီး များသောအားဖြင့်ကတော့ ငါးဖမ်းနေကြသူတွေနဲ့အတူ အော်ဟစ် ငါးရောင်းနေသူတွေနဲ့ စည်ကားနေတာကို တွေ့ရမှာပါ။
(၂) Marzamemi
စစ္စလီကျွန်း အရှေ့တောင်ဘက်မှာတည်ရှိတဲ့ Marzamemi ရွာလေးဟာ သေးငယ်တဲ့ ရွာလေး တရွာဖြစ်ပြီး အာရပ်တွေ နေထိုင်ကြတဲ့ ရွာလေး တရွာပါ။ အာရပ်စတိုင် ဆောက်လုပ်ထားတဲ့ အဝါနဲ့ မီးခိုးရောင် ကျောက်တုံးတွေကြောင့် ခမ်းနားထည်ဝါတဲ့ ကျေးရွာ တရွာပါ။ ပီဇာကောင်းကောင်း ရနိုင်သလို နာမည်ကြီးရှေးဟောင်း Tonnara ဒါမှမဟုတ် တူနာငါးစက်ရုံကိုလည်း တွေ့ရနိုင်ပါသေးတယ်။
(၃) Castelrotto
အီတလီနိုင်ငံမြောက်ပိုင်းရဲ့ Tyrol တောင်ပိုင်းမှာ တည်ရှိပါတယ်။ Castelrotto ဟာ တချိန်တုန်းကတော့ Austro-Hungarian အင်ပိုင်ယာရဲ့ နယ်မြေတခုဖြစ်ခဲ့ပြီး မြောက်ပိုင်းယဉ်ကျေးမှုနဲ့ မြေထဲပင်လယ် ယဉ်ကျေးမှုတွေ ပေါင်းစပ်ထားတဲ့ ရွာတရွာပါ။
(၄) Ventotene
၂ ကီလိုမီတာ ရှည်လျားတဲ့ ဒီကျွန်းကတော့ ရောမမြို့နဲ့နီးပြီး တချိန်တုန်းကတော့ အကျဉ်းသားတွေ ကာမဂုဏ်လွန်ကျူးတဲ့ အမျိုးသမီးတွေနဲ့ ဖက်ဆစ် ဆန့်ကျင်သူတွေအတွက် အကျဉ်းထောင် ဖြစ်ခဲ့ဖူးပါတယ်။ ဒီကျွန်းပေါ်မှာရှိတဲ့ နေအိမ်အများစုကိုတော့ ရှေးတုန်းက အကျဉ်းသားတွေ ဝတ်ဆင်လေ့ ရှိကြတဲ့ လိမ္မော်ရောင်နဲ့ အပန်းရောင်ဆေးတွေကို သုတ်ထားတတ်ကြပါတယ်။
ဥရောပသမဂ္ဂကို တည်ထောင်ခဲ့သူဖြစ်တဲ့ အီတလီနိုင်ငံရေး သမားတယောက် Altiero Spinelli ကလည်း Vantotene ကြေညာစာတမ်းကို ဒီရွာကလေးမှာပဲ တခြားသူတွေနဲ့အတူ ပူးတွဲရေးသားခဲ့ပါတယ်။
Ref: edition.cnn
You may also like these stories:
ဖိလစ်ပိုင်နိုင်ငံက လူကြိုက်များတဲ့ နေရာ ၈ ခု
ကမ္ဘာပေါ်က အလှဆုံး နိုင်ငံများ
ဥရောပမှာ လူသိနည်းသေးတဲ့ လှပတဲ့မြို့များ
လူအရောက် နည်းပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ ဒေသများ