အခုနှစ်ပိုင်းတွေမှာ အရှေ့တောင်အာရှနိုင်ငံတွေဆီကို တရုတ်ခရီးသွားတွေ ပိုမိုလည်ပတ်လာ ကြတာ တွေ့ရပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ကနေ မတ်လအတွင်း ဖိလစ်ပိုင်နိုင်ငံကို လာရောက်လည်ပတ်ခဲ့ကြတဲ့ တရုတ်ခရီးသွား အရေအတွက် ၄၆၃၈၀၄ ဦး ရှိခဲ့ပြီး၊ ၂၀၁၈ ခုနှစ် ထက်စာရင် ၂၄ ဒဿမ ၈၇ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံရဲ့ ခရီးသွားလာရေး လုပ်ငန်းဦးစီးဌာန DOT က ပြောပါတယ်။
DOT ရဲ့ အစီရင်ခံစာအရ ဆိုရင်တော့ ၂၀၁၈ ခုနှစ်၊ ပထမ ၃လ အတွင်း ဖိလစ်ပိုင်နိုင်ငံကိုလာရောက် လည်ပတ် ခဲ့ကြတဲ့ တရုတ်ခရီးသွားအရေအတွက်က ၃၇၁၄၂၉ ဦးသာ ရှိခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံကို အများဆုံး လာရောက်လည်ပတ်ကြတာကတော့ တောင်ကိုရီးယာနိုင်ငံသားတွေ ပါ။ တောင်ကိုရီးယားနိုင်ငံသားတွေ ဖိလစ်ပိုင်နိုင်ငံကို လာရောက်လည်ပတ်တဲ့ အရေအတွက်ကလည်း နှစ်စဉ်လိုလို တိုးတက်လာနေပါတယ်။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ကနေ မတ်လ အထိ ဖိလစ်ပိုင်နိုင်ငံကို လာရောက်လည်ပတ်ခဲ့ကြတဲ့ တောင် ကိုရီးယားနိုင်ငံသား အရေအတွက်က ၄၇၇၀၈၇ ဦးသာ ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ၅၁၉၅၈၄ ဦး ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ၈ ဒဿမ ၉၁ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ DOT က ဆိုပါတယ်။
DOT ရဲ့ အစီရင်ခံစာအရ ဆိုရင်တော့ ပထမ ၄ လပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံကို လာရောက်လည် ပတ်ခဲ့ကြတဲ့ နိုင်ငံတကာခရီးသွားအရေအတွက်က ၂ ဒဿမ ၂ သန်းရှိသွားခဲ့ပါပြီ။ နိုင်ငံတကာ ခရီး သွားတွေ ဖိလစ်ပိုင်နိုင်ငံကို ပိုမိုလည်ပတ်လာကြတဲ့အတွက် ခရီးသွားအရေအတွက်က နှစ်စဉ်လိုလို တိုးလာနေပါတယ်။
၂၀၁၈ ခုနှစ်၊ ပထမ ၄ လပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံကို လာရောက်ခဲ့ကြတဲ့ ခရီးသွားအရေအတွက် က ၂ ဒဿမ ၀၅ သန်းရှိခဲ့ပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေကို တရုတ်ခရီးသွားတွေ ပိုမိုလည်ပတ်လာကြတဲ့အတွက် ဇန်နဝါရီလ ကနေ ဇွန်လ အတွင်း မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ခဲ့ကြတဲ့ တရုတ်ခရီးသွားအရေအတွက်က ၃၂၀၈၈၂ ဦး ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကတော့ ၁၈၇၁၈၅ ဦးသာ ရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံ ကိုလာရောက်လည်ပတ်ကြတဲ့ တရုတ်ခရီးသွား အရေအတွက်ကလည်း တိုးတက်လာခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာတော့ နိုင်ငံပေါင်း ၂၈ နိုင်ငံ ကနေ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ခဲ့ကြတဲ့ နိုင်ငံတကာခရီးသွား အရေအတွက်ပေါင်း ၉ သိန်းကျော် ရှိသွားခဲ့ပါပြီ။
Ref:xinhuanet
You May Also Like These Stories:
ယခုနှစ် ကမ္ဘောဒီးယားသို့ တရုတ်ခရီးသည်များ ပိုမိုလာရောက်
တရုတ်ခရီးသွား လာရောက်မှု ယမန်နှစ်ထက် ၂သိန်းနီးပါး တိုးလာ