Travel

ရောမမြို့ရှိ ယူနက်စကို အသိအမှတ်ပြု နေရာတွေမှာ ညစ်ပတ်အောင် လုပ်ရင် ဒဏ်တပ်မည်

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့လူဦးရေ တိုးပွားလာတာနဲ့ အမျှ ကမ္ဘာတဝှမ်း ခရီးထွက်သူတွေကလည်း ပိုပိုများပြားလာပါတယ်။ ဒါကြောင့်လည်း ကမ္ဘာကြီးရဲ့ အထင်ကရနေရာတွေမှာ လူတွေ သွားပြီး စုပြုံနေလေ့ ရှိတတ်ပါတယ်။

အထင်ကရနေရာတွေကို ပိုင်ဆိုင်ထားကြတဲ့ဒေသတွေဟာ အခုတော့ Overtourism အန္တရာယ်ကို ရင်ဆိုင်လာနေရပါပြီ။ Overtourism ကြောင့် ရှေးကျတဲ့ အဆောက်အဦ လက်ရာတွေဟာ ပျက်စီးတော့မယ့် အလားအလာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ လတွေတုန်းကတော့ အိန္ဒိယနိုင်ငံရဲ့ အထင်ကရနေရာဖြစ်တဲ့ တာ့ချ်မဟာမှာ ဝင်ခွင့် လက်မှတ်နှုန်းထားတွေကို တိုးပြီးကောက်ခံခဲ့ပါတယ်။ ဒီလို လက်မှတ်ခတွေကို တိုးမြှင့်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ Overtourism ကို ထိန်းချုပ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။

အခုဆိုရင်လည်း ရောမမြို့ရဲ့ သင်္ကေတဖြစ်တဲ့ စပိန်လက်ရာ လှေကားထစ်တွေပေါ်မှာ ထိုင်နေသူတွေကို ဒေါ်လာ ၂၈၀ ဒဏ်တပ်ဖို့ ဒေသခံအာဏာပိုင်တွေက ဆုံးဖြတ်လိုက်ပါတယ်။ ဒီလို ဆုံးဖြတ်လိုက်ရတဲ့ အဓိကအကြောင်းကတော့ Overtourism ကို ထိန်းချုပ်ဖို့ဖြစ်သလို ခရီးသွားတချို့ရဲ့ နှစ်သက်စရာ မကောင်းတဲ့ အပြုအမူတွေကို တားမြစ်နိုင်ဖို့ ဖြစ်ပါတယ်။

ရောမမြို့ကို လာရောက်လည်ပတ်ကြတဲ့ ခရီးသည်တွေအနေနဲ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO – The United Nations Educational, Scientific and Cultural Organization) အသိအမှတ်ပြု အထင်ကရ နေရာတွေကို ညစ်ပတ်အောင် လုပ်ထားခဲ့ရင် ဒါမှမဟုတ် ပျက်စီးအောင် ပြုလုပ်ခဲ့ရင် ဒေါ်လာ ၄၅၀ ဒဏ်ငွေ ဆောင်ရမှာပဲ ဖြစ်ပါတယ်။

အီတလီ နိုင်ငံအတွင်းမှာရှိတဲ့ ရောမမြို့ဟာ မြို့ငယ်လေး တမြို့သာ ဖြစ်ပေမယ့် ဥရောပနိုင်ငံတွေမှာတော့ တတိယမြောက် ခရီးသွား အများဆုံး မြို့တမြို့ပါ။ ဘာသာရေးမြို့တော် ဖြစ်နေတဲ့အတွက်ကြောင့်လည်း ကမ္ဘာပေါ်မှာ ခရီးသွားတွေ အလာများတဲ့ နေရာ တနေရာပါ။ ရောမမြို့ကို လာရောက် လည်ပတ်ကြတဲ့ ခရီးသွား အရေအတွက် နှစ်စဉ် ၇ သန်း နဲ့ ၁၀ သန်း ကြားမှ ာရှိပါတယ်။ တခါတလေ အဲဒီ ပမာဏကို ကျော်ပါသေးတယ်။

အခု ထုတ်ပြန်လိုက်တဲ့ စည်းကမ်းတွေကြောင့် ရောမမြို့ဟာ ဝေဖန်မှု အများအပြားနဲ့ ရင်ဆိုင်နေရပါတယ်။ အီတလီနိုင်ငံရဲ့ ဟိုတယ်လုပ်ငန်းရှင် ဒါရိုက်တာ တယောက်ဖြစ်တဲ့ Tommaso Tanzilli ကတော့ စည်းကမ်းချက်တွေထုတ်ရတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ရောမမြို့ကိုလည်ပတ်ပြီး တခြားနေရာတွေဆီ ခရီးဆက်ကြတော့မယ့် သူတွေအနေနဲ့ လှေကားထစ်တွေမှာထိုင်ပြီး အစားအသောက်တွေကို စိမ်ပြေနပြေ စားလေ့ ရှိကြသလို အမှိုက်တွေကိုလည်း ပစ်ထားလေ့ ရှိကြပါတယ်”လို့ ပြောပါတယ်။

ရောမမြို့တော်ဝန်ဖြစ်တဲ့ Virginia Raggi ကလည်း “ရောမမြို့ ဧရိယာတွေက UNESCO က အကာအကွယ်ပေးထားတဲ့ နေရာတွေပါ။ ဒါကြောင့်လည်း သန့်ရှင်းရေးဟာ ကျမတို့ရဲ့ စီးပွားရေးပါပဲ” ဆိုပြီး ဒီနှစ်အစောပိုင်းတုန်းက ပြောခဲ့ပါသေးတယ်။

ရောမမြို့လိုပဲ Overtourism ဒဏ်ကို ခံနေရတာကတော့ အီတလီနိုင်ငံက Veince မြို့ပါ။ Overtourism ဆိုတဲ့ စကားလုံးဟာ ၂၀၁၅ ခုနှစ်ရောက်မှသာ ပေါ်ပေါက်လာတဲ့ စကားလုံး ဖြစ်ပါတယ်။ စကားလုံးရဲ့ သက်တမ်းက ငယ်သေးပေမယ့် အခုချိန်မှာတော့ ကမ္ဘာကြီးရဲ့ အထင်ကရနေရာတွေမှာ Overtourism ဆိုတဲ့ စကားလုံးကို ကျယ်ကျယ်လောင်လောင် ကြားနေရပြီ ဖြစ်ပါတယ်။

Ref. travelpulse, The Guardian

You may also like these stories:

အဆမတန် များပြားလာတဲ့ ခရီးသွားတွေကြောင့် ဒေသခံတွေ စိတ်ဒုက္ခ ရောက်နေကြ

အီတလီနိုင်ငံရဲ့ အလှဆုံး ကျေးရွာများ

ကမ္ဘာပေါ်က အလှဆုံး နိုင်ငံများ

Did you find apk for android? You can find new Free Android Games and apps.
Loading