Travel

သြဂုတ်လအတွင်း ခရီးထွက်လို့ ကောင်းတဲ့ အာရှက နေရာများ

Want create site? Find Free WordPress Themes and plugins.

အာရှနိုင်ငံတွေရဲ့ နေရာအများစုကို ခရီးမထွက်ဖူးသူတွေအတွက် သြဂုတ်လဟာ ခရီးထွက်လို့ကောင်းတဲ့ လတလပါ။ ဒီအချိန်မှာ အာရှရဲ့နေရာတွေကို ခရီးထွက်ခဲ့ရင် သဘာဝ အလှအပတွေကို မြင်တွေ့ရပါလိမ့်မယ်။

အာရှနိုင်ငံ အများစုဟာ မတူ၊ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေ ပေါင်းစုံနေတဲ့ နိုင်ငံတွေ ဖြစ်သလို သမိုင်းကြောင်းအရလည်း ကြီးကျယ် ခမ်းနားတဲ့ နေရာတွေလည်း ရှိကြပါတယ်။ အာရှနိုင်ငံသား အများစုဟာ ပေါင်းသင်းဆက်ဆံရ လွယ်ကူသလို ခင်မင်စိတ်ရှိတဲ့ လူတွေလည်း ဖြစ်ကြပါတယ်။ ဒါကြောင့် သြဂုတ်လမှာ ခရီးထွက်ရင် သင့်တော်တဲ့ အာရှနိုင်ငံတွေရဲ့ ဒေသတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ပုဂံ(မြန်မာနိုင်ငံ)

ပထမဆုံး ဖော်ပြပေးချင်တဲ့ နေရာကတော့ ပုဂံဒေသပါ။ မကြာသေးခင်ကမှ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) မှ ပုဂံယဉ်ကျေးမှုဇုန်ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ပြီးပုဂံဒေသဟာဆိုရင် မြန်မာနိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံတကာ ခရီးသွားတွေကို အဓိကဆွဲဆောင်တဲ့ နေရာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာက လာရောက်ကြတဲ့ ခရီးသွားတွေဟာ ပုဂံ ရှေးဟောင်းပုထိုးတွေနဲ့ ပုဂံရဲ့ သမိုင်းကြောင်းတွေ၊ ဗိသုကာ လက်ရာတွေကို လေ့လာချင်လို့ လာကြတာပြီး ပုဂံရဲ့နေဝင်ဆည်းဆာ အလှကိုလည်း ကြည့်ရှု ခံစားဖို့ လာရောက်ကြတာ များပါတယ်။ ရှေးကျတဲ့ စေတီပုထိုးတွေကလည်း မြန်မာနိုင်ငံရဲ့ သမိုင်းနဲ့ ခမ်းနားတဲ့ ဗိသုကာလက်ရာတွေကို ဖော်ပြနေပါတယ်။ မီးပုံးပျံစီးပြီး ပုဂံရဲ့အလှကို အပေါ်စီးကနေ မြင်တွေ့နိုင်ပါတယ်။ သြဂုတ်လအတွင်းမှာဆိုရင် ပုဂံရဲ့ရာသီဥတုကလည်း သာယာတဲ့အတွက် ခရီးထွက်လို့ ကောင်းတဲ့အချိန်ပါပဲ။

(၂) ပီနန်(မလေးရှားနိုင်ငံ)

သြဂုတ်လအတွင်း ခရီးထွက်လို့ကောင်းတဲ့ နေရာတွေထဲမှာ ပီနန်လည်း ပါဝင်ပါတယ်။ အချိန်ဖြုန်းလို့ အကောင်းဆုံးနေရာကတော့ Cheong Fatt Tze ပြတိုက်ပါ။ ပီနန်ပြည်နယ်မှာဆိုရင်တော့ ကွဲပြားတဲ့ ဗိသုကာလက်ရာတွေကို ကြည့်ရှုနိုင်ပါတယ်။ အရသာရှိတဲ့ အစားအသောက်တွေကိုလည်း ဈေးနှုန်း ချိုချိုသာသာနဲ့ စားသောက်နိုင်ပါတယ်။ ပီနန်တောင်ပေါ် တက်မယ်ဆိုရင်လည်း တိမ်တွေက ကိုယ့်ခြေထောက်အောက်မှာလွင့်မျောနေတာကို ခံစားနိုင်ပါတယ်။

(၃) ချင်းမိုင်(ထိုင်းနိုင်ငံ)

