Travel

ဈေးသက်သာတဲ့အချိန် ရွေးပြီး လည်ပတ်သင့်တဲ့ နေရာများ

Want create site? Find Free WordPress Themes and plugins.

ခရီးထွက်ရင်တော့ ငွေကုန်ကြေးကျ များလေ့ရှိတာ သဘာဝပါ။ ဒါပေမဲ့လည်း ဘယ်ဒေသတွေကို ဘယ်လိုအချိန်မျိုးတွေမှာ သွားလည်ရင် သင့်တော်လဲဆိုတာကို သဘောပေါက်ထားရင်တော့ ငွေကြေးကုန်ကျမှုကို အတိုင်းအတာ တခုထိတော့ လျှော့ချနိုင်ပါလိမ့်မယ်။ အထူးသဖြင့် နိုင်ငံတကာကို ခရီးထွက်ပြီး လည်ပတ်ချင်သူတွေအတွက် ဈေးသက်သာတဲ့အချိန် ရွေးပြီး လည်ပတ်သင့်တဲ့ နေရာတွေကို သိထားသင့်ပါတယ်။

အခု ဖော်ပြပေးမယ့် နေရာဒေသတွေကတော့ လအလိုက် လျှော့ဈေးပေးထားလေ့ ရှိတဲ့ ဒေသတွေပါ။ ဒီနေရာတွေကို သွားရောက် လည်ပတ်ချင်သူတွေအတွက် ဈေးသက်သာတဲ့ လတွေမှာ သွားရောက်ခြင်းအားဖြင့် ကုန်ကျစရိတ် အတိုင်းအတာ တခုအထိ သက်သာပါလိမ့်မယ်။

(၁) ဒူဘိုင်းမြို့ (အာရပ်စော်ဘွားများ ပြည်ထောင်စု)

ဒူဘိုင်းမြို့ဟာ အာရှနိုင်ငံတွေထဲမှာ အချမ်းသာဆုံး စာရင်းဝင်ထားတဲ့ဲ မြို့တမြို့ပါ။ ဒူဘိုင်းရဲ့ ခမ်းနားတဲ့ ဟိုတယ်ကြီးတွေ၊ ဇိမ်ခံလို့ကောင်းတဲ့ အပန်းဖြေ နားနေစခန်းတွေ၊ မိုးမျှော် အဆောက်အဦကြီးတွေနဲ့ ကြီးမားတဲ့ ဈေးဝယ်စင်တာကြီးတွေက ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ ခရီးသွားတွေကို ဆွဲဆောင်ထားနိုင်ပါတယ်။ ဒူဘိုင်းကို လူတွေက ရွှေမြို့တော်လို့လည်း တင်စားခေါ်ဝေါ်လေ့ ရှိကြပါတယ်။

ဒူဘိုင်းကို လည်ပတ်သင့်တဲ့ အချိန်ကတော့ ဖေဖော်ဝါရီလ ဒုတိယ အပတ်ပါ။ အဲဒီ အချိန်မှာဆိုရင် ဒူဘိုင်းမှာ ရှိသမျှ ဟိုတယ်၊ စားသောက်ဆိုင်နဲ့ ဈေးဝယ်စင်တာကြီးတွေမှာ ရောင်းတဲ့ ပစ္စည်းအမျိုးမျိုးကို ၅၀ ရာခိုင်နှုန်းကျော် ဈေးလျှော့ ပေးထားတတ်ပါတယ်။ ဒါကြောင့် ဒူဘိုင်းမြို့ကို သွားလည်မယ်ဆိုရင် ဖေဖော်ဝါရီ ဒုတိယ အပတ်အတွင်းမှာ သွားရောက် လည်ပတ်နိုင်ရင် အကောင်းဆုံးပါပဲ။

(၂) ဆန်တိုရီနီကမ်းခြေ (ဂရိနိုင်ငံ)

