• English
Wednesday, July 9, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

နိုင်ငံတကာ ခရီးသွားဧည့်သည် လာရောက်မှု အများဆုံး ၁၀ နိုင်ငံ

by ညီညီသူ
29 May 2019
in Travel
A A
ပြင်သစ်နိုင်ငံ

ပြင်သစ်နိုင်ငံ

15.8k
VIEWS
Share on FacebookShare on Twitter

ခရီးသွားခြင်းဟာ လူတွေရဲ့စိတ်ကို လန်းဆန်းတက်ကြွစေသလို မမြင်ဖူးတဲ့ အသစ်အဆန်းတွေကိုလည်း မြင်တွေ့နိုင်ဖို့ အခွင့်အရေး ရှိတဲ့အတွက် ဗဟုသုတများစွာကို တိုးပွားစေနိုင်ပါတယ်။ အခုဖော်ပြပေးမယ့် နိုင်ငံတွေကတော့ နိုင်ငံတကာခရီးသွား ဧည့်သည် ဝင်ရောက်မှု အများဆုံး နိုင်ငံတွေရဲ့ စာရင်းပါ။

(၁) ပြင်သစ်နိုင်ငံ

RelatedPosts

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
2.9k
အရှေ့ နှင့် အနောက်

အရှေ့ နှင့် အနောက်

6 July 2025
407
မော်စီတုန်း

မော်စီတုန်း

5 July 2025
1.1k

နိုင်ငံတကာ ခရီးသွားဧည့်သည် ဝင်ရောက်မှု အများဆုံး နိုင်ငံတွေရဲ့ စာရင်းမှာ ပြင်သစ်နိုင်ငံဟာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ ပြင်သစ်နိုင်ငံကို နှစ်စဉ်လာရောက်ကြတဲ့ နိုင်ငံတကာ ခရီးသွားဧည့်သည် ပမာဏက ၈၆ ဒဿမ ၉ သန်း ရှိပါတယ်။ ပြင်သစ်နိုင်ငံရဲ့ အကောင်းမွန်ဆုံးအရာကတော့ အစားအသောက်ပါပဲ။ ပြင်သစ်အစားအစာတွေဟာ ကမ္ဘာပေါ်မှာ နာမည်ကြီးပါတယ်။ နိုင်ငံတကာ ခရီးသွားတွေကို နောက်ထပ်ဆွဲဆောင်တဲ့ အချက်တွေကတော့ နှင်းလျှောစီးတာနဲ့ သဘာဝ ကမ်းခြေတွေကြောင့်ပါ။

ယေဘူယျအားဖြင့်တော့ ပြင်သစ်နိုင်ငံမှာ နေထိုင်သူတွေအတွက်ဆိုရင် ဘဝနေထိုင်မှု အခွင့်အလမ်းပေါင်းများစွာလည်း ရှိနေပါတယ်။ ဒီအချက်တွေကြောင့်လည်း ပြင်သစ်နိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံတကာခရီးသွားအရေအတွက်က အများဆုံးဖြစ်နေရတာပါ။ နောက်ပြီး ပြင်သစ်နိုင်ငံရဲ့ အမှတ်လက္ခဏာတခုဖြစ်တဲ့ Eiffel မျှော်စင်ကြောင့်ပါ။ ပြင်သစ်နိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ အဖို့ကတော့ Eiffel မျှော်စင်ကို မြင်ရဖို့က အဓိကပါပဲ။

(၂) စပိန်နိုင်ငံ

စပိန်နိုင်ငံသား အများစုကတော့ ဘဝကိုဘယ်လို ရှင်သန်နေထိုင်ရမလဲဆိုတာ ကောင်းကောင်း သိကြပါတယ်။ စပိန်နိုင်ငံကို နှစ်စဉ်လာရောက်ကြတဲ့ နိုင်ငံတကာခရီးသွား ဧည့်သည် ပမာဏက ၈၁ ဒဿမ ၈ သန်းရှိပါတယ်။ စပိန်နိုင်ငံရဲ့ ရာသီဥတုက ကောင်းမွန်သလို နေရောင်တောက်ပတဲ့ ကမ်းခြေတွေကြောင့်လည်း နိုင်ငံတကာ ခရီးသွားအရေအတွက်က နှစ်စဉ် တိုးတက်လျက် ရှိပါတယ်။

