၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့က ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ တရုတ်ခရီးသွား ၄၇ ယောက်ဟာ ဖူးခတ်ကမ်းခြေခရီးစဉ်မှာ မတော်တဆဖြစ်ရပ်ကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။
နောက်တပတ်ဆိုရင်တော့ ဒီဖြစ်ရပ်ကြီးဖြစ်ပျက်ခဲ့တာ တနှစ်ပြည့်တော့မှာဖြစ်သလို ဒီဖြစ်ရပ်က ထိုင်းခရီးသွား လုပ်ငန်းပုံရိပ်ကို ကျဆင်းစေခဲ့ပါတယ်။ တရုတ်ခရီးသွား ၄၇ ယောက်သေဆုံးရမှု အတွက် အခုချိန်ထိတိုင်အောင် ထိုင်းခရီးသွားလုပ်ငန်းဟာ တန်ဖိုးတစုံတရာ ပေးဆပ်နေရတုန်းပါပဲ။
ဒီမတော်တဆဖြစ်ရပ်က ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ကြမယ့် တရုတ်ခရီးသွားအရေအတွက် ကိုလည်း သိသိသာသာ ကျဆင်းစေခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ထိုင်းနိုင်ငံတောင်ပိုင်း ကမ်းခြေတွေဆီကို အလည်လာရောက်ကြမယ့် ခရီးသွားတွေဟာ သူတို့ရဲ့ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ကြပြီး တခြားနိုင်ငံတွေဆီ အလည်ရောက်ကုန်ကြတယ်လို့ ထိုင်းခရီးသွားလုပ်ငန်း တာဝန်ရှိသူတွေက ဆိုပါတယ်။
မတော်တဆဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လနောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ တရုတ်ခရီးသွားဈေးကွက်က သိသိသာသာကို ကျဆင်းခဲ့ပြီး ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ အထိ ၂၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပါတယ်။ ဒီပမာဏဟာ ထိုင်းခရီးသွား လုပ်ငန်းအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပါပဲ။ ဒါကြောင့်လည်း ထိုင်းအစိုးရက ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ကြမယ့် နိုင်ငံ ၂၁ နိုင်ငံကခရီးသွားတွေရဲ့ ပြည်ဝင်ခွင့်ဗီဇအတွက် ဈေးနှုန်း လျှော့ပေးခဲ့ပါတယ်။
ထိုင်းအစိုးရက ပြည်ဝင်ခွင့်ဗီဇာအတွက် ဈေးနှုန်းလျှော့ပေါ့ ပေးခဲ့ပေးမယ့်လည်း တရုတ်နိုင်ငံ ပြည်မကြီးက လာရောက် လည်ပတ်ကြတဲ့ တရုတ်ခရီးသွား အရေအတွက်ကတော့ ကျဆင်းနေတုန်းပါပဲ။
ထိုင်းခရီးသွား လုပ်ငန်းအတွက်တော့ တရုတ်ခရီးသွားဈေးကွက်က ကြီးမားတဲ့ ဈေးကွက်တခုပါ။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတကာက လာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည် ၃၈ သန်း ကျော်မှာ တရုတ်ခရီးသွား အရေအတွက်က ၁၀ သန်းနီးပါး ရှိခဲ့ပါတယ်။
ဒါကြောင့်လည်း တရုတ်ခရီးသွားဈေးကွက် ဆက်ပြီး မကျဆင်းစေချင်ရင်တော့ ဒေသခံအာဏာပိုင်တွေနဲ့ ထိုင်းခရီးသွားလုပ်ငန်း တာဝန်ရှိသူတွေဟာ တရုတ်ခရီးသည်တွေရဲ့ ယုံကြည်မှု ပြန်ရလာအောင် လုပ်ဆောင်ရမှာဖြစ်သလို ခရီးသွားတွေရဲ့ လုံခြုံရေးကိစ္စ အဝဝကိုလည်း ပြန်လည် မြှင့်တင်ဖို့ လိုအပ်ပါတယ်။
Ref:bangkokpost
You may also like these stories:
ကမ္ဘာ့ခရီးသွားများ လည်ပတ်ရာ ဒုတိယ အများဆုံးမြို့ ဖြစ်လာတဲ့ ဘန်ကောက်မြို့
၂၀၁၉ ခုနှစ်မှာ ခရီးသည် ၄၁ သန်းလာရောက်ဖို့ မျှော်လင့်ထားတဲ့ ထိုင်းနိုင်ငံ
Amsterdam ကို လည်ပတ်မယ့် ခရီးသွားအရေအတွက် ထိန်းချုပ်စေချင်တဲ့ မြို့ခံလူထု
နီပေါနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအကြောင်း တစေ့တစောင်း