ထိုင်းနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း အာဏာပိုင်အဖွဲ့ဖြစ်တဲ့ TAT ဟာ ထိုင်းအမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးကောင်စီ နဲ့ အတူ ထိုင်းခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာအောင် လက်တွဲဆောင်ရွက် နေပါတယ်။ အဲဒီလို လက်တွဲဆောင်ရွက်တဲ့ နေရာမှာ ဒုတိယအဆင့်သတ်မှတ်ထားတဲ့ ပြည်နယ် တွေကိုလည်း နိုင်ငံတကာခရီးသွားတွေ ပိုမိုလာရောက်လည်ပတ်နိုင် ဖို့ ဆိုတဲ့ ကိစ္စလည်း ပါဝင်ပါ တယ်။
နိုင်ငံတကာခရီးသွားတွေ လာရောက်ဖို့ ပထမဦးစားပေးအနေနဲ့ ပြည်နယ် ၁၀ ပြည်နယ်ကို ရွေးချယ် ထားပါတယ်။ ရှေ့ပြေးစီမံကိန်းအနေနဲ့ ရွေးချယ်ထားတဲ့ ပြည်နယ် ၁၀ ပြည်အတွက် ရည်ရွယ်ချက်ကတော့ ဈေးကွက်တောင်းဆိုမှုအရ ရွေးချယ်ထားတာဖြစ်သလို အဲဒီပြည်နယ်တွေ ပိုမိုဖွံ့ဖြိုးတိုးတက် ဖို့လည်းပါဝင်ပါတယ်။
ပထမအဆင့် ဦးစားပေးအနေနဲ့ ရွေးချယ်ထားတဲ့ ပြည်နယ်တွေကတော့ ချင်းရိုင် ၊ မယ်ဟောင် ဆောင် ၊ NongKhai ၊ UbonRatchathani ၊ Sa Kaeo ၊ Trat ၊ Chumphon ၊ Ranong ၊ Trang နဲ့ Satun ပြည်နယ်တို့ပါပဲ။
ဒါကြောင့်လည်း ထိုင်းအစိုးရက အဲဒီနေရာတွေကို ခရီးသွားတွေ ပိုမိုလာရောက်ဖို့ မကြာသေးတဲ့နှစ် တွေကပဲ စီမံကိန်းတရပ်အနေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ထိုင်းအစိုးရရဲ့ရည်ရွယ်ချက်ကတော့ အဲဒီနေရာတွေကို ခရီးသွားတွေ ပိုမိုလာရောက် လည်ပတ်ကြဖို့ ဖြစ်သလို ဒေသခံ လူ့အဖွဲ့အစည်း တွေရဲ့ ဝင်ငွေတိုးလာစေဖို့လည်း ဖြစ်ပါတယ်။
TAT အဖွဲ့ရဲ့ တာဝန်ရှိသူ တယောက်ဖြစ်တဲ့ Yuthasak Supasorn ကလည်း အသေးစိတ်အချက် အလက်တွေကို ဆွေးနွေးနေကြောင်းပြောပါတယ်။
TAT ရဲ့ အသေးစိတ် အစီအစဉ်တွေထဲမှာ တခြားပြည်နယ်တွေ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာဖို့ အတွက် လည်းပါဝင်ပါတယ်။ ဒီစီမံကိန်းတွေ ကနေ ၂၀၂၁ ခုနှစ်မှာဝင်ငွေ ဘတ် ၄ ထရီလီယံ ရဖို့ မျှော်မှန်းထားပါတယ်။ ဒီပမာဏဟာ ၂၀၁၉ ၊ ၂၀၂၀ ခုနှစ်တွေမှာရရှိနိုင်တဲ့ ဝင်ငွေ ဘတ် ၃ ဒဿမ ၈ သန်းနဲ့ ၃ ဒဿမ ၇၂ သန်းထက် ပိုမိုလာဖို့ မျှော်လင့်ထားပါတယ်။
Ref:bangkokpost
You may also like these stories:
အာရှဒေသရဲ့ အလှဆုံး တောင်ပေါ်မြို့ ၉ မြို့ စာရင်းဝင် ပြင်ဦးလွင်မြို့
တရုတ်ခရီးသွား ကျဆင်းသော်လည်း အိန္ဒိယခရီးသွား ထိုင်းသို့ ပိုမိုလာရောက်
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှမှာ အလှဆုံးနိုင်ငံများ
စက်ဝိုင်းပုံစံ ဦးချိုကြောင့် လူစိတ်ဝင်စားမှု များလာတဲ့ ထိုင်းနိုင်ငံက ကျွဲ