ခရီးသွားဧည့်သည်ဝင်ရောက်မှုများတဲ့ ထိုင်းနိုင်ငံမှာ နောက်ထပ် ဆွဲဆောင်မှုတခုအနေနဲ့ Khao Yai အမျိုးသား ဥယျာဉ်ထဲမှာ ပူဖောင်းရွက်ဖျင်တဲဟိုတယ် (Bubble Igloo Hotel) ကို ထားရှိလိုက်တာပါ။ မြို့တော် ဘန်ကောက်ကနေ နာရီအနည်းငယ်ပဲသွားရတဲ့ နေရာမှာတည်ရှိတာမို့ ခရီးသွားတွေ အလွယ်တကူ သွားရောက် လည်ပတ်နိုင်ပါတယ်။
ပတ်ဝန်းကျင်ကို ထုတ်ချင်းဖောက်မြင်ရတဲ့ ပူဖောင်းရွက်ဖျက်တဲဟိုတယ်တွေဟာ တည်းခိုသူတွေအတွက် သဘာဝအတိုင်းခံစားရအောင် ဖန်တီးပေးထားတာပါ။ အမျိုးသားဥယျာဉ်ထဲမှာရှိတာကြောင့် သဘာဝရှုခင်းတွေ၊ သစ်ပင် ပန်းမန်တွေနဲ့ ညဘက်မှာ ကြယ်ရောင်စုံတွေကို ငေးကြည့်ရင်း သက်သောင့်သက်သာနဲ့အနားယူနိုင်မယ့် နေရာလည်းဖြစ်ပါတယ်။
တညကို ၂ ယောက်ခန်းအတွက် မနက်စာအပါအဝင် ထိုင်းဘတ် ၂ ထောင့်ငါးရာ (အမေရိကန်ဒေါ်လာ ၈၁) ကျသင့်မှာပါ။ Khao Yai က ပူဖောင်းရွက်ဖျင်တဲဟိုတယ်ကို တခြားဟိုတယ်တွေနဲ့မတူအောင် တယောက်ထိုင် ဆိုဖာရယ်၊ အပြင်ဘက်မှာ သန့်စင်ခန်းကို ထားပေးထားတာပါ။ နောက်ထပ် ၄၉ လက်မ တီဗီကြီးရယ်၊ ရေချိုး ခန်း၊ ပတ်ပတ်လည်လိုက်ကာ ကာထားတဲ့ Canopy အိပ်ရာ၊ ကော်ဖီဖျော်စက်နဲ့ Jacuzzi ကိုတောင် ထည့်ပေးထားပါသေးတယ်။
တခါလာရောက်တည်းခိုသွားဖူးတဲ့ ဧည့်သည်တွေကလည်း စိတ်ကျေနပ်မှုအပြည့်ရစေတယ်ဆိုတဲ့ အကောင်း မြင်မှတ်ချက်တွေပဲ အများစုပေးခဲ့ကြတာပါ။
အရင်ကဆို အရှေ့တောင်အာရှမှာ ပူဖောင်းရွက်ဖျင်တဲဟိုတယ်မျိုး တည်းချင်တယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းကို သွားရပါတယ်။ အခုတော့ ဘန်ကောက်မှာလည်ပတ်ရင်း သိပ်မဝေးတဲ့ Khao Yai မှာ တည်းခိုနိုင်မယ့် အခွင့်အရေးရှိနေပါပြီ။
လာရောက်လည်ပတ်ဖူးသူတွေရဲ့ တဆင့်စကားတွေကြောင့် အခုဆိုရင် Khao Yai အမျိုးသားဥယျာဉ်ထဲက ပူဖောင်းရွက်ဖျင်တဲဟိုတယ်မှာ တည်းခိုဖို့ ကြိုတင်စာရင်းပေးထားသူတွေနဲ့ တနှစ်ပတ်လုံးပြည့်နေပြီလို့ သိရပါ တယ်။
ဒါပေမယ့်လည်း ဧည့်သည်အကုန်လုံးက အကောင်းမြင်မှတ်ချက်တွေပဲ ပေးခဲ့တာတော့မဟုတ်ပါဘူး။ တချို့ဧည့် သည်တွေကတော့ တခြားဟိုတယ်တွေထက် Check In အချိန်နောက်ကျပြီး Check Out ပိုစောတာကြောင့် အထွန့်တက်သူတွေလည်းရှိပါတယ်။ ဟိုတယ်မှာ Check In အချိန်ကို ညနေ ၄ နာရီသတ်မှတ်ထားပြီး Check Out ကိုတော့ မနက် ၁၀ နာရီသတ်မှတ်ပေးထားပါတယ်။
Ref: Coconuts Bangkok