ဒါပေမဲ့လည်း စပိန်နိုင်ငံရဲ့ အစားအစာတွေနဲ့ အထွေထွေ အသုံးစရိတ်တွေက ကြီးမားတဲ့အတွက်ကြောင့် လူအများစု အဖို့ကတော့ စပိန်နိုင်ငံကို အလည်သွားရောက်ဖို့ဆိုတာက အိပ်မက် တခုလိုပါပဲ။ အစားအသောက်နဲ့ အထွေထွေအသုံးစရိတ်သာ သက်သာခဲ့မယ်ဆိုရင်တော့ စပိန်နိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံတ ကာ ခရီးသွား အရေအတွက်က ပိုမိုတိုးလာစရာရှိပါတယ်။ စပိန်နိုင်ငံကို လာရောက် လည်ပတ်ကြသူတွေ အတွက် စိတ်အဝင်စားဆုံး မြို့တော်ကတော့ မက်ဒရစ်မြို့တော်ပါ။

(၃) အမေရိကန်ပြည်ထောင်စု

မတူကွဲပြားတဲ့ ပြည်နယ်ပေါင်း ၅၀ နဲ့ဖွဲ့စည်းထားတဲ့ အမေရိကန်ပြည်ထောင်စုကို နှစ်စဉ် လာရောက်ကြတဲ့ နိုင်ငံတကာ ခရီးသွား ဧည့်သည်ပေါင်း ၇၆ ဒဿမ ၉ သန်း ရှိနေပါတယ်။ လူအများစုဟာ အမေရိကန်ပြည်ထောင်စုကို အလည်အပတ် သွားရောက်ဖို့ ဆန္ဒရှိကြပါတယ်။

အမေရိကန်ပြည်ထောင်စုကို အလည်အပတ် သွားရောက်ကြတဲ့အခါ စိတ်လှုပ်ရှားစရာကောင်းတဲ့ သဘာဝရှုခင်း အလှတွေကို မြင်တွေ့နိုင်မှာဖြစ်သလို ကမ္ဘာ့အကောင်းဆုံး မြို့ကြီးတွေကိုလည်း တွေ့ရှိနိုင်ပါတယ်။ နိုင်ငံတကာ ခရီးသွားတွေ သဘောအကျဆုံး ပြည်နယ်ကတော့ တက္ကဆပ်ပြည်နယ်ပါ။

(၄) တရုတ်နိုင်ငံ

 

အာရှရဲ့အင်အားကြီးနိုင်ငံ တနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာလည်း နိုင်ငံတကာ ခရီးသွား ဧည့်သည် လာရောက်မှုနှုန်း စတုတ္ထနေရာမှာ ရှိနေပါတယ်။ တရုတ်နိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံတကာ ခရီးသွား ပမာဏက ၆၀ ဒဿမ ၇ သန်း ရှိနေပါတယ်။ တရုတ်နိုင်ငံဟာ စီးပွားရေးအင်အားကြီး နိုင်ငံဖြစ်သလို ယဉ်ကျေးမှုဆိုင်ရာမြို့ ကြီးတွေ ပေါများတဲ့ နိုင်ငံတနိုင်ငံပါ။ လူစည်ကားပြီး ခေတ်မီတဲ့မြို့တွေလည်း အများကြီးပါပဲ။ နိုင်ငံတကာ ခရီးသွားဧည့်သည် ဝင်ရောက်မှု အများဆုံးမြို့တော်ကတော့ ဘေကျင်းမြို့ပါ။

(၅) အီတလီနိုင်ငံ

အီတလီနိုင်ငံကို နှစ်စဉ်လာရောက်ကြတဲ့ နိုင်ငံတကာခရီးသွား ဧည့်သည် ပမာဏက ၅၈ ဒဿမ ၃ သန်းရှိပါတယ်။ အီတလီနိုင်ငံရဲ့ အစားအသောက်တွေက ကမ္ဘာကျော်သလို ကျေးလက်ဒေသတွေမှာ နေထိုင်ကြသူတွေရဲ့ဘဝကလည်း စိတ်ဝင်စားစရာပါပဲ။ အီတလီနိုင်ငံရဲ့ တချို့ မြို့တော်တွေမှာ သမိုင်းတန်ဖိုး ကြီးမားသလို ဒေသခံတွေရဲ့ဖော်ရွေမှုကလည်း လှပတဲ့ ရှုခင်းတွေနဲ့ ဒွန်တွဲနေလေ့ ရှိတတ်ပါတယ်။

ဒီအချက်တွေက အီတလီနိုင်ငံကို ဘာကြောင့် အလည်သွားရောက် သင့်သလဲဆိုတာတွေပါ။ နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေ သဘောအကျဆုံးကတော့ မီလန်မြို့ပါ။

(၆) မက္ကဆီကိုနိုင်ငံ

မက္ကဆီကိုနိုင်ငံရဲ့ ကမ်းခြေတွေကတော့ ကမ္ဘာကျော်ပါပဲ။ အစားအသောက်တွေကလည်း ကောင်းမွန် သလို မက္ကဆီကိုနိုင်ငံကို ရောက်သွားတဲ့ ဧည့်သည်တွေကတော့ အချိန်ကို ဘယ်လို အသုံးချရမလဲဆို တာ ကောင်းကောင်း သိပါတယ်။ ဒါကြောင့်လည်း မက္ကဆီကိုနိုင်ငံဟာ ကမ္ဘာပေါ်မှာ နိုင်ငံတကာ ခရီးသွားဧည့်သည်လာရောက်မှု အများဆုံး ၁၀ နိုင်ငံစာရင်းမှာ ပါဝင်နေတာပါ။ နိုင်ငံတကာ ခရီးသွားတွေ စိတ်အဝင်စားဆုံးမြို့တော်ကတော့ Cancun မြို့တော်ပါ။

(၇) အင်္ဂလန်နိုင်ငံ

အင်္ဂလန်နိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွား ဧည့်သည်ပမာဏဟာ နှစ်စဉ် ၃၇ ဒဿမ ၇ သန်း ရှိပါတယ်။ လန်ဒန်မြို့တော်ကလည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်နေပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ တော်ဝင်မိသားစု၊ ဘောလုံးပွဲ၊ ပြတိုက်၊ ယဉ်ကျေးမှုနဲ့ ချမ်းသာကြွယ်ဝမှုတွေကလည်း နိုင်ငံတကာ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်စေပါတယ်။ လူတွေ စိတ်အဝင်ဆုံးမြို့တော်ကတော့ ဘရိုက်တန်မြို့တော်ပါ။

(၈) တူရကီနိုင်ငံ

တူရကီနိုင်ငံဟာ အရှေ့နိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေပေါင်းစုံရာ လမ်းဆုံ လမ်းခွမြို့တော်ပါ။ ဒါကြောင့်လည်း တူရကီနိုင်ငံဟာ အရှေ့နဲ့ အနောက်က ယဉ်ကျေးမှုတွေ ပေါင်းစုံနေတဲ့ နိုင်ငံ တနိုင်ငံလို့ ဆိုနိုင်ပါတယ်။ တူရကီနိုင်ငံဟာ တောင်စွယ်တောင်တန်းပေါများတဲ့ နိုင်ငံတနိုင်ငံဖြစ်သလို တူရကီ ကမ်းခြေတွေကလည်း နာမည်ကြီးပါတယ်။ စည်ကားတဲ့မြို့ ကြီးတွေ ပေါများသလို နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ အဖို့တော့ အစ္စတန်ဘူမြို့က အကောင်းဆုံးပါ။ နှစ်စဉ်တူရကီနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာခရီးသွားဧည့်သည် ပမာဏက ၃၇ ဒဿမ ၆သန်း ရှိပါတယ်။

(၉) ဂျာမနီနိုင်ငံ

ဥရောပအလယ်ပိုင်းမှာ တည်ရှိတဲ့ ဂျာမနီနိုင်ငံကို နှစ်စဉ်လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွား ပမာဏက ၃၇ ဒဿမ ၅သန်း ရှိပါတယ်။ ဂျာမနီနိုင်ငံဟာ စီးပွားရေးအင်အားကြီး နိုင်ငံတနိုင်ငံပါ။ အလယ်ခေတ်လောက်က တည်ထောင်ခဲ့တဲ့ မြို့ ရွာတွေနဲ့အတူ စည်ကားတဲ့ ခေတ်မီမြို့ ပြတွေကလည်း အများအပြားပါ။ ကြီးမားတဲ့ စက်မှုလုပ်ငန်းတွေလည်း အများအပြား ရှိသလို အထင်ကရ မြို့တော်ကတော့ ဘာလင်မြို့တော်ပါ။ နိုင်ငံတကာခရီးသွား ဧည့်သည်တွေ သဘောအကျဆုံး မြို့တော်ကလည်း ဘာလင်မြို့တော်ပါပဲ။

(၁၀) ထိုင်းနိုင်ငံ

အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာဆိုရင်တော့ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွားပမာဏက အများဆုံးပါ။ နိုင်ငံတကာနဲ့ ယှဉ်မယ်ဆိုရင်တော့ ထိုင်းနိုင်ငံက အဆင့် ၁၀ နေရာမှာ ရှိနေပါတယ်။ နှစ်စဉ်ထိုင်းနိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံတကာ ခရီးသွားဧည့်သည် ပမာဏက ၃၅ ဒဿမ ၄ သန်း ရှိပါတယ်။

ထိုင်းနိုင်ငံရဲ့ အပန်းဖြေကမ်းခြေတွေက နာမည်ကြီးသလို အစားအသောက်တွေကလည်း နိုင်ငံတကာ ခရီးသွားဧည့်သည်တွေကို ခံတွင်းတွေ့စေပါတယ်။ ဒေသခံတွေကလည်း ဖော်ရွေလေ့ ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်တွေကစပြီး ထိုင်းနိုင်ငံကို သွားရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွားအရေအတွက်က တိုးလာခဲ့ပါတယ်။

Ref: bigseventravel

You may also like these stories:

ယဉ်ကျေးမှုတွေ ပေါင်းစုံနေတဲ့ မြို့ကြီးများ

ကမ္ဘာပေါ်က အလှဆုံး မြစ်များအကြောင်း

ဘာလင်မြို့ကို အလည်သွားသင့်တဲ့ အကြောင်းရင်းများ

ဘေကျင်းမြို့ကို အလည်သွားဖို့ အကောင်းဆုံးအချိန်

Your Thoughts …
Tags: ခရီးသွားနိုင်ငံတကာလာရောက်မှုဧည့်သည်
ညီညီသူ

ညီညီသူ

Similar Picks:

စစ်တပ် ကိုယ်တိုင်က ပျက်နေပြီ၊ မပြောင်းလဲလို့ မရတော့ဘူး

စစ်တပ် ကိုယ်တိုင်က ပျက်နေပြီ၊ မပြောင်းလဲလို့ မရတော့ဘူး

by ဧရာဝတီ
23 December 2023
7.7k

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်း အယ်ဒီတာများဖြစ်သည့် ကျော်စွာမိုးနှင့် ဖုန်းမြတ်တို့နှင့် တွေ့ဆုံ မေးမြန်းခန်း

ငပလီတွင် ပိတ်မိနေသူများအား ကုန်းလမ်းမှတဆင့် ပြန်ခွင့်ပြုနေ

ငပလီတွင် ပိတ်မိနေသူများအား ကုန်းလမ်းမှတဆင့် ပြန်ခွင့်ပြုနေ

by The Irrawaddy
15 November 2023
4.1k

ရခိုင်ပြည်နယ်သို့ ဝင်ရောက်နိုင်သည့် ဝင်ပေါက်များအားလုံး ပိတ်လိုက်သဖြင့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ငပလီကမ်းခြေသို့ လာရောက် အပန်းဖြေကြမည့် ခရီးစဉ်များ၊ ကြိုတင်မှာယူထားသည့် အခန်းများအားလုံးကို ဖျက်သိမ်းကာ ငွေပြန်အမ်းနေခြင်းများကို ပြုလုပ်နေရသည်

တရုတ်နှင့်လက်တွဲပြီး မြန်မာ့အရေးဖြေရှင်းရန် ICG ထောက်ပြ

တရုတ်နှင့်လက်တွဲပြီး မြန်မာ့အရေးဖြေရှင်းရန် ICG ထောက်ပြ

by ဧရာဝတီ
27 March 2024
3.7k

မြန်မာ့အရေးပြဿနာဖြေရှင်းရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရုတ်ကဲ့သို့ အင်အားကြီးနိုင်ငံများနှင့် လက်တွဲပူးပေါင်းနိုင်သောကဏ္ဍများအား ရှာဖွေဖော်ထုတ်သင့်သည့်အပြင် တကမ္ဘာလုံးက အာရုံစိုက်လာရေး ကြိုးပမ်းသင့်ကြောင်း နိုင်ငံတကာပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (ICG) က ယနေ့ ထုတ်ပြန်သော အစီအရင်ခံစာတွင် ထောက်ပြထားသည်။

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

by ဧရာဝတီ
21 May 2025
1.1k

ကမ္ဘာသည် စစ်ကောင်စီကို ခိုင်မာအဓိပ္ပါယ်ပြည့်ဝသည့် အရေးယူမှုလုပ်ရန် ပျက်ကွက်သည်။

Jurassic World Rebirth ရုပ်ရှင် ရိုက်ကူးရေးက ထိုင်းစီးပွားရေးကို အကျိုးဖြစ်စေမယ်လို့ ဆို

Jurassic World Rebirth ရုပ်ရှင် ရိုက်ကူးရေးက ထိုင်းစီးပွားရေးကို အကျိုးဖြစ်စေမယ်လို့ ဆို

by ဧရာဝတီ
21 June 2025
518

ရုပ်ရှင်ကို လာမယ့် ဇူလိုင် ၂ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ရှုခင်း အလှတွေကို ပေါ်လွင်စေကာ ခရီးသွား လုပ်ငန်း အတွက် အထောက်အကူ ဖြစ်စေဖို့ မျှော်လင့်ထားကြောင်းလည်း…

မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုတာကို ကြိုဆိုပါတယ် (ရုပ်/သံ)

မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုတာကို ကြိုဆိုပါတယ် (ရုပ်/သံ)

by ဧရာဝတီ
27 November 2024
462

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လူသားမျိုးနွယ်အပေါ် ရာဇဝတ်တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေနဲ့ ဖမ်းဝရမ်းထုတ်ပေးဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှာ နိုဝင်ဘာလ ၂၇ ရက်နေ့က လျှောက်ထားခဲ့ပါတယ်။

Next Post
မေ့တတ်လွန်းသူတွေ နေ့စဉ် ပုံမှန် စားသုံးပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်

မေ့တတ်လွန်းသူတွေ နေ့စဉ် စားသုံးပေးသင့်တဲ့ အစားအစာ ၅ မျိုး

Madame Tussauds ပြတိုက်မှ Ariana Grande ပုံတူ ဖယောင်းရုပ်တု

မျက်နှာ မတူလို့ ဝေဖန်ခံနေရတဲ့ Madame Tussauds ပြတိုက်မှ Ariana Grande ပုံတူ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

4 days ago
3.7k
တပ်မ ၉၉ နဗဟမှူးအပါ စစ်သား ၂၀ ကျော် AA ဖမ်းမိ

နတ်ရေကန် ဗျုဟာစခန်း မကျအောင် ၉၉ တပ်မမှူးသစ် စွမ်းဆောင်နိုင်မလား

1 week ago
6.5k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate