အရှေ့တောင်အာရှ နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ နှုှိင်းယှဉ်ရင် ဂျပန်နိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွားအရေအတွက်ဟာ နည်းလွန်းပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည် အရေအတွက်က ၃၈ ဒဿမ ၂၇ သန်း ရှိခဲ့ပေမယ့် ဂျပန်နိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွား အရေအတွက်က ၃၁ ဒဿမ ၂ သန်းသာ ရှိခဲ့ပါတယ်။
ခရီးသွားလုပ်ငန်းရဲ့ အကောင်းအဆိုးကို တိုင်းတာတာကတော့ ကိုယ့်နိုင်ငံကို နိုင်ငံတကာ ခရီးသွားဧည့်သည်ပေါင်း ဘယ်လောက် လာရောက်ခဲ့ကြသလဲ ဆိုတဲ့နည်းနဲ့ တိုင်းတာတာပါ။ ဒီနည်းလမ်းက အခုချိန်အထိ အကောင်းဆုံး နည်းလမ်းတခု ဖြစ်နေပါသေးတယ်။ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ တည်ငြိမ်နေမယ်ဆိုရင် အဲဒီနိုင်ငံကို ခရီးသွားဧည့်သည်တွေ အလာများတာကလည်း ဓမ္မတာပါပဲ။
အခုဆိုရင်လည်း ဂျပန်နိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ ခရီးသွား ဧည့်သည်အရေအတွက် ပိုတိုး လာနေပါတယ်။ ဂျပန်နိုင်ငံကို လာရောက်ကြတဲ့ ခရီးသွား ဧည့်သည်တွေရဲ့ ပုံစံကတော့ အရင်ကနဲ့ မတူတော့ပါဘူး။ အရင်တုန်းကတော့ ဂျပန်နိုင်ငံကို လာရောက်ကြတဲ့ ခရီးသွားတွေဟာ အဓိကမြို့ကြီးတွေမှာ ဈေးဝယ်ထွက်ဖို့လောက်သာ စိတ်ဝင်စားကြပါတယ်။ အခုတော့ ဧည့်သည်တွေဟာ ဈေးဝယ်ထွက်ဖို့ထက် ဂျပန်နိုင်ငံရဲ့ မြို့ငယ်လေးတွေမှာ ကြည်နူးစရာကောင်းတဲ့ အတွေ့အကြုံတွေကို ပိုပြီးရှာဖွေလာကြပါတယ်။
၂၀၁၈ ခုနှစ်အတွင်း ဂျပန်နိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြတဲ့ ခရီးသွားပေါင်း ၃၁ ဒဿမ ၂ သန်း ရှိခဲ့ပါတယ်။ ဂရပ်မှာ ဖော်ပြထားချက်အရ ဆိုရင်တော့ ၁၆ နှစ်တာ ကာလအတွင်း ခရီးသွားပေါင်း သန်း ၃၀ ထက် ကျော်လွန်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာလည်း တိုကျို အိုလံပစ်ပြိုင်ပွဲ ကျင်းပဖို့ရှိနေတဲ့အတွက် ခရီးသွားပေါင်း သန်း ၄၀ နီးပါး ရှိလာမယ်လို့ မျှော်လင့်ထားပါတယ်။
၂၀၁၈ ခုနှစ်အတွင်း ဂျပန်နိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြတဲ့ အာရှနိုင်ငံတွေရဲ့ အရေအတွက်ကလည်း တိုးလာခဲ့ပြီး ၂၆ ဒဿမ ၄ သန်းအထိ ရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ပထမ ၆ လအတွင်း ဂျပန်နိုင်ငံကို လာရောက်ခဲ့ကြတဲ့ နိုင်ငံတကာ ခရီးသွားအရေအတွက်က ၁၆ ဒဿမ ၆ သန်း ရှိခဲ့ပါတယ်။ အများစုကတော့ တရုတ်နိုင်ငံကနေ လာရောက် လည်ပတ်ကြတာဖြစ်ပြီး ဒုတိယကတော့ တောင်ကိုရီးယားနိုင်ငံကပါ။ တတိယက ထိုင်ဝမ် နိုင်ငံကဖြစ်ပြီး စတုတ္ထကတော့ ဟောင်ကောင်ပါ။
အခုချိန်မှာတော့ တရုတ်ခရီးသွား ဈေးကွက်က ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဈေးကွက် ဖြစ်လာနေပါတယ်။ ၂၀၂၁ ခုနှစ်ရောက်ရင် ကမ္ဘာအနှံ့ လည်ပတ်ကြတဲ့ တရုတ်ခရီးသွား အရေအတွက်က သန်း ၂၀၀ အထိ ရှိလာမယ်လို့ verdict.co.uk website က ခန့်မှန်းထားပါတယ်။
အခုလို တရုတ်လူမျိုးတွေ ကမ္ဘာပတ်နိုင်တဲ့အကြောင်းကတော့ လူလတ်တန်းစားတွေရဲ့ ဝင်ငွေတိုးလာတဲ့အတွက်ကြောင့်လို့ အဲဒီ website မှာ ဖော်ပြထားပါတယ်။ ဂျပန်နိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ ခရီးသွားအရေအတွက်က ၂၀၁၂ ကတည်းက တိုးလာခဲ့တာ ဖြစ်ပါတယ်။
Ref. Nippon, Bangkokpost, verdict.co.uk
You may also like these stories:
နီပေါနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအကြောင်း တစေ့တစောင်း
ကမ္ဘာ့ခရီးသွားများ လည်ပတ်ရာ ဒုတိယ အများဆုံးမြို့ ဖြစ်လာတဲ့ ဘန်ကောက်မြို့
၂၀၁၉ မှာ ခရီးသွား သန်း၂၀ လာရောက်ဖို့ အင်ဒိုနီးရှား အစိုးရ မျှော်လင့်