သဘာဝ တောရိုင်းတိရစ္ဆာန် ခရီးသွားလုပ်ငန်းဟာ ဒေသတွင်းမှာရှိတဲ့ တောရိုင်း တိရစ္ဆာန်တွေ နေထိုင်မှုပုံစံတွေနဲ့ အပြုအမူတွေကို ခရီးသွားဧည့်သည့်တွေကို လိုက်လံပြသပြီး ဝင်ငွေရှာတဲ့ လုပ်ငန်းပါ။ ဒီခရီးသွားလုပ်ငန်းအမျိုးအစားမှာ ဒေသတွင်းမှာသာ ပေါက်ရောက်တဲ့ အပင်နဲ့ အသီးအနှံတွေလည်း ပါဝင်ပါတယ်။
ကမ္ဘာ့ခရီးသွားနဲ့ ခရီးသွားလုပ်ငန်းကောင်စီ (WTTC – World Travel and Tourism Council) ရဲ့ အဆိုအရ ၂၀၁၈ ခုနှစ်အတွင်း သဘာဝ တောရိုင်းတိရစ္ဆာန် ခရီးသွားလုပ်ငန်းကနေ ရရှိတဲ့ဝင်ငွေက ကျန်တဲ့ ခရီးသွားလုပ်ငန်း အမျိုးအစားတွေကနေ ရရှိတဲ့ ဝင်ငွေထက် ၅ ဆ ရှိတယ်လို့ ဆိုပါတယ်။
၂၀၁၈ ခုနှစ်အတွင်း တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင် ကုန်သွယ်မှု ပြုလုပ်ရာကနေ ရရှိတဲ့ ဝင်ငွေက ဒေါ်လာ ၂၃ ဘီလီယံ ရှိခဲ့တယ်လို့ ခန့်မှန်းထားပြီး သဘာဝ တောရိုင်းတိရစ္ဆာန် ခရီးသွားလုပ်ငန်းကနေ ရရှိတဲ့ဝင်ငွေကတော့ ဒေါ်လာ ၁၂၀ ဒဿမ ၁ သန်း ရှိခဲ့တယ်လို့ WTTC က ထုတ်ပြန်ထားပါတယ်။
၂၀၁၈ ခုနှစ်အတွင်း သဘာဝ တောရိုင်းတိရစ္ဆာန် ခရီးသွားလုပ်ငန်းကနေ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၉ ဒဿမ ၁ သန်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ “ကမ္ဘာ့ဆင်များနေ့” မှာဆိုရင်လည်း ကမ္ဘာတဝှမ်း က သဘာဝ တောရိုင်းတိရစ္ဆာန်တွေအတွက် အလှူငွေ ဒေါ်လာ ၃၄၃ ဒဿမ ၆ ဘီလီယံ ရရှိခဲ့ပါတယ်။ ဒီအလှူငွေ ပမာဏဟာ ဟောင်ကောင်ရဲ့ စီးပွားရေးလုပ်ငန်းကနေ ရတဲ့ ဝင်ငွေနဲ့ ညီမျှပါတယ်။
သဘာဝ တောရိုင်းတိရစ္ဆာန် ခရီးသွားဈေးကွက်ကို ဦးဆောင်နေတာကတော့ အာရှ-ပစိဖိတ် ဒေသတွေပါ။ အာရှ-ပစိဖိတ်ဒေသတွေဟာ သဘာဝ တောရိုင်းတိရစ္ဆာန် ခရီးသွားလုပ်ငန်းကနေ နှစ်စဉ် ဝင်ငွေ ၅၃ ဒဿမ ၃ ဘီလီယံ ရရှိနေပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄ ဒဿမ ၅ သန်း ဖန်တီး ပေးနိုင်ခဲ့ပါတယ်။
ဒုတိယ ဝင်ငွေအများဆုံး ရရှိနေတာကတော့ အာဖရိကဒေသပါ။ ၂၀၁၈ ခုနှစ်မှာတော့ အာဖရိကဒေ သတွေဟာ သဘာဝ တောရိုင်းတိရစ္ဆာန် ခရီးသွားလုပ်ငန်းတွေကနေ ဝင်ငွေ ဒေါ်လာ ၂၉ ဒဿမ ၃ ဘီလီယံ ရရှိခဲ့ပြီး လူပေါင်း ၃ ဒဿမ ၆ သန်းကို အလုပ်ပေးနိုင်ခဲ့ပါတယ်။
“ကမ္ဘာ့ဆင်များနေ့” မှာတော့ WTTC ရဲ့ စီအီးအိုဖြစ်တဲ့ Gloria Guevara က ကမ္ဘာအနှံ့မှာရှိတဲ့ ခရီးသွားလုပ်ငန်းရှင်တွေ ဝန်ထမ်းတွေနဲ့ ခရီးသွား ဧည့်သည့်တွေကို အခုလိုပဲ ပြောခဲ့ပါတယ်။
“သဘာဝ တောရိုင်းတိရစ္ဆာန်ဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုနဲ့ ကြုံနေရတဲ့အတွက် သေဆုံးမှုပမာဏကလည်း ပိုမိုများပြားလာပါတယ်”လို့ WTTC ရဲ့ CEO ဖြစ်သူ Gloria Guevara က ပြောပါတယ်။
၂၀၁၈ ခုနှစ်အတွင်း အာဖရိက ခရီးသွားလုပ်ငန်းတွေကနေ ရရှိခဲ့တဲ့ ဝင်ငွေ ၃ ပုံ ၁ ပုံဟာ သဘာဝ တောရိုင်းတိရစ္ဆာန် ခရီးသွားလုပ်ငန်းကနေ ရရှိတဲ့ ဝင်ငွေပါ။ အာရှ-ပစိဖိတ်နဲ့ အာဖရိကဒေသတွေ ပြီးရင် မြောက်အမေရိကနိုင်ငံတွေက သဘာဝ တောရိုင်းတိရစ္ဆာန် ခရီးသွားလုပ်ငန်းတွေကနေ တတိယမြောက် ဝင်ငွေ အများဆုံး ရရှိနေပါတယ်။
အခုဆိုရင်တော့ သဘာဝ တောရိုင်းတိရစ္ဆာန် ခရီးသွားလုပ်ငန်းနဲ့ တန်ဖိုးကို ဘရာဇီး ၊ ဂျာမနီ၊ တရုတ်၊ အိန္ဒိယ၊ ကင်ညာ၊ တောင်အာဖရိက၊ တန်ဇန်နီးယား၊ ထိုင်း၊ အင်္ဂလန်နဲ့ အမေရိကန် ပြည်ထောင်စုတို့ကလည်း လေ့လာသင်ယူနေပြီပဲ ဖြစ်ပါတယ်။
Ref. traveldailynews
You may also like these stories:
ထူးခြားတဲ့ ခရီးစဉ်တွေကို ကြိုက်နှစ်သက်သူတွေ သွားလည်သင့်တဲ့ နေရာများ
အရှေ့တောင်အာရှသည် တရားမဝင် တောရိုင်းတိရစ္ဆာန်နှင့် သစ်ကုန်ကူးမှုတို့ ဆုံချက်ဖြစ်နေ
ဆိုက်ဘေးရီးယားမြို့ထဲ လမ်းမှား ရောက်လာတဲ့ ဝင်ရိုးစွန်း ဝက်ဝံ
အီတလီနိုင်ငံ၊ Orfei ဆပ်ကပ်မှ ကျားထိန်းသမား ကျား ၄ ကောင် ကိုက်ခံရပြီး သေဆုံး