• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

ထူးခြားတဲ့အသွင်အပြင်တွေနဲ့ ဂျပန်နိုင်ငံက ညစီးရထားတွဲ ခရီးစဉ်

by Aurora
18 August 2019
in Travel
A A
လက်ရှိမှာတော့ The Sunrise Seto နဲ့ The Sunrise Izumo ၂ စီးပဲ ကျန်ရှိပါတော့တယ်

လက်ရှိမှာတော့ The Sunrise Seto နဲ့ The Sunrise Izumo ၂ စီးပဲ ကျန်ရှိပါတော့တယ်

8.7k
VIEWS
Share on FacebookShare on Twitter

၁၉၆၀ ပြည့်လွန်နောက်ပိုင်း ဂျပန်နိုင်ငံရဲ့စီးပွားရေး တိုးတက်ကောင်းမွန်လာတာနဲ့အမျှ ပို့ဆောင်ဆက်သွယ်ရေး စနစ်တွေကို ပြင်ဆင်မွမ်းမံလာခဲ့ရာ ရထားပို့ဆောင်းရေးအခန်းကဏ္ဍလည်း ပါဝင်ခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်မှာ တော့ ခေတ်မီရထားတွဲတွေကို စတင်ပြေးဆွဲခဲ့သလို အဝေးပြေးရထားတွဲတွေကို နိုင်ငံအနှံ့ ပို့ဆောင်ပေးနိုင်ခဲ့ပါ တယ်။

၁၉၇၀ ပြည့်လွန်နောက်ပိုင်းမှာတော့ ရထားပို့ဆောင်ရေးကို အဆင့်မြင့်တင်ကာ ပိုမိုမြန်ဆန်တဲ့ ကျည်ဆံရထား တွဲတွေကို တိုးချဲ့လာတာကြောင့် အချိန်ပေးရတဲ့ ညစီးရထားခရီးစဉ်တွေ လျော့နည်းသွားကာ လက်ရှိမှာတော့ The Sunrise Seto နဲ့ The Sunrise Izumo ၂ စီးပဲ ကျန်ရှိပါတော့တယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
256
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
797
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.5k

တစီးကို ရထားတွဲ ၇ တွဲရှိတဲ့ အဆိုပါ ညစီးရထားတွေဟာ အပြင်ပန်းပုံသဏ္ဍာန်ကတော့ တခြားရထားတွေနဲ့ မကွဲပြားပေမယ့် အတွင်းထဲဝင်ကြည့်လိုက်ရင်တော့ ရထားစီးခရီးသည်တွေအတွက် တယောက်အိပ်စင်လေး တွေ ထည့်သွင်းပေးထားတာပါ။

၂ စင်းတူတူထွက်တာတဲ့ ညစီးရထားခရီးစဉ်ဟာ တိုကျိုကနေ အိုကာယာမာဘူတာထိ တူပေမယ့် အိုကာယာမာ ကတဆင့် ဆက်သွားတဲ့အခါမှာတော့ ခရီးစဉ်လမ်းကြောင်း မတူညီတော့ပါဘူး။ The Sunrise Seto က ရှီကိုကု ကျွန်းက တာကာမတ်ဆုမြို့လေးဆီကို မောင်းနှင်တာဖြစ်ပြီး The Sunrise Izumo ကတော့ ရှီမာနဲစီရင်စုက အီဇူမိုမြို့ဆီကို သွားတာပါ။

အပြန်ခရီးမှာလည်း ရထား ၂ စင်းဟာ သက်ဆိုင်ရာဒေသတွေဆီကနေ မောင်းနှင်လာပြီး အိုကာယာမာဘူတာ မှာ အတူတူပြန်ဆုံကာ တိုကျိုမှာ ခရီးစဉ်အဆုံးသတ်တာဖြစ်ပါတယ်။ နေ့စဉ် ဂျပန်စံတော်ချိန် ၁၀ နာရီမှာ တို ကျိုမြို့ကနေထွက်ခွာပြီး The Sunrise Seto က တာကာမတ်ဆုမြို့ကို မနက် ၇ နာရီခွဲနဲ့ The Sunrise Izumo ကတော့ အီဇူမိုမြို့ကို မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ဆိုက်ရောက်ကြပါတယ်။

ခရီးသည်တွေဟာ သတ်မှတ်ထားတဲ့ သီးသန့်အိပ်ဆောင်တွေမှာ အိပ်စက်အနားယူစီးနင်းသွားနိုင်တဲ့ ညစီးရ ထားတွေရဲ့ ခရီးစဉ်ဈေးနှုန်းတွေကတော့ အခန်းအမျိုးအစားပေါ်မူတည်ပြီး အမေရိကန်ဒေါ်လာ ၁၅၀ ခန့်ရှိပါ တယ်။ ရေချိုးခန်းအသုံးပြုမယ်ဆိုရင်တော့ တိုကင်ဝယ်ပြီး တဦးကို ၆ မိနစ်ခန့် အသုံးပြုနိုင်ပါတယ်။ ရိုးရိုးအိပ်ဆောင်တွေမှာတော့ သန့်စင်ခန်း၊ vending machine နဲ့ သီးသန့်အခန်းလေးတွေ အသုံးပြုနိုင်ပါတယ်။

ထူးခြားတာကတော့ ဒီညစီးရထားတွဲတွေမှာ အဆင့်မြင့်ဇိမ်ခံစီးချင်သူတွေကို ဆွဲဆောင်တဲ့အနေနဲ့ မီးလင်းဖို၊ ကိုယ်ပိုင်စားသောက်ခန်းတွေပါတဲ့ Five Star သီးသန့်ခန်းတွေအပြင် ရူမျှော်ခင်းကောင်းကောင်းကြည့်နိုင်တဲ့ နေရာတွေနဲ့ Michelin star ဆုရ စာဖိုမှူးတွေကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပေးတဲ့ စားသောက်ခန်းတွေပါ ရထား တွဲတွေရှိပြီး တဦးကို အမေရိကန်ဒေါ်လာ ၁ သောင်းဝန်းကျင်ထိ ကျသင့်ပါတယ်။