ထိုင်းနိုင်ငံရဲ့ မြို့တော်၊ ဘန်ကောက်မြို့ကတော့ စီးပွားရေး၊ နည်းပညာတွေနဲ့ အမြဲတက်ကြွနေတဲ့ မြို့ပါ။ ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်းမြို့တော် ဖြစ်တဲ့ ချင်းမိုင်မြို့ကတော့ ခရီးသွားလုပ်ငန်းမြို့ပါ။ ချင်းမိုင်မြို့ရဲ့ အဓိကဝင်ငွေကို ခရီးသွားလုပ်ငန်းတွေကနေ ရရှိပါတယ်။ ပင်ပန်းနေသူတွေ အတွက်ဆိုရင်လည်း ထိုင်းရိုးရာ အနှိပ်ခန်းကောင်းကောင်းတွေ ရှိပါတယ်။ ဒါ့အပြင် သက်သောင့်သက်သာ တည်းခိုနိုင်တဲ့ ဟိုတယ် ကောင်းကောင်းတွေလည်း အများကြီး ရှိပါတယ်။

(၄) Male’ (မော်လ်ဒိုက်နိုင်ငံ)

ကမ်းခြေ ချစ်သူတွေအတွက် သြဂုတ်လအတွင်း ခရီးထွက်လို့ကောင်းတဲ့ နေရာက မော်လ်ဒိုက်နိုင်ငံပါ။ မော်လ်ဒိုက်နိုင်ငံမှာ လည်ပတ်စရာ နေရာတွေ အများကြီးရှိတဲ့ အနက် Male’ မြို့ကတော့ ပျော်ပွဲစားထွက်လို့ ကောင်းတဲ့ မြို့တမြို့ပါ။ အပူချိန်ကလည်း သင့်တင့် မျှတမှု ရှိပါတယ်။ သြဂုတ်လအတွင်းမှာဆိုရင် ပျမ်းမျှအပူချိန် ၂၈ ဒီဂရီ စင်တီဂရိတ်ခန့် ရှိပါတယ်။ ရေအနက်ပိုင်းထိ ရောက်အောင် ရေငုပ်ခြင်းနဲ့ အခြား ရေကစားနည်း အမျိုးမျိုးကိုလည်း ပြုလုပ်နိုင်ပါသေးတယ်။ နေ့ခင်းဘက်တွေဆိုရင်လည်း Hulhule’ ကျွန်းကိုအလည် သွားရောက်နိုင်သလို Tsunami ကျောက်တိုင် ရှိရာဆီလည်း သွားရောက် လည်ပတ်နိုင်ပါတယ်။

(၅) ကိုလံဘို(သီရိလင်္ကာနိုင်ငံ)

မိုးရာသီရောက်လာတဲ့ သြဂုတ်လမှာ နောက်ထပ် ခရီးထွက်လို့ကောင်းတဲ့ နေရာကတော့ သီရိလင်္ကာနိုင်ငံရဲ့ ကိုလံဘိုမြို့တော်ပါ။ ကိုလံဘိုမြို့ရဲ့ အမျိုးသားပြတိုက်ကလည်း လည်ပတ်စရာ ကောင်းတဲ့ နေရာဖြစ်သလို Gangaramaya ဗုဒ္ဓဘာသာကျောင်းကြီးကလည်း သွားရောက် လေ့လာ ဖူးမြော်သင့်တဲ့ နေရာပါ။ ဈေးသုံးမယ်ဆိုရင်တော့ Pettah မှာ သုံးပါ။ ကိုလံဘိုမြို့မှာဆိုရင် သြဂုတ်လရဲ့အပူချိန်က ၂၈ ဒီဂရီ စင်တီဂရိတ်လောက်သာ ရှိပါတယ်။

Ref. traveltriangle , huffpost

You may also like these stories:

ဈေးနှုန်းချိုသာစွာနဲ့ တည်းခိုနိုင်တဲ့ အရှေ့တောင်အာရှက ဟိုတယ်နဲ့ အပန်းဖြေခစန်းများ

ကမ္ဘာလှည့်ခရီးသွားတွေ မဲပေးရွေးချယ်ခဲ့တဲ့ အာရှတိုက်ရဲ့ အလှဆုံးနေရာများ

ကလေးတွေနဲ့အတူ ခရီးထွက်လို့ကောင်းတဲ့ အရှေ့တောင်အာရှက နေရာများ

အရှေ့တောင်အာရှမှာ အေးအေးချမ်းချမ်း လည်ပတ်နိုင်မယ့် နေရာ ၃ နေရာ

မဖြစ်မနေ လည်ပတ်သင့်တဲ့ အရှေ့တောင်အာရှ နေရာများစာရင်းမှာ ပုဂံ ထိပ်ဆုံးက ပါဝင်

Did you find apk for android? You can find new Free Android Games and apps.
Loading