Travel

ခရီးသွားတွေ အလာနည်းနေသေးတဲ့ ဘူတန်နိုင်ငံ

အာရှနိုင်ငံ အများစုဟာ လျင်လျင်မြန်မြန်နဲ့ တိုးတက်နေကြပါတယ်။ ဒါပေမဲ့ ဘူတန်နိုင်ငံကတော့ အခြေအနေတမျိုးပါ။ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံကြားမှာ ရှိပေမယ့် ဘူတန်နိုင်ငံကို ခရီးသွားဧည့်သည်တွေ အလွန် အလာနည်းပါတယ်။

ဘူတန်နိုင်ငံဟာ ခရီးသွားလုပ်ငန်းကို ၁၉၇၄ ခုနှစ်ကတည်းက စတင်ခဲ့ပါတယ်။ ခရီးသွားလုပ်ငန်း စတင်ခဲ့ရတဲ့ အကြောင်းကလည်း ဘူတန် လူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ ရိုးရာအစဉ်အလာတွေကို ကမ္ဘာကြီးနဲ့ မိတ်ဆက်ပေးဖို့ အတွက်ပါ။

ခရီးသွားလုပ်ငန်း စတင်ခဲ့တဲ့ ၁၉၇၄ ခုနှစ်မှာ ဘူတန်နိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြတဲ့ ခရီးသွား အရေအတွက်ဟာ ၂၈၇ ယောက်သာ ရှိခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေရောက်လာတဲ့ ၁၉၉၂ ခုနှစ်မှာတော့ ဘူတန်နိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ ခရီးသွားပေါင်းက ၂,၈၅၀ ယောက် ရှိခဲ့ပါတယ်။

ဘူတန်အစိုးရဟာ နိုင်ငံခြားဧည့်သည်တွေအတွက် ခရီးသွားလုပ်ငန်းကို ဖွင့်လှစ်ပေးခဲ့ပေမယ့် သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်၊ ဘူတန်လူမျိုးတွေရဲ့ အေးချမ်းစွာနေထိုင်တတ်မှုနဲ့ ယဉ်ကျေးမှုတွေကိုတော့ ထိခိုက်လာမှာ စိုးရိမ်လေ့ ရှိပါတယ်။

၂၀၁၆ ခုနှစ်တုန်းကအထိ ဘူတန်နိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်ပေါင်းက ၂၀၉,၅၇၀ ယောက်သာ ရှိခဲ့ပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ်ထက်စာရင် ၃၅ ရာခိုင်နှုန်း တိုးလာတာပါပဲ။

ဘူတန်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း စောင့်ရှောက်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရဆိုရင် ၂၀၁၈ ခုနှစ်မှာ ဘူတန်နိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြတဲ့ ခရီးသွား ဧည့်သည်ပေါင်း ၂၇၄,၀၉၇ ယောက်သာ ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ထက်စာရင် ၇ ဒဿမ ၆၁ ရာခိုင်နှုန်း တိုးလာပါတယ်။ ဒါပေမယ့်လည်း ၂၀၁၈ ခုနှစ်မှာ ဘူတန်အစိုးရဟာ ခရီးသွားလုပ်ငန်းကနေ ၅ ဒဿမ ၆ သန်း ရရှိခဲ့ပါတယ်။

ဘူတန်နိုင်ငံကို အဓိက လာရောက် လည်ပတ်ကြတာကတော့ အိန္ဒိယနိုင်ငံသားတွေပါ။ နောက်ထပ် အများဆုံး လာရောက် လည်ပတ်ကြတာကတော့ အမေရိကန်၊ တရုတ်၊ စင်ကာပူ၊ ထိုင်း၊ အင်္ဂလန် နဲ့ ဂျာမနီနိုင်ငံတို့က ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ဗီယက်နမ်နိုင်ငံသားတွေ အဓိက လာရောက် လည်ပတ်ကြပါတယ်။

ဘူတန်နိုင်ငံဟာ သွားလာရ ခက်ခဲတဲ့ နိုင်ငံ တနိုင်ငံတနိုင်ငံပါ။ တနိုင်ငံလုံးမှာမှ လေယာဉ်ကွင်း ၄ ကွင်းသာ ရှိပါတယ်။ ဒါပေမယ့် ဘူတန်နိုင်ငံဟာ လှပတိတ်ဆိတ်တဲ့ နိုင်ငံဖြစ်သလို ဒေသခံတွေကလည်း ဖော်ရွေလေ့ ရှိကြပါတယ်။

ခရီးသွား အများစုကတော့ ဘူတန်လူမျိုးတွေရဲ့ ယဉ်ကျေးမှု ထုံးတမ်းဓလေ့တွေကို သဘောကျလေ့ရှိ တဲ့အတွက် ဘူတန် နိုင်ငံကိုရောက်ရင် သူတို့ရဲ့ ဓလေ့ထုံးစံတွေကို သင်ယူလေ့ ရှိကြပါတယ်။

Ref. edition.cnn, dailybhutan

You may also like these stories:

၂၀၁၉ မှာ သွားရောက် လည်ပတ်သင့်တဲ့ နိုင်ငံများ

Loading