Travel

၂၀၁၉ ခုနှစ်မှာ မြန်မာ့ခရီးသွားလုပ်ငန်း ပိုမို တိုးတက်လာမယ်လို့ မျှော်မှန်း

၂၀၁၈ ခုနှစ်တုန်းက မြန်မာ့ခရီးသွားလုပ်ငန်းဟာ စိန်ခေါ်မှုတွေ ရှိခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ မြန်မာ့ခရီးသွားလုပ်ငန်းက ပြန်လည် တိုးတက်လာနိုင်စရာရှိတယ်လို့ မျှော်လင့်ရပါတယ်။

မြန်မာ့ခရီးသွား ဈေးကွက်ရှာဖွေရေးရဲ့ အစီရင်ခံစာအရ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည် အရေအတွက် ၁၆၀,၀၀၀ ရှိခဲ့ပါတယ်။ ဖော်ပြထားတဲ့ စာရင်းအရ ဆိုရင်တော့ ခရီးသွား ၂၀ ရာခိုင်နှုန်း တိုးလာတဲ့ သဘောပါပဲ။

မြန်မာနိုင်ငံ အနှံ့အပြားကို လာရောက် လည်ပတ်ကြတဲ့ ခရီးသွားပမာဏ များပြားလာမှုမှာ နိုင်ငံခြားသား ခရီးသွားကဏ္ဍတင် မကဘဲ ပြည်တွင်းခရီးသွား ကဏ္ဍမှာလည်း တိုးလာခဲ့ပါတယ်။ ကလော၊ အင်းလေး၊ ပုဂံ စတဲ့ ဒေသတွေကို နိုင်ငံခြားသား ခရီးသွားတွေအပြင် ပြည်တွင်း ခရီးသွားတွေပါ ပိုမို လည်ပတ်လာကြပါတယ်။ အထူးသဖြင့်ကတော့ အားလပ်ရက်လို အချိန်မျိုးတွေမှာပါ။

ဖေဖော်ဝါရီလ အတွင်းမှာတော့ ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာခဲ့ပါတယ်။ အဓိက ရင်းနှီးမြှပ်နှံလာကြတဲ့ နေရာတွေကတော့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေပါ။ ဒီလို ရင်းနှီးမြှပ်နှံမှုတွေက ရခိုင်အစိုးရအဖွဲ့ကို ထောက်ပံ့ပေးနိုင်မှာဖြစ်သလို မြန်မာ့ရင်းနှီး မြှုပ်နှံမှုကော်မရှင်ကိုလည်း အကျိုး ဖြစ်ထွန်းစေပါလိမ့်မယ်။

မြန်မာ့ ခရီးသွား ဈေးကွက်ရှာဖွေရေးရဲ့ ဥက္ကဋ္ဌ မမေမြတ်မွန်ဝင်းက မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပါတယ်။

“အခုဆိုရင်တော့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာနိုင်ငံကို လာရောက်ပြီး ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နံှလာကြပါတယ်။ ဒါကြောင့်လည်း ဒေသခံပြည်သူတွေနဲ့ ချိတ်ဆက်မိပြီး ဒေသဖွံ့ဖြိုးရေးကိုလည်း လုပ်လာနိုင်မှာဖြစ်သလို ခရီးသွားလုပ်ငန်းတွေကလည်း ပိုမိုကောင်းမွန်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ မမေမြတ်မွန်ဝင်းက ပြောပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ဥပဒေကိုလည်း မနှစ်က ပြဌာန်းခဲ့ပြီးဖြစ်တဲ့အတွက် နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံသူတွေဟာ ဒေသခံ ကုမ္ပဏီတွေရဲ့ ရှယ်ယာ ၃၅ ရာခိုင်နှုန်းကို ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့လည်း TTG Asia Media က ဖော်ပြခဲ့ပါတယ်။

(TTG Asia Media ကို ၁၉၇၄ ခုနှစ်က တည်ထောင်ခဲ့ပြီး အာရှ- ပစိဖိတ်ဒေသရဲ့ ခရီးသွားလုပ်ငန်း အကြောင်း အစဉ်တစိုက် ဖော်ပြလာတဲ့ သတင်းဌာန တခုလည်း ဖြစ်ပါတယ်)

TTG Asia Media တွင် ဖော်ပြထားသော Myanmar tourism expects comeback in 2019 amid rising visitor arrivals, investment
သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။

You may also like these stories: 

ဥရောပဈေးကွက် ပြန်ကောင်းရန် မြန်မာ့ခရီးသွားလုပ်ငန်း မျှော်လင့်

ပုဂံမှသည် အယုဒ္ဓယသို့

နောက်နိုင်ငံများ လက်ရှောင်နေသော မြန်မာ့ခရီးသွားလုပ်ငန်း အာရှသားများကို ဆွဲဆောင်

စက်တပ်လေထီး စီးနင်းခြင်းဖြင့် ခရီးသွားလုပ်ငန်း တိုးတက်အောင်လုပ်မည်ဟု ဆို

Loading