ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာခရီးသွား အရေအတွက်က နှစ်စဉ် နှစ်တိုင်း ပိုတိုးလာနေပါတယ်။ နိုင်ငံတကာ ခရီးသွားတွေကြားမှာ “Land of Smile” လို့ ရေပန်းစားတဲ့ ထိုင်းနိုင်ငံဟာ ဖော်ရွေမှုကြောင့်လည်း ခရီးသွားတွေ အများအပြား လာရောက်ကြရခြင်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံက နိုင်ငံတကာ ခရီးသွားတွေကြားမှာ အဓိက နာမည်ကြီးတဲ့ အကြောင်းရင်းကတော့ ခရီးသွား ဧည့်သည်တွေကို အထူး ဂရုစိုက်တဲ့ အတွက်ကြောင့်ပါ။ ဒါကြောင့်လည်း နိုင်ငံတကာ ခရီးသွားတွေက ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ကြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက အပန်းဖြေ ကမ်းခြေတွေဟာလည်း နာမည်ကျော်ကြားတဲ့အတွက် အမြဲလိုလို ခရီးသွားဧည့်သည်တွေ ပြည့်နေတတ်ပါတယ်။
ထိုင်းနိုင်ငံက ဟိုတယ်အများစုဟာ ဈေးကြီးပေမယ့်လည်း ပေးရတဲ့ ဈေးနှုန်းနဲ့ တန်တဲ့ ဝန်ဆောင်မှုမျိုးကိုသာ ပေးကြပါတယ်။ ဟိုတယ်မှာ ဖျော်ဖြေရေးကအစ အစုံအလင် ပါဝင်ပြီး ဟိုတယ်တွေက ခရီးသွားရာသီဆို အမြဲလိုလို လူပြည့်နေလေ့ ရှိပါတယ်။ ထိုင်းနိုင်ငံမှာ ရှေးကျတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ အစားအသောက်ကောင်းတွေ ရှိတာကြောင့်လည်း နိုင်ငံတကာ ခရီးသွားတွေ နှစ်သက်တဲ့ အချက်တချက် ဖြစ်ပါတယ်။
ထိုင်းနိုင်ငံကို တရုတ်နိုင်ငံကနေ လာရောက် လည်ပတ်ကြတဲ့ ခရီးသွား အရေအတွက်ဟာ နှစ်စဉ်လိုလို ပိုမို များပြားလာခဲ့ပါတယ်။ ထိုင်းခရီးသွားဈေးကွက်မှာ တရုတ် ခရီးသွားတွေက တိုင်းပြည် ဝင်ငွေရဲ့ ၅ ပုံ ၁ ပုံစာ ရှိနေပြီး ခရီးသွားလုပ်ငန်းတွေကနေ ရတဲ့ဝင်ငွေက တိုင်းပြည် GDP (Gross domestic product) ရဲ့ ၁၂ ရာခိုင်နှုန်း ရှိပါတယ်။
၂၀၁၇ ခုနှစ်တုန်းကတော့ ထိုင်းနိုင်ငံကို နိုင်ငံတကာ ခရီးသွား ဧည့်သည်ပေါင်း ၃၁ သန်း လာရောက် လည်ပတ်ခဲ့ကြသလို ၂၀၁၈ ခုနှစ်မှာလည်း ၃၈ ဒဿမ ၂၇ သန်း လာရောက်ခဲ့ပါတယ်။ ဒါကြောင့် ထိုင်းအစိုးရဟာ ၂၀၁၉ ခုနှစ်မှာ ခရီးသွားပေါင်း ၄၁ သန်း လာရောက်ဖို့ မျှော်လင့်ထားပါတယ်။
ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက အမြဲ ဖွံ့ဖြိုးနေတဲ့အတွက် တိုင်းပြည်ဝင်ငွေကလည်း ပိုမိုတိုးတက်လာပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ တလတည်းမှာတင် ခရီးသွား ၃ ဒဿမ ၈၅ သန်း လာရောက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ထိုင်းနိုင်ငံဟာ ခရီးသွားပေါင်း ၄၁ ဒဿမ ၁ သန်းလောက်ကနေ ဝင်ငွေ ၂ ဒဿမ ၂၁ ထရီလီယံ ရဖို့ ထိုင်းအစိုးရက မျှော်လင့်ထားပါတယ်။
Ref. Asiahighlight, Bangkokpost
You May Also Like These Stories:
ခရီးသွားတွေ ပိုမိုလာရောက်အောင် အာရုံစိုက်ဆောင်ရွက်နေတဲ့ ထိုင်းခရီးသွားလုပ်ငန်း အေဂျင်စီများ
မွတ်စလင် ခရီးသွားဈေးကွက်ကို ထပ်မံချဲ့ထွင်ဖို့ ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံ