အင်္ဂလန်နိုင်ငံကိုရောက်တဲ့အခါ ခရီးသွားတွေအနေနဲ့ ဘယ်နေရာတွေကို အဓိကလည်ပတ်လေ့ရှိ သလဲ ဆိုတဲ့ နှစ်ပတ်လည်အစီရင်ခံစာ ထုတ်ပြန်လေ့ရှိပါတယ်။ အဲဒီအစီရင်ခံစာဟာ အင်္ဂလန်နိုင်ငံရဲ့ နေရာပေါင်း ၁၅၀၀ ကို အခြေခံပြီး ထုတ်ပြန်တဲ့အစီရင်ခံစာလည်း ဖြစ်ပါတယ်။ အဲဒီနေရာ ၁၅၀၀ ဟာ အင်္ဂလန်ရဲ့ အထင်ကရနေရာတွေနဲ့ ပြတိုက် ၊ ပန်းချီပြခန်း စတာတွေလည်း ပါဝင်ပါတယ်။
၂၀၁၈ ခုနှစ်အတွက် အင်္ဂလန်ကိုလာရောက်ကြတဲ့ခရီးသွားတွေ အများဆုံးလည်ပတ်ကြတဲ့နေရာ ကတော့ Tate Modern အနုပညာပြတိုက်ပါပဲ။ ဒီပြတိုက်ကတော့ လန်ဒန်မြို့ မှာရှိပြီး ခေတ်ပေါ်နဲ့ ခေတ်ပြိုင်အနုပညာလက်ရာ တွေကို ပြသထားပါတယ်။
Tate ဟာ အုပ်စုတခုဖြစ်ပြီး Tate Modern အပြင် Tate Britain ၊ Tate Liverpool ၊ Tate St.Ives နဲ့ Tate Online ဆိုပြီး ရှိပါတယ်။ Tate ပြတိုက်တွေရဲ့ရည်ရွယ်ချက်ကတော့ ၁၉၀၀ ပြည့်နှစ် ကနေ မျက်မှောက်ခေတ်အထိ အင်္ဂလန်နိုင်ငံသားတွေရဲ့ ထင်ရှားတဲ့အနုပညာလက်ရာတွေကို စုစည်းနိုင်ဖို့ဖြစ်သလို နိုင်ငံတကာက ခေတ်ပေါ်နဲ့ ခေတ်ပြိုင်အနုပညာလက်ရာတွေကို စုစည်းနိုင်ဖို့ပဲ ဖြစ်ပါ တယ်။
Tate Modern အနုပညာပြတိုက်ကြီးဟာ ခေတ်ပေါ်နဲ့ ခေတ်ပြိုင်အနုပညာလက်ရာတွေကို ပြသထားနိုင်တဲ့ ကမ္ဘာ့အကောင်းဆုံးပြတိုက်စာရင်းဝင် ထားပါတယ်။ ဒီပြတိုက်ကြီးကိုတော့ ၂၀၀၀ ပြည့်နှစ် က စတင်တည်ထောင်ခဲ့ပြီး အခုဆိုရင်တော့ ပြတိုက်သက်တမ်းက ၁၉ နှစ်ရှိခဲ့ပါပြီ။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုအတွင်းမှာတော့ Tate Modern ကိုလာရောက်လည်ပတ်သူတွေ အများ အပြားရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ၂၀၁၈ ခုနှစ်အတွက် အင်္ဂလန်နိုင်ငံမှာ ခရီးသွားတွေအများဆုံး လည်ပတ်လေ့ရှိတဲ့စာရင်းမှာ Tate Modern က နံပါတ် ၁ နေရာက ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း Tate Modern ကို လာရောက်လည်ပတ်ကြသူ အရေအတွက်က ၅ ဒဿမ ၈ သန်းရှိခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံရဲ့ ခရီးသွားလာရေးဝန်ကြီးဖြစ်တဲ့ Rebecca Pow ကလည်း အခုလိုပြောပါတယ်။
“ကမ္ဘာ့အကောင်းဆုံး ပြတိုက်နဲ့ ပြခန်း ၁၀ ခုစာရင်းမှာ ကျမတို့နိုင်ငံက ပြတိုက် ၊ ပြခန်း ၄ ခု ပါဝင် ပါတယ်။ ဒါကြောင့်လည်း နှစ်စဉ်ဆိုသလို လူသန်းပေါင်းများစွာ လာရောက်လည်ပတ်နေကြပါ တယ်။ ဒီလို လူသန်းပေါင်းများစွာ ကျမတို့ဆီကို လာရောက်လည်ပတ်နေရတဲ့ အကြောင်းကတော့ ပျော်ရွှင်ချမ်းမြေ့မှုကို လိုချင်လို့ဖြစ်သလို့ ကျမတို့ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ အမျိုးမျိုး အဖုံဖုံ ကွဲပြားနေ တဲ့ ယဉ်ကျေးမှုတွေကို လေ့လာလိုတဲ့ အတွက်ကြောင့်ပါပဲ။
အင်္ဂလန်နိုင်ငံဟာ ခရီးသွားလုပ်ငန်းတွေကနေ နှစ်စဉ် ပေါင် ၁၀၆ ဘီလီယံရရှိနေပါတယ်။
Ref:breakingtravelnews,en.wikipedia