• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

ထိုင်းခရီးသွားလုပ်ငန်း တိုးတက်ဖို့ တရုတ်နဲ့ အိန္ဒိယနိုင်ငံကို ဗီဇာ ၁နှစ်ကင်းလွတ်ပေးရန် စီစဉ်နေ

by ညီညီသူ
15 August 2019
in Travel
A A
တရုတ်နဲ့ အိန္ဒိယနိုင်ငံက ခရီးသွားတွေဟာ ထိုင်းနိုင်ငံမှာ ၁၅ ရက်ကြာ ဗီဇာကင်းလွတ်ခွင့်ရရှိမှာပဲ ဖြစ်ပါတယ်

တရုတ်နဲ့ အိန္ဒိယနိုင်ငံက ခရီးသွားတွေဟာ ထိုင်းနိုင်ငံမှာ ၁၅ ရက်ကြာ ဗီဇာကင်းလွတ်ခွင့်ရရှိမှာပဲ ဖြစ်ပါတယ်

9.5k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံမှာ ခရီးသွားလာရေးနဲ့ အားကစားဝန်ကြီးအသစ် တက်လာပြီးတဲ့နောက်ပိုင်း ခရီးသွားလုပ်ငန်း ပိုမို တိုးတက်လာဖို့ အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်လာပါတယ်။

Pipat Ratchakitprakarn တယောက် ထိုင်းနိုင်ငံခရီးသွားလာရေးနဲ့ အားကစားဝန်ကြီးအဖြစ် ရွေးချယ်ခံရပြီး ပထမဆုံး ရုံးတက်ခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့မှာလည်း ခရီးသွားအေဂျင်စီ အကြီးအကဲတွေနဲ့ အမှုဆောင်အရာရှိတွေကို “ကျနော်တို့ အတူပူးပေါင်းဆောင်ရွက်ကြရမှာကတော့ ထိုင်းနိုင်ငံကိုလာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေရဲ့ လုံခြုံရေးကို အဓိကထားဆောင်ရွက်ရ မှာဖြစ်သလို ခရီးသွားဈေးကွက်ကို ပိုပြီးချဲ့ထွင်နိုင်ဖို့လည်း ဖြစ်ပါတယ်” ဆိုပြီး ပြောခဲ့ပါတယ်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
169
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
554
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
3.6k

ထိုင်းနိုင်ငံကိုလာရောက်လည်ပတ်ကြတဲ့ နိုင်ငံတကာခရီးသွားတွေထဲမှာ ဥရောပနဲ့ အမေရိကနိုင်ငံ က ခရီးသွားအရေအတွက် ကျဆင်းနေပါတယ်။ ကျဆင်းနေတဲ့ ဥရောပနဲ့ အမေရိကနိုင်ငံ ခရီးသွားဧည့်သည်တွေကို ထိုင်းရိုးရာအနှိပ်ခန်းတွေနဲ့ ဆွဲဆောင်သွားဖို့ရှိတဲ့အကြောင်း ဝန်ကြီးချုပ် က ထိုင်းမီဒီယာတွေကို ပြောခဲ့ပါသေးတယ်။

အခုဆိုရင်လည်း တရုတ်နဲ့ အိန္ဒိယနိုင်ငံက ခရီးသွားဧည့်သည်တွေကို တနှစ် ဗီဇာကင်းလွတ်ခွင့်ပြု ဖို့အတွက် ထိုင်းခရီးသွားလာရေးနဲ့ အားကစားဝန်ကြီးဌာနက စီစဉ်နေပါတယ်။ ဒါကြောင့်လည်း ဝန်ကြီးများအဖွဲ့ရဲ့ ခွင့်ပြုချက်ကိုရရှိနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။

Pipat Ratchakitprakarn ရဲ့စိတ်ကူးတွေကို ဝန်ကြီးများအဖွဲ့က ခွင့်ပြုခဲ့မယ်ဆိုရင်တော့ ၂၀၁၉ခုနှစ် နိုဝင် ဘာလကနေ ၂၀၂၀နှစ် အောက်တိုဘာလအထိ တရုတ်နဲ့ အိန္ဒိယနိုင်ငံက ခရီးသွားတွေဟာ ဗီဇာကင်းလွတ်ခွင့် ရရှိမှာပဲ ဖြစ်ပါတယ်။

