• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

မဖြစ်မနေ လည်ပတ်သင့်တဲ့ အရှေ့တောင်အာရှ နေရာများစာရင်းမှာ ပုဂံ ထိပ်ဆုံးက ပါဝင်

by ညီညီသူ
14 June 2019
in Travel
A A
မြန်မာနိုင်ငံရဲ့ ရှေးဟောင်းမြို့တော် ပုဂံ  / ဧရာဝတီ

မြန်မာနိုင်ငံရဲ့ ရှေးဟောင်းမြို့တော် ပုဂံ / ဧရာဝတီ

13.6k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတကာခရီးသွားတွေ သွားရောက် လည်ပတ်သင့်တဲ့ အရှေ့တောင်အာရှက နေရာများ စာရင်းကို Reader’s Digest မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ Reader’s Digest မဂ္ဂဇင်းကိုတော့ အမေရိကန်ပြည်ထောင်စုမှာ ၁ နှစ်လျှင် ၁၀ ကြိမ် ထုတ်ဝေလျက်ရှိပါတယ်။

၁၉၂၂ ခုနှစ်ကတည်းက စတင် ထုတ်ဝေခဲ့တဲ့ Reader’s Digest မဂ္ဂဇင်းဟာ အမေရိကန်နိုင်ငံမှာသာမက ကမ္ဘာမှာလည်း ထင်ရှားတဲ့ မဂ္ဂဇင်းပါ။ အခုလို ကမ္ဘာမှာ ထင်ရှားတဲ့ မဂ္ဂဇင်းကြီးတစောင်က အရှေ့တောင်အာရှမှာ ဦးစားပေး လည်ပတ်သင့်တဲ့ နေရာ ၁၀ နေရာရဲ့စာရင်းကို ဖော်ပြပေးခဲ့ပါတယ်။ အဲဒီနေရာ ၁၀ နေရာ စာရင်းမှာ မြန်မာနိုင်ငံက ပုဂံဒေသဟာ ထိပ်ဆုံးမှာ ရှိနေပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
354
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
817
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

Reader’s Digest မဂ္ဂဇင်းက ရွေးချယ်ပေးခဲ့တဲ့ နေရာ ၁၀ နေရာကတော့ —

(၁) ပုဂံ (မြန်မာနိုင်ငံ)

(၂) အန်ကော ရှေးဟောင်းသုတေသန ပန်းခြံ (ကမ္ဘောဒီးယားနိုင်ငံ)

(၃) ပီနန်(မလေးရှားနိုင်ငံ)

(၄) Ha Long ပင်လယ်အော် (ဗီယက်နမ်နိုင်ငံ)

(၅) Bromo-Tengger-Semeru အမျိုးသားပန်းခြံ (အင်ဒိုနီးရှားနိုင်ငံ)

(၆) လွမ်ပရာဘွမ် (လာအိုနိုင်ငံ)

(၇) Kinabalu တောင် (မလေးရှားနိုင်ငံ)

(၈) ဘာလီ (အင်ဒိုနီးရှားနိုင်ငံ)

(၉) Ifugao (ဖိလစ်ပိုင်နိုင်ငံ) နဲ့

(၁၀) Krabi (ထိုင်းနိုင်ငံ) တို့ ဖြစ်ပါတယ်။

အဲဒီ ဒေသတွေထဲက ဒေသအချို့ရဲ့ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

(၁) ပုဂံ (မြန်မာနိုင်ငံ)

ပုဂံဒေသဟာ မြန်မာမှာသာမက ကမ္ဘာမှာပါ နာမည်ကြီးတဲ့ အရပ်ဒေသ တခုပါ။ ပုဂံမှာ တည်ထားတဲ့ စေတီပုထိုးပေါင်းများစွာကို ကြည့်ရင်း နေဝင်သွားတဲ့ Sunset အချိန်တွေဟာ ကမ္ဘာ့ ဘယ်အရပ်ဒေသမှာမှ မရနိုင်တဲ့ ခံစားမှုမျိုးကို ပေးစွမ်းပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေဟာ ပုဂံနေဝင်ချိန်ကို ကြည့်ရဖို့ နိုင်ငံရပ်ခြားကနေ တကူးတက လာရောက်လေ့ ရှိကြပါတယ်။

