Travel

ကမ္ဘာ့အကြီးဆုံး အရာများကို ပိုင်ဆိုင်ထားတဲ့ ကနေဒါနိုင်ငံ 

ကနေဒါနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် အကြီးဆုံးနိုင်ငံ တနိုင်ငံလည်း ဖြစ်ပါတယ်။ ကနေဒါနိုင်ငံရဲ့ Ottawa၊ Toronto၊ Montreal နဲ့ Vancouver မြို့တော်တွေက ထင်ရှားသလို ခရီးသွားဈေးကွက်ကလည်း ကြီးမားပါတယ်။ ကနေဒါနိုင်ငံရဲ့ ပထဝီ အနေအထားကလည်း နိုင်ငံတကာ ခရီးသွားတွေကို စိတ်ဝင်စားစေပါတယ်။

၂၀၁၂ ခုနှစ်တုန်းကတော့ ကနေဒါနိုင်ငံကို လာရောက်ခဲ့ကြတဲ့ နိုင်ငံတကာ ခရီးသွား အရေအတွက်ဟာ ၁၆ သန်းရှိခဲ့ပြီး ဝင်ငွေစုစုပေါင်း ၁၇ ဒဿမ ၄ ဘီလီယံ ရရှိခဲ့ပါတယ်။ ခရီးသွားလုပ်ငန်းတွေကနေ ကနေဒါနိုင်ငံသားပေါင်းများစွာ အလုပ်အကိုင် အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။

၂၀၁၅ ခုနှစ်တုန်းက ကနေဒါနိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြတဲ့ နိုင်ငံတကာ ခရီးသွားတွေထဲမှာ အများဆုံ းလာရောက် လည်ပတ်ကြတဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ အင်္ဂလန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ သြစတေးလျ၊ ဂျပန်၊ မက္ကဆီကို၊ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတို့ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံဟာ ကမ္ဘာ့ပေါ်မှာ ဒုတိယ အကြီးဆုံးနိုင်ငံ ဖြစ်ရုံသာမက ကမ္ဘာ့အကြီးဆုံးဆိုတဲ့ အရာတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ အဲဒီအရာတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ကမ္ဘာ့အကြီးဆုံး ဒိုင်နိုဆောရုပ်တု

ကမ္ဘာ့အကြီးဆုံး ရုပ်တုကို ပိုင်ဆိုင်ထားတာကတော့ ကနေဒါနိုင်ငံရဲ့ Drumheller မြို့ပါ။ အဲဒီ ဒိုင်နိုဆောရုပ်တုကြီးက အမြင့် ၂၆ ဒဿမ ၃ မီတာ (၈၆ပေ) နဲ့ အရှည် ၄၆ မီတာ (၁၅၁ ပေ) ရှည်လျားပါတယ်။ ဒိုင်နိုဆော အမ ရုပ်တုဖြစ်ပြီး တန်ချိန်ပေါင်း ၆၅ တန် (ပေါင် ၁၄၅,၀၀၀) အလေးချိန် ရှိပါတယ်။ အမေရိကန်ဒေါ်လာ ၁ သန်းကျော် အကုန်အကျခံပြီး တည်ဆောက်ခဲ့ပါတယ်။

(၂) ကမ္ဘာ့အကြီးဆုံး ဟော်ကီရိုက်တံ

ကမ္ဘာ့အကြီးဆုံး ဟော်ကီရိုက်တံကို ပိုင်ဆိုင်ထားတာကလည်း ကနေဒါနိုင်ငံပဲ ဖြစ်ပါတယ်။ ပိုင်ဆိုင်ထားတဲ့မြို့ကတော့ Duncan မြို့လေးပါ။ Duncan မြို့ဟာ ကနေဒါနိုင်ငံရဲ့ မြို့ငယ်လေး တမြို့ ဖြစ်ပြီး နေထိုင်သူလူဦးရေလည်း နည်းပါးပါတယ်။ ကမ္ဘာ့အကြီးဆုံး ဟော်ကီရိုက်တံကိုတော့ ၁၉၈၅ ခုနှစ်က ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၅ ပေ ရှည်လျားပါတယ်။ အလေးချိန်ကတော့ ၆၁,၀၀၀ ပေါင် (၂၈,၁၁၈ ကီလိုဂရမ်) ရှိပါတယ်။

(၃) ကမ္ဘာ့အကြီးဆုံး ပုဆိန်ရုပ်တု

ကမ္ဘာ့အကြီးဆုံး ပုဆိန်ရုပ်တုကို ပိုင်ဆိုင်ထားတာကတော့ Nackawic မြို့တော်ပါ။ အမြင့် ၁၅မီတာ (၄၉ ပေ) ရှိပြီး ၅၅ တန် အလေးချိန် ရှိပါတယ်။ ပုဆိန်ရဲ့ အကျယ်ကတော့ ၇မီတာ (၂၃ပေ) ရှိပြီး ၁၉၉၁ ခုနှစ်က တည်ဆောက်ခဲ့ပါတယ်။

Ref. Reader’s Digest , Atlas Obscura

You may also like these stories:

ကမ္ဘာမြေမျက်နှာပြင်အောက်မှာ ပုန်းကွယ်နေတဲ့ ဂူများ

စင်ကာပူနိုင်ငံမှာ ဖွင့်လှစ်လိုက်တဲ့ ကမ္ဘာ့အကြီးဆုံး Jewel Changi လေဆိပ်

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်အတွင်းက အရှည်ဆုံး တံတား

နိုင်ငံတကာ ခရီးသွားဧည့်သည် လာရောက်မှု အများဆုံး ၁၀ နိုင်ငံ

Loading