နယူးဇီလန် အမျိုးသားလေကြောင်းလိုင်းဟာ ၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ဝင်ငွေ ၃၁ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ သိရပါတယ်။ လေကြောင်းလိုင်းဝင်ငွေ ကျဆင်းရတာက လောင်စာဆီ ဈေးနှုန်း မြင့်တက်လာတာကြောင့်ပါ။
နယူးဇီလန် အမျိုးသား လေကြောင်းလိုင်း ဝင်ငွေ ကျဆင်းလာတဲ့ အကြောင်းအရင်းတွေထဲမှာ လုပ်ငန်း လည်ပတ်နိုင်ဖို့ နေ့စဉ် ကုန်ကျစရိတ်နဲ့ ဝယ်လိုအား ကျဆင်းလာတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ လေကြောင်းလိုင်း ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
လေကြောင်းလိုင်းရဲ့ ၂၀၁၉ ဘဏ္ဍာရေးနှစ်က ပြီးခဲ့တဲ့ ဇွန်လမှာ ပြီးဆုံးသွားခဲ့ပါတယ်။ အခွန်ပေးပြီးနောက်မှာတော့ လေကြောင်းလိုင်းအနေနဲ့ ဒေါ်လာ ၁၇၂ သန်းသာ ကျန်ပါတော့တယ်။ ဒါကြောင့် ဝင်ငွေ ၃၁ ရာခိုင်းနှုန်း ကျဆင်းသွားရတာဖြစ်တယ်လို့ လေကြောင်းလိုင်း ကုမ္ပဏီက ဆိုပါတယ်။
လေကြောင်းလိုင်း ကုမ္ပဏီဥက္ကဋ္ဌက ဒီဖြစ်စဉ်ကို “လောင်စာဆီ စိန်ခေါ်မှုကို လက်ဆောင်အဖြစ် ရရှိလိုက်တဲ့ နှစ်တနှစ်လို့” ပြောဆိုလိုက်ပါတယ်။
၂၀၁၈ ဘဏ္ဍာရေးနှစ်မှာတော့ အခွန်မထမ်းဆောင်ရသေးဘဲ ရရှိတဲ့ ဝင်ငွေက နယူးဇီလန်ဒေါ်လာ သန်း ၃၉၀ ရှိခဲ့ပြီး၊ ၂၀၁၉ ဘဏ္ဍာရေးနှစ်မှာတော့ သန်း ၂၇၀ ရရှိခဲ့ပါတယ်။ အခွန်ထမ်းဆောင်ပြီး နောက်မှာတော့ ဝင်ငွေဒေါ်လာ ၁၇၂ သန်းသာ ကျန်ပါတော့တယ်။ လေကြောင်းလိုင်းအနေနဲ့ ဝင်ငွေ ၃၁ ရာခိုင်နှုန်း ကျဆင်းသွားပေမယ့်လည်း ခရီးစဉ်တွေကို ထပ်မံ တိုးမြှင့်သွားမယ်လို့လည်း ကြေညာခဲ့ပါသေးတယ်။
တိုးမြှင့်သွားမယ့် ခရီးစဉ်တွေဟာ အချိန်ကြာကြာ ပျံသန်းရမယ့် ခရီးစဉ်တွေဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ကို တိုက်ရိုက် ပျံသန်းမှာ ဖြစ်သလို နယူးဇီလန်နိုင်ငံရဲ့ မြို့တမြို့ ဖြစ်တဲ့ Chirstchurch မြို့ကနေ စင်ကာပူနိုင်ငံကို တိုက်ရိုက် ပျံသန်းသွားမယ့် ခရီးစဉ်တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ချီကာဂိုနဲ့ တိုင်ပေတို့ကိုလည်း အကြိမ်အရေအတွက် တိုးမြှင့်ပြီး ပျံသန်းပေးနေတယ်လို့ သိရပါတယ်။
Ref. EFE.com , Channelnewsasia
You may also like these stories:
အမေရိကန်က အရှေ့တောင်အာရှ ၄နိုင်ငံသို့ မောင်းသူမဲ့ လေယာဉ်များ ရောင်းချပေးမည်
ဒုတိယကမ္ဘာစစ်ပြီးနောက် ပိုမိုတိုးတက်လာတဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်း