ပုဂံမှာရှိတဲ့ စေတီပုထိုးပေါင်းများစွာဟာ တခေတ်တခါက ပုဂံပြည်သားတွေရဲ့ ကြီးကျယ်မှုကို ဖော်ပြနိုင်ရုံ သာမက ပုဂံသားတွေရဲ့ စည်းလုံးခြင်းနဲ့ ခမ်းနားတဲ့ ဗိသုကာလက်ရာတွေ၊ အလှအပတွေကိုပါ ခံစားနိုင်ပါတယ်။

(၂) ပီနန် (မလေးရှားနိုင်ငံ)

ပီနန်ပြည်နယ်ဟာ မလေးရှားနိုင်ငံ အနောက်မြောက်ဘက် ကမ်းရိုးတန်းမှတည်ရှိတဲ့ ကျွန်းဆွယ် တခုပါ။ ပီနန်ပြည်နယ်ကို ၂ ပိုင်း ခွဲခြားထားပါတယ်။ ပီနန်ပြည်နယ်ရဲ့ မြို့တော်ကတော့ George Town မြို့ပါ။ ပီနန်ပြည်နယ်ရဲ့ ထူးခြားချက်ကတော့ အိန္ဒိယ၊ တရုတ်နဲ့ မလေး ယဉ်ကျေးမှုတွေကို ရောနှော ပေါင်းစပ်ထားတာပါပဲ။ နောက်တချက်ကတော့ ပီနန်ပြည်နယ်ရဲ့ အစားအသောက်ပါ။ စားသောက်ဆိုင် အများစုကလည်း ဈေးသက်သာပါတယ်။

ပီနန်ပြည်နယ်ရဲ့ အစားအသောက်တွေကို စားသောက်ပြီးရင်တော့ နောက်ထပ် လုပ်စရာ အလုပ်က George Town မြို့ကို လည်ပတ်ပြီး နှစ်ပေါင်း ၂၀၀ ကျော်လောက်က တည်ဆောက်ခဲ့တဲ့ ဘုရားရှိခိုးကျောင်းဟောင်းကြီးတွေ၊ ခမ်းခမ်းနားနား တည်ဆောက်ထားတဲ့ ဗလီတွေနဲ့ ကိုလိုနီခေတ်က တည်ဆောက်ခဲ့တဲ့ အဆောက်အဦတွေကို လည်ပတ်ဖို့ပါပဲ။ အဲဒီနေရာ အများစုဟာ UNESCO အသိအမှတ်ပြု ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်တွေပါ။

(၃) Ifugao (ဖိလစ်ပိုင်နိုင်ငံ)

လွန်ခဲ့တဲ့နှစ် ထောင်ပေါင်းများစွာက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က ရွှေ့ပြောင်း လယ်သမားတွေဟာ လှေကားထစ် စိုက်ပျိုးရေး နည်းပညာကို ယူဆောင်ပြီး ဖိလစ်ပိုင်နိုင်ငံ Ifugao ဒေသကို ယူဆောင်လာခဲ့ ကြပါတယ်။

ယခုအခါမှာဆိုရင် Ifugao တောင်စောင်းတွေမှာ လှေကားထစ် စိုက်ပျိုးရေး နည်းပညာတွေက ထွန်းကားနေခဲ့ပါပြီ။ Ifugao ဒေသရဲ့ Banaue နဲ့ Batad ကျေးရွာတွေမှာ စပါးရိတ်သိမ်းချိန် ရောက်လာပြီဆိုရင် စပါးပင်တွေဟာ အစိမ်းရောင် တောင်ပနေကြပြီး တောင်စောင်း ပတ်ပတ်လည်မှာဆိုရင်လည်း တောက်ပတဲ့ နေရောင်ခြည်တွေ ဖြာကျနေလေ့ ရှိတတ်ပါတယ်။

ဒီမြင်ကွင်းကို မြင်တွေ့ရတာက အိပ်မက်တခုကို မက်နေရသလို ခံစားစေပါလိမ့်မယ့်။ ဒါကြောင့်လည်း အရှေ့တောင်အာရှ နိုင်ငံတွေကို သွားလည်မယ်ဆိုရင်တော့ Ifugao ဒေသရဲ့ လှေကားထစ် စိုက်ပျိုးရေးများ ရှိရာအရပ်ဆီ သွားရောက် လည်ပတ်သင့်ပါတယ်။ အထူးသဖြင့် ရှုခင်း ဓာတ်ပုံတွေ ရိုက်လေ့ရှိတဲ့ ဓာတ်ပုံဆရာတွေ ပိုပြီးသွားသင့်ပါတယ်။

