Travel

ဂရိနိုင်ငံရဲ့ လှပတဲ့ ကျွန်းတကျွန်းမှာ နေထိုင်ရုံနဲ့ ယူရို ၄၅၀ ရရှိနိုင်မယ့် အခွင့်အရေး

နေ့စဉ် လုပ်ငန်းဆောင်တာနဲ့ တာဝန်တွေကနေ အနားယူရပ်ဆိုင်းပြီး သာယာလှပတဲ့ နေရာတွေမှာ သက်သောင့်သက်သာနေထိုင်ဖို့ စိတ်ကူးယဉ်ခဲ့ကြဖူးမှာပါ။ ဂရိနိုင်ငံမှာရှိတဲ့ ကျွန်းတကျွန်းကတော့ အဲဒီစိတ်ကူးကို အကောင်အထည် ဖော်ချင်သူတွေအတွက် အခွင့်အရေးတခု ကမ်းလှမ်းလိုက်ပြီ ဖြစ်ပါတယ်။

ဂရိနိုင်ငံမှာရှိတဲ့ Antikythira ကျွန်းမှာ နေထိုင်မယ့် ဘယ်လိုလူမျိုးကိုမဆို တလကို ယူရို ၄၅၀ ခန့် ထောက်ပံ့ကြေးပေးသွားမှာဖြစ်ပြီး ဒီကျွန်းဟာဆိုရင် Crete နဲ့ Kythira ကြားမှာ တည်ရှိပြီး Athens ကနေ ၄၅ မိနစ်လောက် လေယာဉ်စီးရုံနဲ့ ရောက်ရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီလို ထောက်ပံ့ကြေး ပေးရခြင်း အကြောင်းအရင်းကတော့ ကျွန်းပေါ်မှာ နေထိုင်သူ ၂၄ ဦးခန့်သာ ရှိလို့ပဲဖြစ်ပြီး လစဉ်ထောက်ပံ့ကြေးကို ကျွန်းပေါ်မှာရှိတဲ့ Greek Orthodox ဘုရားကျောင်းကနေ ပေးအပ်သွားမှာပဲ ဖြစ်ပါတယ်။

ဒီ Greek Orthodox ဘုရားကျောင်းကနေ လာရောက် နေထိုင်မယ့်သူတွေကို ကန့်သတ်ထားတဲ့ တခုတည်းသော စည်းကမ်းကတော့ အိမ်ထောင် မရှိသူ လူပျို၊ အပျိုတွေ လာရောက် နေထိုင်ခွင့် ရှိပေမယ့် လစဉ်ထောက်ပံ့ကြေးကိုတော့ ရရှိမှာ မဟုတ်ပါဘူး။ မိသားစုလိုက် ပြောင်းရွှေ့နေထိုင်သူတွေကိုသာ ထောက်ပံ့ကြေးပေးသွားမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းကတော့ ဒီကျွန်းပေါ်မှာ လူဦးရေ ၃၀၀ ခန့် နေထိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ လူဦးရေ ၁၀ ဂဏန်းခန့်လောက်ကသာ နေထိုင်တော့တာပါ။

လူဦးရေ နည်းပါးတဲ့ ဒီကျွန်းလေးမှာ ဘဏ်နဲ့ ATM စက်တွေ၊ မီနီစတိုးတွေ မရှိပေမယ့် ၂၄ နာရီ လျှပ်စစ်ဓာတ်အားနဲ မြန်နှုန်းမြင့် အင်တာနက်လိုင်းတွေရှိတာကြောင့် နေထိုင်မယ့်သူတွေအတွက် စိုးရိမ်စရာ မရှိပါဘူး။ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို အနီးအနားမှာရှိတဲ့ ကျွန်းတွေမှာ သွားရောက် ဝယ်ယူနိုင်မှာဖြစ်တာကြောင့် နေထိုင်စားသောက်မှု အခက်အခဲ တစုံတရာ ရှိမှာ မဟုတ်ပါဘူး။

ဒီကျွန်းမှာ နေထိုင်ခွင့်ကို လျှောက်ထားချင်တယ်ဆိုရင်တော့ Antikythira Website မှာ ဝင်ရောက် လျှောက်ထားနိုင်မှာဖြစ်ပြီး လတ်တလောမှာတော့ ငါးဖမ်းလုပ်သားတွေ၊ ဆောက်လုပ်ရေးလုပ်သားတွေနဲ့ မုန့်ဖုတ်သမားတွေ လိုအပ်နေကြောင်း ကြေညာထားတာကို တွေ့ရှိရပါတယ်။

Ref. moon-child.net

You may also like these stories:

ကမ္ဘာ့ပထမဆုံး ဆေးလိပ်ကင်းစင်ကမ်းခြေဖြစ်လာတဲ့ ဂရိနိုင်ငံက ကျွန်းတကျွန်း

မြည်းတွေပေါ် Overweight တင်ဆောင်ပြီး ခရီးသွားခွင့် ပိတ်ပင်လိုက်တဲ့ Santorini ကျွန်း

Loading