Travel

ဈေးနှုန်းချိုသာစွာနဲ့ တည်းခိုနိုင်တဲ့ အရှေ့တောင်အာရှက ဟိုတယ်နဲ့ အပန်းဖြေခစန်းများ

Want create site? Find Free WordPress Themes and plugins.

ဟိုတယ်နဲ့ အပန်းဖြေစခန်းအများစုကတော့ ဇိမ်ခံပစ္စည်းကောင်းကောင်းတွေကို အသုံးပြုတတ်ကြပေမယ့် ဈေးနှုန်း အနေနဲ့ကတော့ ကြီးမြင့်လေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကတော့ သူတို့ဆီကို အလည်ရောက်လာကြတဲ့ နိုင်ငံတကာခရီးသွား ဧည့်သည်တွေကို ဈေးနှုန်းချိုချို သာသာနဲ့ တည်းခိုနိုင်အောင် အစီအစဉ်တွေပြုလုပ်ထား ကြပါတယ်။

သူတို့သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေဟာ နိုင်ငံတကာအနေနဲ့ကြည့်မယ်ဆိုရင် သိပ်ပြီးဈေး ကြီးတာမျိုးတော့ မဟုတ်ပါဘူး။

အရှေ့တောင်အာရှနိုင်ငံတွေဆီ ခရီးထွက်တဲ့အခါ သက်သောင့်သက်သာအနားယူနိုင်သလို ဈေးနှုန်း လည်းချိုသာတဲ့ ဟိုတယ်နဲ့ အပန်းဖြေစခန်းတွေကို ဖော်ပြပေးချင်ပါတယ်။ အခု ဖော်ပြပေးမယ့် ဟိုတယ်နဲ့ အပန်းဖြေစခန်းတွေကတော့ ၂၀၁၉ ခုနှစ်အတွက် တည်းခိုဖို့အသင့်ဆုံး နေရာတွေပါပဲ။

(၁) Mantra Samui အပန်းဖြေစခန်း

Mantra Samui အပန်းဖြေကမ်းခြေကတော့ Koh Samui ကျွန်းမှာရှိတဲ့ အပန်းဖြေစခန်းတခုပါပဲ။ Koh Samui ကျွန်းကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ Kra Isthmus ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာရှိတဲ့ ကျွန်းတကျွန်းပါ။

ဒီ အပန်းဖြေစခန်းမှာ လာရောက်အပန်းဖြေသူတွေအနေနဲ့ တညကို အမေရိကန်ဒေါ်လာ ၁၁၁ ဒေါ်လာ ကုန်ကျမှာပဲ ဖြစ်ပါတယ်။ နံနက်စာတွေကလည်း ကောင်းမွန်သလို ရေကူးဖို့အတွက်ဆိုရင် လည်း ရေကူးကန် အများအပြား ရှိပါတယ်။ ဒီနေရာလေးဟာ တိရစ္ဆာန်တွေကို ချစ်ခင်ယုယစွာ မွေး မြူထားတတ်တဲ့ နေရာလေးတနေရာဆိုရင်လည်း အမှားပါဘူး။

လာရောက်အပန်းဖြေသူတွေအတွက် နောက်ထပ် ထူးထူးခြားခြား အစီအစဉ်လေးတခုကိုလည်း စီစဉ် ပေးထား ပါသေးတယ်။ အဲဒီ အစီအစဉ်ကတော့ ကိုယ်အိပ်မယ့်ခေါင်းအုံးကို စိတ်ကြိုက်ရွေးယူနိုင်ဖို့ ခေါင်းအုံး Menu တွေ ထား ပေးထားတာပါပဲ။

အခန်းတွေတိုင်းမှာလည်း ကိုယ်ပိုင်လသာဆောင်ကလေးတွေ ပြုလုပ်ပေးထားပါတယ်။

(၂) Santhiya Koh Phangan အပန်းဖြေစခန်း

Koh Phangan ကျွန်းကတော့ ထိုင်းနိုင်ငံအရှေ့တောင်ပိုင်းမှာရှိတဲ့ ကျွန်းတကျွန်းပါ။ Santhiya Koh Phangan မှာရှိတဲ့ အခန်းအများစုကိုတော့ ထိုင်းရိုးရာအလှအပတွေနဲ့ အလှဆင်ထားပါတယ်။ တညတည်းခိုဖို့ ကုန်ကျစရိတ် ကတော့ အမေရိကန်ဒေါ်လာ ၁၉၈ ဒေါ်လာ ကုန်ကျမှာပဲ ဖြစ်ပါတယ်။ အိပ်ရာတွေကိုတော့ အကောင်းဆုံးပြင်ဆင် ပေးထားပြီး ကိုယ်ပိုင်ရေကူးကန်တွေကိုလည်း စီစဉ်ပေးထားပါတယ်။ ဟိုတယ်အခန်းတွေမှာတော့ ဧည့်ခန်းပါဝင်ပြီး အခန်းထဲကနေကြည့်မယ်ဆိုရင်တော့ ပင်လယ်ပြင်ကို ကောင်းကောင်းမြင်ရပါတယ်။

(၃) Aureum Palace ဟိုတယ်

Aureum Palace ဟိုတယ်ကတော့ မြန်မာနိုင်ငံ ငပလီကမ်းခြေမှာရှိတဲ့ ဟိုတယ်တခုပါပဲ။ ဒီဟိုတယ် မှာတည်းခို မယ်ဆိုရင်တော့ တညကို အမေရိကန်ဒေါ်လာ ၂၅၃ ဒေါ်လာ ကျသင့်မှာပဲ ဖြစ်ပါတယ်။

နိုင်ငံတကာခ ရီးသွားဧည့်သည်အများစုက ဖူးခက်နဲ့ ဘာလီကျွန်းတွေဆီကိုသာ အများဆုံးသွား ရောက်အပန်းဖြေလေ့ ရှိကြပေမယ့် မြန်မာနိုင်ငံရဲ့ ငပလီကမ်းခြေကလည်း အပန်းဖြေအနားယူလို့ ကောင်းတဲ့ ကမ်းခြေတခုပါ။

Aureum Palace ဟိုတယ်မှာဆိုရင်လည်း ကျယ်ဝန်းတဲ့ဥယျာဉ်တွေအတွင်းမှာ ဆောက်လုပ်ထားတဲ့ ဘန်ဂလိုလေး တွေမှာ ဇိမ်ကျကျတည်းခိုနိုင်ပါတယ်။

Ref:thesmartlocal

You may also like these stories:

ပေါ်တူဂီနိုင်ငံရဲ့ အထင်ကရနေရာများ

ကမ္ဘာတဝှမ်းက ထူးထူးခြားခြား ရုပ်ရှင်ရုံများ

ဒူဘိုင်းမြို့ကို အလည်အပတ်သွားဖို့ အကောင်းဆုံး အချိန်

Did you find apk for android? You can find new Free Android Games and apps.
Loading