Pipat Ratchakitprakarn က တရုတ်နဲ့ အိန္ဒိယနိုင်ငံရဲ့ခရီးသွားတွေကို ဗီဇာကင်းလွတ်ခွင့်စီစဉ်နေရ တာနဲ့ပတ်သက်ပြီး အခုလိုပဲပြောပါတယ်။

“ကျနော့်ဝန်ကြီးဌာနအနေနဲ့ ဗီဇာကင်းလွတ်ခွင့်ပြုစေချင်တဲ့ ဆန္ဒကတော့ အရေးပေါ်စီးပွားရေးမူဝါဒ ကြောင့်ပါ။ ခရီးသွားဧည့်သည်အများအပြားမလာရောက်ဘဲနဲ့တော့ ကျနော်တို့ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်နိုင်မှာ မဟုတ်ပါဘူး” ဆိုပြီး ပြောခဲ့ပါတယ်။

ဝန်ကြီးများအဖွဲ့က ဒီအစီအစဉ်ကိုခွင့်ပြုပေးခဲ့မယ်ဆိုရင် တရုတ်နဲ့ အိန္ဒိယနိုင်ငံက ခရီးသွားတွေဟာ ထိုင်းနိုင်ငံမှာ ၁၅ ရက်ကြာ ဗီဇာကင်းလွတ်ခွင့်ရရှိမှာပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံခရီးသွားလာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ အစီရင်ခံစာအရဆိုရင်တော့ ၂၀၁၉ ပထမ ၆ လအတွင်းမှာ ခရီးသွား ၁၉ ဒဿမ ၇၆ သန်း ထိုင်းနိုင်ငံကိုလာရောက်လည်ပတ်ခဲ့ပါတယ်။

အရင်က တရုတ်ခရီးသွားဈေးကွက်က ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး ခရီးသွားဈေးကွက်ဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ၄ ဒဿမ ၇၃ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပါတယ်။ တရုတ်ခရီးသွားအရေအတွက် ကျ ဆင်းသွားခဲ့ပေမယ့် အိန္ဒိယခရီးသွား အရေအတွက်ကတော့ နှစ်စဉ် ၂၄ ဒဿမ ၁ ရာခိုင်နှုန်း တိုး လာပါတယ်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဖြစ်တဲ့ ပရာယွတ်ချန်အိုချာကသာ တရုတ်နဲ့ အိန္ဒိယ ၂ နိုင်ငံက ခရီးသွားတွေ ကို ဗီဇာကင်းလွတ်ခွင့် ပြုခဲ့မယ်ဆိုရင် ခရီးသွားလုပ်ငန်းက ပိုမိုတိုးတက်လာမှာဖြစ်တဲ့အကြောင်း Pipat Ratchakitprakarn က ယုံကြည်နေပါတယ်။

Ref:bangkokpost,ttrweekly

You may also like these stories:

ဇွန်လအတွင်း ခရီးသွားလို့ ကောင်းတဲ့ တရုတ်နိုင်ငံက မြို့များ

လူငယ်အများစု သွားကြတဲ့ အင်ဒိုနီးရှားနိုင်ငံက Borobudur နဲ့ Prambanan ဟိန္ဒူဘုရားကျောင်း

Your Thoughts …
Tags: ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်ဗီဇာ
ညီညီသူ

ညီညီသူ

Similar Picks:

ထိုင်းဗီဇာဖြေလျော့ပြီး အပြောင်းအလဲ ပြုလုပ်

ထိုင်းဗီဇာဖြေလျော့ပြီး အပြောင်းအလဲ ပြုလုပ်

by ဧရာဝတီ
29 May 2024
2.6k

ယခင်က arrival visa သည် ၁၄ ရက်သက်တမ်းရပြီး တလ ထပ်မံ သက်တမ်းတိုးခွင့်ရှိရာမှ ယခုအစီအစဉ်အရ ၂ လ တိုးခွင့်ရခြင်းဖြစ်ကြောင်း

တရုတ် BYD ကုမ္ပဏီ လူကုန်ကူးမှု၊ အလုပ်သမားတွေကို ကျွန်ပြု ဖိနှိပ်မှုတွေ နဲ့ ဘရာဇီးမှာ တရားစွဲခံရ

တရုတ် BYD ကုမ္ပဏီ လူကုန်ကူးမှု၊ အလုပ်သမားတွေကို ကျွန်ပြု ဖိနှိပ်မှုတွေ နဲ့ ဘရာဇီးမှာ တရားစွဲခံရ

by ဧရာဝတီ
31 May 2025
1.4k

ဖိနှိပ်မှုတွေ ခံစားခဲ့ရတဲ့ ဝန်ထမ်းတွေ အတွက် စာချုပ်ပါလစာ အပြည့်အပြင် ရပိုင်ခွင့်တွေကို အပြည့်အဝ ပေးဆောင်ဖို့ တောင်းဆိုထားတယ် လို့လည်း…

ရုပ်ရှင်မင်းသားအမှုကြောင့် ထိုင်းခရီးစဉ်များ တရုတ်တွေ ဖျက်သိမ်း

ရုပ်ရှင်မင်းသားအမှုကြောင့် ထိုင်းခရီးစဉ်များ တရုတ်တွေ ဖျက်သိမ်း

by ဧရာဝတီ
13 January 2025
873

တရုတ်နှစ်သစ်ကူး ခရီးသွားရာသီ နီးကပ်လာချိန်တွင် ထိုဖြစ်ရပ်ကြောင့် တရုတ်ခရီးသည်များ ထိုင်းသို့သွားရောက်ရန် စိတ်အားးထက်သန်မှု လျော့ကျစေသည်။

၂၀၁၀ ခုနှစ်က ရန်ကုန်အလည်ရောက်လာတဲ့ တိုးရစ်တဦး / Reuters

နိုင်ငံခြားသားများ ပြည်တွင်းနေထိုင်မှု ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်မည်

by ထွန်းထွန်း
25 November 2016
49k

နိုင်ငံခြားသားများ ဗီဇာစည်းမျဉ်းများ ဖောက်ဖျက်မှုမရှိရေး ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောသည်

ဘရာဇီးသမ္မတဟာ ဘရာဇီးနိုင်ငံဖွံ့ ဖြိုးလာဖို့အတွက် ရည်ရွယ်ပြီး ဗီဇာလိုအပ်ချက်တွေကို လျှော့ချခဲ့တာပါ

တရုတ်နဲ့ အိန္ဒိယနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်ပြုလိုက်တဲ့ ဘရာဇီးနိုင်ငံ

by ညီညီသူ
31 October 2019
3.6k

ဗီဇာကင်းလွတ်ခွင့်ပြုထားတဲ့နိုင်ငံက ခရီးသွားဧည့်သည်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဘရာဇီးနိုင်ငံအတွင်း ရက်ပေါင်း ၉၀ နေထိုင်နိုင်မှာဖြစ်ပါတယ်။

ထိုင်းအစိုးရက ခရီးသွားတွေ ပိုမိုလာရောက်ဖို့ မကြာသေးတဲ့နှစ်  တွေကပဲ စီမံကိန်းတရပ်အနေနဲ့ ဆောင်ရွက်နေတာပါ

ခရီးသွားတွေ ပိုမိုလာရောက်အောင် အာရုံစိုက်ဆောင်ရွက်နေတဲ့ ထိုင်းခရီးသွားလုပ်ငန်း အေဂျင်စီများ

by ညီညီသူ
4 July 2019
5.9k

ပထမအဆင့် ဦးစားပေးအနေနဲ့ ရွေးချယ်ထားတဲ့ ပြည်နယ်တွေကတော့ ချင်းရိုင် ၊ မယ်ဟောင် ဆောင် ၊ NongKhai ၊ UbonRatchathani ၊ Sa Kaeo ၊ Trat ၊ Chumphon ၊...

Next Post
မနောင်းသေးပါဘူး

မနောင်းသေးပါဘူး

ဘောလိဝုဒ်မင်းသား ရှာရွတ်ခန်နဲ့ သမီးလေး Suhana

ဘောလိဝုဒ်ရုပ်ရှင်လောကထဲဝင်ဖို့ ပြင်ဆင်နေတဲ့ ရှာရွတ်ခန်ရဲ့ သမီးလေး Suhana

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

1 week ago
10.9k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate