ကမ္ဘာလှည့်ခရီးသွားတွေ မဲပေးရွေးချယ်ခဲ့တဲ့ အာရှတိုက်ရဲ့ အလှဆုံးနေရာများ
အာရှတိုက်ရဲ့ အလှဆုံးမြို့တွေ စာရင်းကိုတော့ အာရှကို ချစ်မြတ်နိုးတဲ့လူတွေနဲ့ ကမ္ဘာအနှံ့ ခရီးသွားနေကြတဲ့ ခရီးသွားတွေက မဲပေးရွေးချယ်ခဲ့ပါတယ်။ ဒီအစီအစဉ်ကိုတော့ Ranker Website က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အာရှတိုက်ဟာ မတူကွဲပြားတဲ့ နိုင်ငံတွေနဲ့ စုပေါင်းထားတဲ့ တိုက်တတိုက် ဖြစ်သလို နိုင်ငံတိုင်းလိုလိုမှာလည်း သီးခြားအလှတရားတွေ၊ သမိုင်းကြောင်း ဆိုင်ရာတွေ၊ ယဉ်ကျေးမှုတွေ ကိုယ်စီ ရှိကြပါတယ်။
တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေဆိုရင်လည်း နှစ်စဉ် သန်းနဲ့ချီတဲ့ နိုင်ငံတကာခရီးသွားတွေ အလည် လာရောက်လေ့ ရှိပြီး တိုင်ပေ၊ ချင်းမိုင်နဲ့ အခြားမြို့တွေ ဆိုရင်လည်း ရှေးကျတဲ့ စေတီပုထိုးများစွာရှိပြီး ခရီးသွားတွေ စိတ်ဝင်တစား လည်ပတ်ကြတဲ့ မြို့တွေလည်း ဖြစ်ပါတယ်။
ယဉ်ကျေးမှုဆိုင်ရာမှာ ဆိုရင် တိုကျို၊ ဘန်ကောက်၊ စင်ကာပူစတဲ့ မြို့တွေက ထင်ရှားပါတယ်။ မြို့ငယ်တွေဖြစ်ကြတဲ့ ဂိုအာနဲ့ Hoh Xil မြို့လေးတွေဆိုရင်လည်း တိတ်ဆိတ်ငြိမ်သက်တဲ့ မြို့တွေ ဖြစ်သလို လူစုလူဝေးနဲ့ မဟုတ်ဘဲ တကိုယ်တော် ခရီးသွားတွေအတွက် အဆင်ပြေတဲ့ မြို့တွေပါ။ Shodoshima ကျွန်းနဲ့ Maldives ကျွန်းနိုင်ငံတို့ကလည်း မယုံနိုင်စရာ ကောင်းလောက်အောင် လှပတဲ့ ကမ်းခြေတွေကြောင့် နာမည်ကြီးပါတယ်။
ဒီလိုဆိုရင် အာရှရဲ့ အလှဆုံးမြို့တွေက ဘယ်မြို့တွေလဲ။ အာရှကို ချစ်မြတ်နိုးသူတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေအတွက် ဘယ်နေရာတွေကို သဘောအကျဆုံးလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။ အခု ဖော်ပြပေးမယ့် စာရင်းတွေကတော့ အာရှချစ်သူတွေ စိတ်ကြိုက်ရွေးချယ်ထားတဲ့ နေရာတွေပါ။
၁။ ကျိုတိုမြို့ (ဂျပန်နိုင်ငံ)
၂။ စင်ကာပူမြို့ (စင်ကာပူနိုင်ငံ)
၃။ တိုကျိုမြို့ (ဂျပန်နိုင်ငံ)
၄။ ဟောင်ကောင်မြို့ (တရုတ်နိုင်ငံ)
၅။ ဆိုးလ်မြို့ (တောင်ကိုရီးယားနိုင်ငံ)
၆။ ကွာလာလမ်ပူမြို့ (မလေးရှားနိုင်ငံ)
၇။ ဘာလီကျွန်း(အင်ဒိုနီးရှားနိုင်ငံ)
၈။ Ubud မြို့ (အင်ဒိုနီးရှားနိုင်ငံ)
၉။ ဘန်ကောက်မြို့ (ထိုင်းနိုင်ငံ)
၁၀။ ရှန်ဟိုင်းမြို့ (တရုတ်နိုင်ငံ)
၁၁။ ဖူးခက်ကမ်းခြေ (ထိုင်းနိုင်ငံ)
၁၂။ Cebu ကမ်းခြေ (ဖိလစ်ပိုင်နိုင်ငံ)
၁၃။ Taal မီးတောင် (ဖိလစ်ပိုင်နိုင်ငံ)
၁၄။ Bahol ကျွန်း (ဖိလစ်ပိုင်နိုင်ငံ)
၁၅။ Nagoya မြို့ (ဂျပန်နိုင်ငံ) တို့ ဖြစ်ပါတယ်။
Ref: ranker
You may also like these stories:
ရုပ်ရှင်တွေထဲက အံ့အားသင့်စရာ နေရာတွေအတိုင်း အပြင်မှာ တကယ်ရှိတဲ့ နေရာများ
ကမ္ဘာတဝှမ်းက အန္တရာယ်အများဆုံးလမ်းများ
အာရှဒေသရဲ့ အလှဆုံး တောင်ပေါ်မြို့ ၉ မြို့ စာရင်းဝင် ပြင်ဦးလွင်မြို့