မြန်မာနိုင်ငံကိုလာရောက်ကြတဲ့ နိုင်ငံတကာခရီးသွားတွေရဲ့ အဓိကဝင်ပေါက်ကတော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖြစ်တာကြောင့် လေဆိပ်အဆောက်အဦတွေဟာ အဆင့်မြင့်မြင့် အခြေအနေမျိုး ရှိနေသင့်ပါတယ်။ နိုင်ငံတကာခရီးသွားတွေ နားနေနိုင်ဖို့ နားနေခန်းကောင်းကောင်း တွေလည်း လိုအပ်ပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ မြန်မာနိုင်ငံမှာ အဓိကကျတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တခု ဖြစ်ပြီး အခုဆိုရင်တော့ နိုင်ငံတကာလေကြောင်းလိုင်း ၃၃ လိုင်းက နိုင်ငံတကာ ခရီးစဉ် ၃၃ ခုကို ပျံသန်းပြေးဆွဲ နေတယ်လို့လည်း သိရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ စရိတ်နည်းလေကြောင်းလိုင်းဖြစ်တဲ့ JC (Cambodia) International Airlines က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာပြေးဆွဲနေတဲ့ ၃၃ ခုမြောက် လေကြောင်းလိုင်း ဖြစ်ပြီး သြဂုတ်လ ၁၇ ရက်နေ့က စပြီး ရန်ကုန် – ဖနွမ်းပင် တိုက်ရိုက်ခရီးစဉ်သစ်ကို ပြေးဆွဲနေပြီလို့ သိရပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုအသုံးပြုနေကြတဲ့ နိုင်ငံတကာခရီးသွားတွေအနေနဲ့ ခရီး သွားလာရာမှာ လွယ်ကူစေဖို့နဲ့ မြန်မြန်ဆန်ဆန် ထွက်ခွာနိုင်အောင်ရည်ရွယ်ပြီး ကြယ် ၅ ပွင့်အဆင့်ရှိ တဲ့ Mingalar Sky Premium Lounge ကို သြဂုတ်လ ၂၁ နေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ကြယ် ၅ ပွင့်အဆင့်ရှိတဲ့ ပရီမီယံနားနေခန်းတွေဟာ နိုင်ငံတကာခရီးသွားတွေကို ၂၄ နာရီဝန်ဆောင်မှုပေး သွားမှာပဲ ဖြစ်ပါတယ်။
အခုဖွင့်လှစ်လိုက်တဲ့ ကြယ် ၅ ပွင့်အဆင့်ရှိတဲ့နားနေခန်းတွေဟာ လေဆိပ်အဆောက်အဦ ၁ မှာရှိ ပြီး မြေညီထပ်မှာတော့ သီးသန့်ဧည့်ကြိုကောင်တာ ထားရှိထားပါတယ်။ ဧည့်ကြိုကောင်တာကို ဝင်ရောက်ပြီးနောက်မှာတော့ ဒုတိယထပ်မှာရှိတဲ့ နားနေခန်းတွေဆီကို အချိန်တိုတိုအတွင်း သွားရောက်နိုင်မှာလည်း ဖြစ်ပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖွင့်လှစ်လိုက်တဲ့ ကြယ် ၅ ပွင့်အဆင့် Mingalar Sky Premium Lounge ဟာ လေဆိပ်ရဲ့ ၄ ခုမြောက် အဆင့်မြင့် နား နေခန်းဖြစ်တယ်လို့ သိရပါတယ်။
ခရီးစဉ်ကူးပြောင်းစီးနင်းမယ့် ခရီးသွားတွေနဲ့ တခြားခရီးသွားတွေ အဆင်ပြေပြေနေနိုင်အောင် ပုဂ္ဂလိကနားနေခန်း ၆ ခန်းနဲ့ ၂၄ နာရီဝန်ဆောင်မှုပေးသွားမှာပဲ ဖြစ်ပါတယ်။ ပုဂ္ဂလိကနားနေခန်း တွေမှာတော့ လူ ၁၀ ကိုသာ ဝန်ဆောင်မှုပေးသွားမှာဖြစ်သလို အခမဲ့နားနေနိုင်တဲ့ဧရိယာအတွင်း မှာတော့ လူ ၈၀ တပြိုင်တည်းနားနေနိုင်ပါတယ်။
ပုဂ္ဂလိကနားနေခန်းတွေကို အသုံးပြုလိုသူတွေအတွက်တော့ ခရီးသွား ၃ ယောက် အသုံးပြုနိုင်မယ့် ဝန်ဆောင်မှုကို ဒေါ်လာ ၂၀၀ ပေးပြီးရယူနိုင်ပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ဒေါ်လာ ၂၀၀ နဲ့ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ဝန်ဆောင်မှုရယူနိုင်ပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာဖွင့်လှစ်ထားတဲ့ Cafe’ Corner မှာလည်း ၂၀၁၉ ဇွန်လကနေ စက်တင်ဘာလအတွင်း ဝယ်ယူစားသုံးထားတဲ့ ငွေရှင်းဖြတ်ပိုင်းတွေကိုပြပြီး ၂၀ ရာခိုင်နှုန်းလျှော့ ဈေးကို ရယူနိုင်ပါတယ်။
Ref:traveldailymedia
You may also like these stories:
ဟံသာဝတီ လေဆိပ် စီမံကိန်း လာမည့်နှစ်တွင် စတင် နိုင်ဖွယ်ရှိဟု ဆို
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖွံ့ဖြိုးရေး အကောင်အထည် ဖော်နေ
ရန်ကုန်လေဆိပ်မှ ဝင်ရောက်သူ ခရီးသွား လျော့နည်းလာဟု ဆို