Travel

အိန္ဒိယနိုင်ငံရဲ့ အလုပ်အများဆုံး လေဆိပ်များ

Want create site? Find Free WordPress Themes and plugins.

အိန္ဒိယနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာခရီး သွားအရေအတွက်က ၂၀၁၇ ခုနှစ်တုန်းကဆိုရင် ၁ ဒဿမ ၆ ဘီလီယံအထိ ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်နဲ့ ယှဉ်ကြည့်လိုက်မယ် ဆိုရင်တော့ ၁၄ ရာခိုင်နှုန်းတိုးလာခဲ့တယ်လို့ အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ခရီးသွားဈေးကွက်က ကြီးမားသလို ကမ္ဘာ့ တတိယအကြီးဆုံး ဈေးကွက်ကို ပိုင်ဆိုင်ထားပါတယ်။

ခရီးသွားဈေးကွက် ကြီးမားလွန်းတဲ့ အတွက်ကြောင့်လည်း အိန္ဒိယနိုင်ငံရဲ့ လေဆိပ် အများစုကတော့ အမြဲလိုလို အလုပ်များလေ့ ရှိပါတယ်။ အခုဖော်ပြပေးမှာကတော့ အိန္ဒိယနိုင်ငံရဲ့ အလုပ်အများဆုံး လေဆိပ်စာရင်းတွေပဲ ဖြစ်ပါတယ်။

၁။ Indira Gandhi International Airport (Delhi)

အင်ဒီရာ ဂန္ဒီအပြည်ပြည်ဆိုင်ရာ လေဆိပ်ကတော့ အိန္ဒိယနိုင်ငံရဲ့ အလုပ်အများဆုံး လေဆိပ်ဖြစ်သလို ကမ္ဘာပေါ်မှာ ၁၂ ခုမြောက်အလုပ်အများဆုံး လေဆိပ်လည်း ဖြစ်ပါတယ်။ အဲဒီလေဆိပ်မှာဆိုရင် ကလေးတွေကစားနိုင်ဖို့ ကစားကွင်းတွေလည်း ဆောက်လုပ်ပေးထားပါတယ်။ ၂၀၁၉ ခုနှစ်၊ မတ်လက ထုတ်ပြန်ထားတဲ့စာရင်းအရဆိုရင် နိုင်ငံတကာခရီးသွားပေါင်း ၆၉ ဒဿမ ၂ သန်း လာရောက်ခဲ့ပါတယ်။

၂။ Chhatrapati Shivaji Maharaj International Airport (Mumbai)

မွမ်ဘိုင်းမြို့ဟာ အိန္ဒိယနိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး ၂၀၁၉ ခုနှစ် လူဦးရေစာရင်းအရ လူဦးရေ စုစုပေါင်း ၂၂ ဒဿမ ၅ သန်း ရှိပါတယ်။ Chhatrapati Shivaji Maharaj လေဆိပ်ကိုတော့ ၂၀၁၄ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး အိန္ဒိယနိုင်ငံအတွင်းမှာ အလှဆုံးလေဆိပ်လည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ နိုင်ငံတကာ ခရီးသွားအရေအတွက်ပေါင်း ၄၈ ဒဿမ ၈ သန်း ရှိခဲ့ပါပြီ။

၃။ Kempegowda International Airport(Bangalore)

အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ Kempegowda လေဆိပ်က အလုပ်အများဆုံး လေဆိပ်ပါ။ ၂၀၀၈ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး အဆောက်အဦ ပုံစံတွေကလည်း ကြီးကျယ် ခမ်းနားလှပါတယ်။ နိုင်ငံတကာ ခရီးသွားအရေအတွက်ပေါင်း ၃၃ ဒဿမ ၃သန်း အထိ ရှိခဲ့ပါပြီ။ ၂၀၃၀ ခုနှစ်မှာတော့ နိုင်ငံတကာ ခရီးသွားပေါင်း ၄၅ သန်းလာရောက်ဖို့ မျှော်လင့်ထားပါတယ်။

၄။ Chennai International Airport

Chennai လေဆိပ်ကို ရောက်ပြီဆိုရင်တော့ Robot စက်ရုပ်တွေက ခရီးသွားဧည့်သည်တွေကို ကြိုဆိုနေတာ တွေ့ရပါလိမ့်မယ်။ ၂၀၂၁ ခုနှစ်မှာ နိုင်ငံတကာ ခရီးသွားပေါင်း သန်း ၃၀ လာရောက်ဖို့ အိန္ဒိယအစိုးရက မျှော်လင့်ထားသလို အခုဆိုရင်တော့ ခရီးသွားပေါင်း ၂၂ ဒဿမ ၅ သန်း ရှိခဲ့ပြီ ဖြစ်ပါတယ်။

၅။ Netaji Subhas Chandra Bose International Airport

ကာလကတ္တားမြို့ မှာရှိတဲ့ ဒီလေဆိပ်ကတော့ အိန္ဒိယနိုင်ငံရဲ့ အလုပ်အများဆုံး လေဆိပ်ဖြစ်သလို ခရီးသွားပေါင်း ၂၁ ဒဿမ ၈ သန်း လာရောက်ခဲ့ပြီ ဖြစ်ပါတယ်။ လေဆိပ်အတွင်းမှာဆိုရင် ညစာကောင်းကောင်းစားသောက်နိုင်တဲ့ဈေးဆိုင်ကောင်းကောင်းတွေ ရှိပါတယ်။ ဒီလေဆိပ်ကိုတော့ ၂၀၁၃ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ခရီးသွားပေါင်း သန်း ၄၀ လာရောက်ဖို့ အိန္ဒိယအစိုးရက မျှော်လင့်ထားပါတယ်။

Ref: edition.cnn

You may also like these stories:

၂၀၁၉ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းစာရင်းဝင် လေဆိပ်များ

Skytrax မှာ ဖော်ပြထားတဲ့ ကမ္ဘာ့အကောင်းဆုံး လေဆိပ် ၁၀ ခု

ကမ္ဘာ့အကောင်းဆုံး ဇိမ်ခံ ဂျက်လေယာဉ်များ

Did you find apk for android? You can find new Free Android Games and apps.
Loading