အပန်းဖြေခရီး ထွက်ကြတဲ့အခါ လူတွေက ကမ်းခြေဆီကို အပန်းဖြေခရီး ထွက်ကြဖို့ ပထမဦးဆုံး ရွေးချယ်လေ့ ရှိကြပါတယ်။ ဒါကြောင့်လည်း အန္တရာယ်ကင်းတဲ့ ကမ်းခြေတွေကို ရွေးချယ်တတ်ဖို့ လိုပါတယ်။
ကမ်းခြေတိုင်းကတော့ လှပပြီး အပန်းဖြေချင်စရာကောင်းတာတော့ အမှန်ပါ။ ဒါပေမယ့် တချို့ကမ်းခြေတွေက အပန်းဖြေဖို့အတွက် အန္တရာယ် ရှိပါတယ်။ အခုဖော်ပြပေးမယ့် ကမ်းခြေတွေကတော့ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး ကမ်းခြေတွေပဲ ဖြစ်ပါတယ်။
(၁) Reunion Island (ပြင်သစ်နိုင်ငံ)
Madagascar နိုင်ငံ အရှေ့ဘက်ခြမ်းမှာရှိတဲ့ Reunion ကျွန်းကလည်း အန္တရာယ်အရှိဆုံ းစာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒီကျွန်းဟာ ရေလွှာလှိုင်းစီး ကစားသူတွေအတွက် အကျိုးကျေးဇူး ရှိတာကတော့ အမှန်ပါ။ ဒါပေမယ့် ဒီကျွန်းဧရိယာအများစုမှာ ငါးမန်းတွေ နေထိုင်ကျက်စားလေ့ ရှိပြီး ရေလွှာလှိုင်းစီး ကစားသူတွေကိုလည်း မကြာခဏဆိုသလို တိုက်ခိုက်လေ့ ရှိတတ်ပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကစပြီး ငါးမန်း ကိုက်ခံရသူ အရေအတွက်က ပိုပိုတိုးလာခဲ့ပါတယ်။
(၂) Girgaum Chowpatty Beach (အိန္ဒိယနိုင်ငံ)
အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ရဲ့ အကြီးမားဆုံး ပြဿနာက မိလ္လာစနစ်ပါ။ မိလ္လာစနစ် မကောင်းမွန်တဲ့အတွက် မိလ္လာရည်တွေဟာ သမုဒ္ဒရာထဲကို စီးဝင်သွားလေ့ ရှိတတ်ပါတယ်။ ဒါကြောင့်လည်း မွမ်ဘိုင်းမြို့မှာရှိတဲ့ Girgaum Chowpatty ကမ်းခြေကလည်း ကမ္ဘာပေါ်မှာ အညစ်ပတ်ဆုံး ကမ်းခြေ စာရင်းထဲ ပါဝင်တဲ့အတွက် အလည်အပတ် သွားရောက်ဖို့ မသင့်တော်ပါဘူး။ ဘက်တီးရီးယားပေါင်း များစွားဟာ ကမ်းခြေသဲသောင်ပြင်နဲ့ ရေတွေထဲမှာ ရှိနေပါတယ်။
(၃) Mindanao Island (ဖိလစ်ပိုင်)
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ Mindanao ကျွန်းကတော့ သန့်ရှင်းပြီး သာယာလှပတဲ့ ကျွန်းတကျွန်းဖြစ်ပြီး အနားယူ အပန်းဖြေလို့လည်း ကောင်းတဲ့ နေရာ တနေရာပါ။ ဒါပေမယ့်လည်း မကြာသေးခင် နှစ်တွေအတွင်းမှာတော့ အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်မှုတွေကြောင့် အနားယူ အပန်းဖြေဖို့ မသင့်တော်တဲ့စာရင်းထဲ ပါဝင်လာခဲ့ပါတယ်။
ဒီကျွန်းဧရိယာဟာ အစွန်းရောက် အကြမ်းဖက်သမားတွေနဲ့ အစိုးရတပ်တွေ မကြာခဏ ဆိုသလို တိုက်ပွဲဖြစ်ပွားနေတဲ့ ကျွန်းပါ။ ဒါကြောင့်လည်း ကမ်းခြေတွေဆီ အလည်အပတ်သွားမယ်ဆိုရင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက Mindanao ကျွန်းဆီ မသွားရောက်သင့်ပါဘူး။
(၄) Hanakapiai Beach (အမေရိကန်ပြည်ထောင်စု)
Hanakapiai ကမ်းခြေကတော့ ကမ္ဘာပေါ်မှာ ရေကူးဖို့ မသင့်တော်တဲ့ ကမ်းခြေတခုပါ။ ရေကူးသမားတွေ အတွက် အန္တရာယ် တအားများတဲ့ ကမ်းခြေပါ။ အန္တရာယ်များရတဲ့ အကြောင်းကတော့ မြင့်မားပြီး အရှိန်တအားပြင်းတဲ့ လှိုင်းလုံးတွေကြောင့်ပါ။ ၁၉၇၀ ပြည့်နှစ်ကနေစပြီး အခုအချိန်အထိ လူပေါင်း ၂၉ ယောက်ဟာ လှိုင်းလုံးတွေကြောင့် သေဆုံးခဲ့ရ ပြီးပါပြီ။ ရေကူးဖို့ မသင့်တော်ပေမယ့်လည်း ကမ်းခြေတလျှောက် လမ်းလျှောက်လို့တော့ ကောင်းပါတယ်။
ဒါကြောင့်လည်း ဒီကမ်းခြေကို အလည်သွားရောက်မယ်ဆိုရင် ရေကူးဖို့မကြိုးစားဘဲ ကမ်းခြေတလျှောက် လမ်းလျှောက်ဖို့သာ စဉ်းစားသင့်ပါတယ်။
Ref. celebspulse
You may also like these stories:
ကမ္ဘာအနှံ့က အန္တရာယ်အများဆုံး လေဆိပ်များ
လာမယ့် နှစ်ပေါင်း ၈၀ အတွင်း ပျောက်ဆုံးသွားနိုင်တဲ့ ကျွန်းများ
ခရီးသွားရင်း လူသေဆုံးမှု အဖြစ်အများဆုံး နေရာများ
နိုင်ငံတကာကို ခရီးသွားတဲ့အခါ ရှောင်ကြဉ်ရမယ့် အချက်များ