Ref. Reader’s Digest

You may also like these stories:

ထိုင်းနိုင်ငံ ရောက်ရင် မဖြစ်မနေ သွားလည်သင့်တဲ့ နေရာများ

လည်ပတ်သင့်တဲ့ ရန်ကုန်မြို့တွင်း နေရာများ

ရှန်ဟိုင်းမြို့က အထင်ကရ လည်ပတ်စရာ နေရာများ

ဂျပန်နိုင်ငံမှာ သွားမလည်သင့်တဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် နေရာ ၅ ခု

Your Thoughts …
Tags: Reader's Digestပုဂံအရှေ့တောင်အာရှ
ညီညီသူ

ညီညီသူ

Similar Picks:

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

by ဧရာဝတီ
3 October 2023
10.5k

အနောက်တိုင်းခရီးသည် မရှိသလောက်ပင်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် ကိုယ်စားလှယ်များက ပြောသည်။

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

by ဧရာဝတီ
22 January 2025
9.7k

ထရမ့်ပြန်လာပြီ။ ကမ္ဘာက စိတ်လှုပ်ရှားနေသည်။ သမ္မတထရမ့်သည် အပေးအယူ လုပ်တတ်သော ခေါင်းဆောင်ဖြစ်သည်။

ထရမ့် ခန့်မည့် ကာကွယ်ရေးဝန်ကြီးက အာဆီယံနိုင်ငံများကို မသိသော်လည်း

ထရမ့် ခန့်မည့် ကာကွယ်ရေးဝန်ကြီးက အာဆီယံနိုင်ငံများကို မသိသော်လည်း

by Kevin Chen
18 January 2025
9.5k

မစ္စတာ ဟဂ်ဆတ်သ်၏ အမှားသည် အမေရိကန် ပြည်ထောင်စု-အာဆီယံ ဆက်ဆံရေးနှင့် ပတ်သက်သည့် စိုးရိမ်မှု နှစ်ခုကို ရှေ့တန်းရောက်လာစေသည်။

မြန်မာမှ လူမျိုးစု ယုံကြည်မှုကို တရုတ်က အကွက်ချ ရက်စက်

မြန်မာမှ လူမျိုးစု ယုံကြည်မှုကို တရုတ်က အကွက်ချ ရက်စက်

by Vaishali Basu Sharma
19 December 2024
6.4k

တရုတ်သေနင်္ဂဗျူဟာ၏ တုန်လှုပ်စရာအကောင်းဆုံး သွင်ပြင်မှာ မြန်မာပြည်တွင်း တည်ငြိမ်ရေးကို ဗြောင်ကျကျ ဂရုမစိုက်ခြင်း ဖြစ်သည်။

မင်းအောင်လှိုင်အတွက် ICC ဖမ်းဝရမ်း ဘောင်ကျဉ်းလွန်းပြီး အလွန်နောက်ကျ

မင်းအောင်လှိုင်အတွက် ICC ဖမ်းဝရမ်း ဘောင်ကျဉ်းလွန်းပြီး အလွန်နောက်ကျ

by David Hutt
19 December 2024
5.6k

စာရေးသူ စိတ်ပျက်ရသည့်အကြောင်း နှစ်ခုရှိသည်။ တခုမှာ ပြည်တွင်းအနေအထားအရဖြစ်ပြီး အခြားတခုမှာ ကမ္ဘာ့အနေအထားအရ ဖြစ်သည်။

Next Post
ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင် နှင့် ဒေါ်နန်းထွေးမှုံ / မြတ်ပြည့်ဖြိုး

ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးအား SNLD ကန့်ကွက်မှု ကော်မရှင် ပလပ်

သရုပ်ဆောင်၊ မော်ဒယ် ပိုင်တံခွန်  / ဝေဝေနှင်း / ဧရာဝတီ

"နယ်က ပရိသတ်တွေ ချစ်လို့ နမ်းကြတာကို ကျေးဇူးတင်တယ်"လို့ ပိုင်တံခွန် ပြော 

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.1k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.3k

Most Read

  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate