၂၀၁၉ ခုနှစ် မေလပိုင်းလောက်အထိ ကမ္ဘောဒီးယားနိုင်ငံကို တရုတ်ခရီးသည်တွေ ပိုမို လာရောက် လည်ပတ်ခဲ့ပါတယ်။ ၅ လအတွင်း လာရောက် လည်ပတ်ခဲ့တဲ့ တရုတ် ခရီးသည်အရေအတွက် ၆၈၃,၄၃၆ ယောက်ရှိခဲ့ပြီး ဒီပမာဏဟာ မနှစ်ကထက်စာရင် ၃၅ ဒဿမ ၁ ရာခိုင်နှုန်းတိုး လာခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးက ပြောပါတယ်။
ဇန်နဝါရီလကနေ မတ်လအတွင်း ကမ္ဘောဒီးယားနိုင်ငံကို နိုင်ငံတကာ ခရီးသွားပေါင်း ၁ ဒဿမ ၈၇ သန်း လာရောက် လည်ပတ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ထက်စာရင် ဒီပမာဏဟာ ပိုမို တိုးတက်လာတာဖြစ်ပြီး ၉ ဒဿမ ၇ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ ခရီးသွားလာရေးဝန်ကြီးဖြစ်တဲ့ Thong Khon ရဲ့အပြောအရ ၂၀၂၀ ခုနှစ်မှာ တရုတ်ခရီးသွား စုစုပေါင်း ၃ သန်း လာရောက်ဖို့ မျှော်လင့်ထားပြီး ၂၀၂၅ ခုနှစ်မှာတော့ ၅ သန်းလာရောက်ဖို့ မျှော်လင့်ထားတယ်လို့ ဆင်ဟွာသတင်းဌာနကို ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံအတွက် ခရီးသွားလုပ်ငန်းဟာ နိုင်ငံ့ စီးပွားရေးရဲ့ စတုတ္ထမြောက် အစိတ်အပိုင်း တခုပါ။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက တရုတ်ခရီးသွား၂ သန်း အပါအဝင် နိုင်ငံတကာ ခရီးသွား ၆ ဒဿမ ၂ သန်း လာရောက်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ကမ္ဘောဒီးယားနိုင်ငံဟာ ခရီးသွားလုပ်ငန်းကနေ ဝင်ငွေ ၄ ဒဿမ ၃၅ ဘီလီယံဒေါ်လာ ရရှိခဲ့ပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေအတွက်တော့ တရုတ် ခရီးသွားတွေဟာ ကြီးမားတဲ့ အရင်းအမြစ်တခု အဖြစ် ရှိနေတုန်းပါပဲ။
Ref. xinhuanet
You may also like these stories:
ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်များ တည်ရှိရာ မြို့ကြီးများ
နိုင်ငံတကာ ခရီးသွားတွေ လည်ပတ်လေ့ရှိတဲ့ ကမ္ဘာ့အလှဆုံး သင်္ချိုင်းများ
အရှေ့တောင်အာရှမှာ အေးအေးချမ်းချမ်း လည်ပတ်နိုင်မယ့် နေရာ ၃ နေရာ
ဈေးသက်သာတဲ့အချိန် ရွေးပြီး လည်ပတ်သင့်တဲ့ နေရာများ