Travel

နိုင်ငံတကာ ခရီးသွားတွေကို စိတ်ကျေနပ်မှုပေးတဲ့ အာရှ ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာနဲ့ယှဉ်ပြီး ပြောရမယ်ဆိုရင် အာရှတိုက်ဟာ ကမ္ဘာမှာ လှပတဲ့ တိုက်တတိုက်ပါ။ ခရီးသွားလုပ်ငန်းတွေမှာလည်း ဖွံ့ဖြိုးလာတဲ့ တိုက်တတိုက် ဖြစ်သလို ကွဲပြားတဲ့ ယဉ်ကျေးမှုတွေ စုဝေးနေတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။ အာရှတိုက်ရဲ့ ဒေသအတော်များများကလည်း ခရီးသွားတွေကို ဆွဲဆောင်လေ့ ရှိပါတယ်။ အာရှတိုက်ကို ပထမဆုံး လည်ပတ်မယ့် ခရီးသွားတွေအတွက် လည်ပတ်သင့်တဲ့ နိုင်ငံ ၁၀ နိုင်ငံ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

(၁) ဟောင်ကောင်

ဟောင်ကောင်မြို့ကို အလည်သွားသင့်တဲ့ အကြောင်းအရင်းတွေများစွာ ရှိတဲ့အနက် အရေးကြီးတဲ့အချက် တချက်ကတော့ ဈေးဝယ်လို့ ကောင်းတာပါ။ မိသားစုနဲ့အတူ ဟောင်ကောင်ရဲ့ ဈေးဝယ်စင်တာကြီးတွေမှာ ပျော်ပျော်ရွှင်ရွှင် ဈေးဝယ်နိုင်ပါတယ်။ နိုင်ငံတကာခရီးသွား ဧည့်သည်တွေကို အဓိက ဆွဲဆောင်တဲ့ အချက်ကတော့ ဟောင်ကောင်မှာရှိတဲ့ တရုတ်ရိုးရာ ယဉ်ကျေးမှုတွေပါပဲ။

ခြင်္သေ့အကနဲ့ နဂါးအကတွေ၊ ပွဲတော်ရက်တွေမှာ ကျင်းပလေ့ ရှိတဲ့ မီးရှူး၊ မီးပန်း ပစ်ဖောက်ပွဲတွေကလည်း နိုင်ငံတကာ ခရီးသွားဧည့်သည်တွေအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲတော်တွေပါ။ လည်ပတ်နေတဲ့ အချိန်တွေမှာ ကြည်နူးစရာအကောင်းဆုံး အချိန်တွေကတော့ ညဘက်တွေပါ။ ညအချိန်မှာဆိုရင် ဟောင်ကောင်မြို့ တမြို့လုံးဟာ မီးရောင်စုံတွေအောက်မှာ ဖိတ်ဖိတ်တောက် လင်းထိန်နေပါလိမ့်မယ်။

ဟောင်ကောင်မြို့မှာ လည်ပတ်စရာ အကောင်းဆုံးနေရာတွေကတော့ Disney Land နဲ့ Victoria ပန်းခြံပါ။ Disney Land ကတော့ ကလေးတွေအတွက် ပျော်စရာကောင်းအောင် ဖန်တီးထားတဲ့ နေရာ တနေရာပါ။ ဟောင်ကောင်မြို့ကို ကား၊ ရထား နဲ့ လေကြောင်းလိုင်းတွေကနေ သွားရောက်နိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ အဓိကကျတဲ့ မြို့ကြီးတွေနဲ့ အလွယ်တကူ ခရီးသွားလို့ရအောင် ချိတ်ဆက်ထားပါတယ်။

ဒါကြောင့် ဟောင်ကောင်မြို့ဟာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့ မြို့ပါ။ ဟောင်ကောင်ကို အလည်သွားဖို့ အကောင်းဆုံးအချိန်ကတော့ အောက်တိုဘာနဲ့ ဒီဇင်ဘာလအချိန်တွေဖြစ်ပြီး အဲဒီအချိန်တွေဆိုရင် ရာသီဥတုက သင့်တင့်မျှတ နေပါလိမ့်မယ်။