ဆန်တိုရီနိုကမ်းခြေ တလျှောက်က အိမ်အများစုကတော့ အံစာတုံး ပုံစံအိမ်လေးတွေ ဖြစ်ကြပါတယ်။ ဆန်တိုရီနို ကမ်းခြေမှာဆိုရင်တော့ ပို့စကတ်က အစ ဈေးကြီးပါတယ်။ ဒါကြောင့်လည်း ဈေးသက်သာတဲ့ အချိန် ကိုရွေးပြီး လည်ပတ်တတ်ဖို့ လိုပါတယ်။ ဆန်တိုရီနိုကမ်းခြေကို ဈေးသက်သာတဲ့ အချိန်မှာ လည်ပတ်ချင်တယ်ဆိုရင် နိုဝင်ဘာလ ဒုတိယအပတ်မှာ လည်ပတ်နိုင်ပါတယ်။ ဒီအချိန်မှာဆိုရင်တော့ ၂၅ ရာခိုင်နှုန်း ဈေးလျှော့ပေးထားလေ့ ရှိပါတယ်။

(၃) လန်ဒန်မြို့ (အင်္ဂလန်နိုင်ငံ)

လန်ဒန်မြို့ဟာ ချစ်သူစုံတွဲတွေတွက် လက်ထပ်ပွဲ ကျင်းပလို့ ကောင်းတဲ့ မြို့တမြို့ ဖြစ်သလို လန်ဒန်ရဲ့ အစားအသောက်တွေကလည်း ကမ္ဘာမှာ နာမည်ကြီးပါပဲ။ လည်ပတ်စရာ နေရာတွေလည်း လန်ဒန်မြို့ကြီးမှာ အများအပြားပါ။ ဘက်ကင်ဟမ် နန်းတော်၊ ဗြိတိသျှပြတိုက်၊ လန်ဒန် အလယ်ပိုင်းမှာရှိတဲ့ ရှေးဟောင် းခရစ်ယာန် ဘုရားကျောင်းကြီးနဲ့ နာရီစင်ဟာ လန်ဒန်ရဲ့ အမှတ် သင်္ကေတတွေပါ။

ယဉ်ကျေးမှုပေါင်းစုံ ပျော်ဝင် စီးမျောနေတဲ့ လန်ဒန်မြို့ကို ဈေးသက်သက်သာသာနဲ့ လည်ပတ်ချင်တယ်ဆိုရင် ဖေဖော်ဝါရီလ ဒုတိယအပတ်မှာ သွားရောက် လည်ပတ်တာက အကောင်းဆုံးပါ။ အဲဒီ အချိန်မှာဆိုရင် လန်ဒန်မြို့ကြီးကို လာရောက် လည်ပတ်သူတွေအတွက် ၃၃ ရာခိုင်နှုန်း ဈေးလျှော့ပေးလေ့ ရှိပါတယ်။

(၄) ကာတာလီနာကျွန်း (အမေရိကန်ပြည်ထောင်စု)

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ ကာတာလီနာကျွန်းကတော့ စိတ်ကူးယဉ်တတ်တဲ့ စရိုက်ရှိသူတွေအတွက် ပိုမိုသင့်တော်တဲ့ ကျွန်းတကျွန်းပါ။ နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တချက်ကတော့ ဒီကျွန်းဟာ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ၈၈ ရာခိုင်နှုန်းအထိ ကာကွယ်ထားနိုင်တာ ဖြစ်ပါတယ်။

ကာတာလီနာကျွန်းကို ဈေးသက်သာတဲ့အချိန်မှာ သွားရောက် လည်ပတ်ချင်တယ်ဆိုရင် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေမှာ လည်ပတ်တာက အကောင်းဆုံးပါပဲ။ အဲဒီအချိန်တွေမှာဆိုရင်တော့ ၄၆ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးထားသလို လူစုလူဝေးတွေကိုလည်း မြင်ရစရာအကြောင်း သိပ်မရှိတဲ့အတွက် စိတ်အေးလက်အေး အနားယူနိုင်ပါလိမ့်မယ်။

Ref. Readersdigest

You may also like these stories:

ထိုင်းနိုင်ငံ ရောက်ရင် မဖြစ်မနေ သွားလည်သင့်တဲ့ နေရာများ

လည်ပတ်သင့်တဲ့ ရန်ကုန်မြို့တွင်း နေရာများ

ရှန်ဟိုင်းမြို့က အထင်ကရ လည်ပတ်စရာ နေရာများ

ဂျပန်နိုင်ငံမှာ သွားမလည်သင့်တဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် နေရာ ၅ ခု

Did you find apk for android? You can find new Free Android Games and apps.
Loading