တရုတ်ပြည်အတွင်း ခရီးသွားလာမှု ပိုမိုလွယ်ကူစေဖို့ အတွက် အမေရိကန်ဒေါ်လာ သန်းနဲ့ ချီပြီး ဆောက်လုပ်ထားတဲ့ လေဆိပ် အသစ်တခုကို ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဲဒီလေဆိပ်ဟာ ကြယ်ငါး ပုံစံဖြစ်ပြီး မြင်သူတကာ သဘောကျလောက်အောင် ကြီးမားပါတယ်။
ကွန်မြူနစ်ပါတီ အာဏာရပြီးနောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်မယ့် ဒီလေဆိပ်ဟာ ဘောလုံးကွင်း ၁၀၀ ခန့်စာ ကျယ်ဝန်းတယ်လို့ သိရပါတယ်။
Beijing Daxing အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်မှုဟာ ဇွန်လ ၃၀ ရက်နေ့က အားလုံး ပြီးစီးသွားတာဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက်နေ့မှာ ဖွင့်ပွဲပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။ ဒီလေဆိပ်မှာ လေယာဉ်ပြေးလမ်း ၄ ခု ပါဝင်ပြီး တနှစ်ကို ခရီးသွားပေါင်း ၇၂ သန်းကို ဝန်ဆောင်မှု ပေးနိုင်မယ်လို့ သိရပါတယ်။
၂၀၄၀ ခုနှစ်ကို ရောက်ရင်တော့ စစ်ဖက်ဆိုင်ရာ ပြေးလမ်းတခုအပါအဝင် ပြေးလမ်းပေါင်း ၈ ခုအထိ တိုးချဲ့ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒီလို တိုးချဲ့ပြီးရင်တော့ ခရီးသည် သန်း ၁၀၀ ခန့်ကို ဝန်ဆောင်မှုပေးနိုင်မှာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ၁၉၄၉ ခုနှစ်က ကွန်မြူနစ်ပါတီ အာဏာရပြီးနောက် မော်စီတုန်းဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် အောက်တိုဘာ ၁ ရက်နေ့မှာ တည်ထောင်ခဲ့တာကြောင့် ယခုနှစ်မှာ နိုင်ငံတည်ထောင်မှု နှစ် ၇၀ ပြည့်မှာ ဖြစ်ပါတယ်။ နှစ် ၇၀ ပြည့် အခမ်းအနားကို ဘေဂျင်းမြို့ တလျှောက် ခမ်းနားစွာ ဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
Ref. channelnewsasia.com
You may also like these stories:
ကနေဒါနိုင်ငံကို သွားလည်တဲ့အခါ သိထားသင့်တဲ့ အချက်များ
နိုင်ငံခြားသားခရီးသွားများ လည်ပတ်နိုင်မည့် ခရီးစဉ်အသစ်များ ရန်ကုန်တွင် ဖော်ထုတ်မည်
Whale Shark ကြီးတွေကို အနီးကပ်မြင်တွေ့ခွင့်ရမယ့် ဖိလစ်ပိုင်နိုင်ငံက တံငါရွာလေး
ပိုင်ရှင် ခွင့်ပြုချက် မလိုဘဲ ကြိုက်တဲ့နေရာ ခြေဦးတည့်ရာ သွားလည်နိုင်တဲ့ ဆွီဒင်နိုင်ငံ