(၂) ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံရဲ့ အဓိကဆွဲဆောင်မှုကတော့ အစားအသောက်၊ ရာသီဥတု စတာတွေပါ။ ထိုင်းနိုင်ငံရဲ့ အစားအသောက်တွေက အရသာ ကောင်းမွန်ပါတယ်။ တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် ထိုင်းနိုင်ငံကို လည်ပတ်စရိတ်က တကယ်ကို သက်သာပါတယ်။ ထိုင်းနိုင်ငံရဲ့ ရာသီဥတုက ကောင်းမွန်သလို ဗုဒ္ဓဘာသာကျောင်းတော်ကြီးတွေကလည်း နိုင်ငံတကာ ခရီးသွားဧည့်သည်တွေကို အထူး ဆွဲဆောင်နိုင်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အပန်းဖြေ ကမ်းခြေတွေကလည်း ကမ္ဘာမှာ နာမည်ကြီးပါတယ်။

ဘန်ကောက်၊ ချင်းမိုင်နဲ့ ပတ္တရားကမ်းခြေတွေကတော့ နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေ သဘောအကျဆုံးဒေသတွေပါ။ ဘန်ကောက်မြို့မှာရှိတဲ့ တော်ဝင်နန်းတော်ဟာ မသွားမဖြစ် သွားရောက် လည်ပတ်သင့်တဲ့ နေရာပါ။ ချင်းမိုင်မြို့ကတော့ လက်မှုပစ္စည်းတွေ ၊ ပန်းခြံတွေနဲ့ ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးတွေကြောင့် ထင်ရှားပါတယ်။

Ko Samui ကမ်းခြေကလည်း အပန်းဖြေလို့ကောင်းတဲ့ ကမ်းခြေပါ။ ထိုင်းနိုင်ငံကို အလည်သွားဖို့ အကောင်းဆုံးအချိန်တွေကတော့ နိုဝင်ဘာလနဲ့ ဧပြီလ အစောပိုင်းကာလ အတွင်းပါ။ ဒီအချိန်တွေမှာဆိုရင်တော့ ရာသီဥတုက အေးမြခြောက်သွေ့ နေတဲ့အတွက် လည်ပတ်ဖို့ အကောင်းဆုံးအချိန်တွေပါပဲ။

(၃) ကမ္ဘောဒီးယားနိုင်ငံ

ကမ္ဘောဒီးယားနိုင်ငံကတော့ လှပတဲ့ ကမ်းခြေတွေ၊ ဈေးဆိုင်တန်းတွေနဲ့ အန်ကောဝပ် ကျောင်းတော်ကြီးကြောင့် နာမည်ကြီးပါတယ်။ ကမ္ဘောဒီးယားနိုင်ငံကို ခရီးသွားသင့်တဲ့ အဓိကအကြောင်းရင်းကတော့ ရှေးကျတဲ့ ဘာသာရေး အဆောက်အဦဖြစ်တဲ့ အန်ကောဝပ် ကျောင်းတော်ကြီးကြောင့်ပါ။ ကမ္ဘောဒီးယားနိုင်ငံသားတွေဟာ ဖော်ရွေတတ်ကြပြီး နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေကိုလည်း ပျူပျူငှာငှာ ကြိုဆိုလေ့ ရှိကြပါတယ်။

ကမ္ဘောဒီးယား ကမ်းခြေတွေကလည်း အပန်းဖြေဖို့ကောင်းသလို သဘာဝရှုခင်း အလှအပတွေကြောင့်လည်း စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်ပါတယ်။ ရှေးကျတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေကလည်း ကမ္ဘောဒီးယားရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနေသလိုပါပဲ။

နိုင်ငံတကာခရီးသွားတွေကတော့ Siem Reap နဲ့ Banteay Srie လိုနေရာတွေကို အဓိက သွားရောက်လေ့ ရှိပါတယ်။ Siem Reap ဟာ ၁၅ ရာစုနဲ့ ၁၉ ရာစုတွေမှာ ခမာနိုင်ငံတော် ဖြစ်ခဲ့ပါတယ်။

ကမ္ဘောဒီးယားကို အလည်သွားဖို့ အကောင်းဆုံးအချိန်တွေကတော့ မေလနဲ့ အောက်တိုဘာလ အစောပိုင်းကာလတွေအတွင်းပါ။ ဒီအချိန်တွေမှာဆိုရင်တော့ လူစုလူဝေးနဲ့ သွားလာ လည်ပတ်နေတာမျိုး မရှိသလောက် နည်းပါးပြီး ဈေးနှုန်းကလည်း သက်သာပါတယ်။

(၄) အိန္ဒိယနိုင်ငံ

အိန္ဒိယနိုင်ငံကတော့ ယဉ်ကျေးမှုပေါင်စုံ နေထိုင်ကြတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ရှေးကျတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦပေါင်းများစွာရှိတဲ့ နိုင်ငံတနိုင်ငံပါ။ Taj Mahal လို နေရာမျိုးကတော့ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေအဖို့ အကြိုက်တွေ့စေတဲ့ နေရာပါ။ မွန်ဘိုင်း၊ ဒေလီနဲ့ Jaipur မြို့တွေကတော့ ခရီးသွားဧည့်သည်တွေ အလာများတဲ့ မြို့တွေပါပဲ။ မွန်ဘိုင်းကတော့ အိန္ဒိယနိုင်ငံရဲ့ အချမ်းသာဆုံး မြို့တမြို့ပါ။ Jaipur မြို့ကတော့ ရှေးဟောင်း အမွေအနှစ်တွေရဲ့ သင်္ကေတတခုပါပဲ။

အိန္ဒိယနိုင်ငံကို ခရီးသွားဖို့ အကောင်းဆုံးအချိန်တွေကတော့ အောက်တိုဘာလနဲ့ မတ်လအတွင်းပါ။ ဒီအချိန်တွေမှာဆိုရင် ရာသီဥတုက နွေးနွေးထွေးထွေး ရှိနေပြီး ကောင်းမွန်ပါတယ်။

(၅) ဗီယက်နမ်နိုင်ငံ

ဗီယက်နမ်နိုင်ငံရဲ့ အစားအသောက်တွေက အရသာရှိပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကော်ဖီတွေကို ထုတ်လုပ်တဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဗီယက်နမ်နိုင်ငံက ထွက်တဲ့ အသီးတွေကလည်း လတ်ဆတ်မှု ရှိသလို ဈေးလည်း ပေါပါတယ်။ ထင်ရှားပြီး လှပတဲ့ကမ်းခြေတွေ၊ လမ်းလျှောက်ခရီးအတွက် ကောင်းမွန်တဲ့ တောင်တန်းတွေကိုလည်း ဗီယက်နမ်နိုင်ငံက ပိုင်ဆိုင်ထားပါသေးတယ်။

ခရီးသွားတွေ အများဆုံး လာရောက် လည်ပတ်လေ့ရှိတဲ့ မြို့တွေကတော့ ဟိုချီမင်း၊ ဟနွိုင်းနဲ့ Da Nang မြို့တွေပါ။ ဗီယက်နမ်နိုင်ငံကို အလည်သွားဖို့ အကောင်းဆုံး အချိန်တွေကတော့ ဖေဖော်ဝါရီလနဲ့ ဧပြီလ အ တွင်းပါ။

အာရှကို အလည် လာရောက်ကြတဲ့ နိုင်ငံတကာခရီးသွားတွေကို စိတ်ကျေနပ်မှုပေးတဲ့ နိုင်ငံ ၁၀ နိုင်ငံရဲ့ စာရင်းမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ အာရှကို အလည်လာတဲ့ နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေကို စိတ်ကျေနပ်မှု ပေးနိုင်တဲ့ နိုင်ငံ ၁၀ နိုင်ငံ စာရင်း အစဉ်လိုက်ကတော့

၁။ ဟောင်ကောင်

၂။ ထိုင်းနိုင်ငံ

၃။ ကမ္ဘောဒီးယားနိုင်ငံ

၄။ အိန္ဒိယနိုင်ငံ

၅။ ဗီယက်နမ်နိုင်ငံ

၆။ စင်ကာပူနိုင်ငံ

၇။ မလေးရှားနိုင်ငံ

၈။ အင်ဒိုနီးရှားနိုင်ငံ

၉။ နီပေါနိုင်ငံ

၁၀။ မြန်မာနိုင်ငံတို့ ဖြစ်ပါတယ်။

Ref: travelogyindia

You may also like these stories:

ဥရောပ ၆ နိုင်ငံ ခရီးသွားများကို ဆိုက်ရောက် ဗီဇာပေးမည်

သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံများ

မိုးရာသီမှာ အရှေ့တောင် အာရှနိုင်ငံတွေဆီ ခရီးသွားတဲ့အခါ သိထားသင့်တဲ့ အချက်မျာ

Did you find apk for android? You can find new Free Android Games and apps.
Loading