Ref: Japan Insides

Your Thoughts …
Tags: The Sunrise Setoဂျပန်နိုင်ငံညစီးရထားတွဲ
Aurora

Aurora

Contributor

Similar Picks:

ချယ်ရီပန်းတွေဟာ ဂျပန်ကို လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေကို အဓိကဆွဲဆောင်ရာ တခုလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ချယ်ရီပန်းကြည့်ဖို့ အကောင်းဆုံး နေရာများ

by Aurora
6 January 2020
6.9k

ချယ်ရီပွင့်ချိန်မှာ ဂျပန်နိုင်ငံကို သွားရောက် လည်ပတ်မယ်ဆိုရင်တော့ မြို့တော် တိုကျိုမှာပဲ အကောင်းဆုံးနေရာတွေ ရှိပါတယ်။

ဂျပန်နိုင်ငံက ဖူဂျီတောင်

ဖူဂျီတောင်ရဲ့လူသိနည်းသေးတဲ့ အကြောင်းအရာများ

by Aurora
31 October 2018
13.5k

ဒုတိယကမ္ဘာစစ်တုန်းက CIA အဖွဲ့ဟာ ဖူဂျီတောင်ကို အနီရောင်အဖြစ် ပြောင်းလဲဖို့ စိတ်ကူးခဲ့ဖူးတယ်လို့ ကောလာဟလတွေ ထွက်ခဲ့ပါတယ်။

ဂျပန်နိုင်ငံတိုးတက်လာတာဟာ နိုင်ငံသားတွေရဲ့  နည်းစနစ်ကျမှုနဲ့ စည်းကမ်းရှိမှုတွေကြောင့်ဖြစ်ပါတယ်

စံပြုသင့်တဲ့ ဂျပန်နိုင်ငံသားများအကြောင်း

by ရေဗန်
27 August 2018
18.9k

မြန်မာနိုင်ငံမှာ သင်္ကြန်မတိုင် ခင်ပွင့်တဲ့ ပိတောက်ပန်းတွေကိုသူ့ထက်ငါ ဦးအောင် ခူးပြီးပန်တတ်ကြပေမယ့် ဂျပန်တွေကတော့ သူတို့ဆီမှာ ပွင့်တဲ့ပန်းတွေကို မခူးဘဲ အပင်ပေါ်မှာ လှပစွာပွင့်နေတာကို ဂုဏ်ယူစရာတခုအဖြစ် သတ်မှတ်ထားကြပါတယ်။

တော့တိုရီမှာရှိတဲ့ သဲသောင်ပြင်ကြီးဟာ ကန္တာရဒေသလိုဖြစ်နေပြီး ကုလားအုတ်တွေ စီးကြည့်နိုင်ပါတယ်

ဂျပန်နိုင်ငံအတွင်းက လူသိနည်းသေးတဲ့ လည်ပတ်စရာနေရာများ

by Aurora
27 January 2019
9.1k

ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုသမိုင်းကြောင်းကို လေ့လာချင်တယ်ဆိုရင် နာကာဆန်ဒိုလမ်းကြောင်းတလျှောက် လမ်း လျှောက်ခရီးစဉ်အဖြစ် လေ့လာနိုင်ပါတယ်။

Tsunshima Ohashi တံတား

ခရီးသွားများ လည်ပတ်သင့်တဲ့ ဂျပန်နိုင်ငံရဲ့ ယာမာဂူချီ

by ညီညီသူ
13 March 2019
10.4k

ယာမာဂူချီစီရင်စုဟာ ဂျပန်နိုင်ငံရဲ့ အဓိကကျွန်းတကျွန်းဖြစ်တဲ့ ဟွန်းရှူးကျွန်းပေါ်မှာရှိပြီး Chugoku နယ်မြေ အတွင်းမှာရှိပါတယ်။ ယာမာဂူချီစီရင်စုဟာ ဂျပန်နိုင်ငံတောင်ပိုင်းမှာတော့ လှပတဲ့နေရာ တနေရာပါပဲ။

ဂျပန်နိုင်ငံဟာ လှပပြီး ဆွဲဆောင်မှုရှိတဲ့ နိုင်ငံတနိုင်ငံပါ

ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ် လူသိနည်းသော အကြောင်းအရာများ

by ဟယ်လ်သင်
8 August 2018
21.9k

ဂျပန်နိုင်ငံဟာ ငလျင်ဒဏ်အခံရဆုံး နိုင်ငံတနိုင်ငံဖြစ်ပြီး တနှစ်မှာ အကြိမ်ရေပေါင်း ၁၅၀၀ ခန့် ငလျင်လှုပ်မှုတွေ ဖြစ်ပွားတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

Next Post
သရုပ်ဆောင် K ညီ   / ချစ်ပိုး / ဧရာဝတီ

အဆင်မပြေတာတွေရှိပေမယ့် ကြိုးစားကြဖို့ ဇာတ်ပို့အချင်းချင်း တိုက်တွန်းစကားဆိုတဲ့ K ညီ

ထိုင်းနိုင်ငံ Khao Yai က ပူဖောင်းရွက်ဖျင်တဲဟိုတယ်

သဘာဝအလှအပတွေကို အနီးကပ်ခံစားနိုင်မယ့် ထိုင်းနိုင်ငံ Khao Yai က ပူဖောင်းရွက်ဖျင်တဲဟိုတယ်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

21 hours ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate