ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်နဲ့အတူ ကမ္ဘာတဝှမ်းမှာ ခရီးသွားလုပ်ငန်းတွေက ပိုပိုဖွံ့ဖြိုးလာခဲ့ပါ တယ်။ အရှေ့တောင်အာရှနိုင်ငံတွေကလည်း ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကြီးနဲ့အတူ ခရီးသွား လုပ်ငန်းတွေ ရေရှည်တည်တံ့နိုင်အောင် အစီအစဉ်တွေချမှတ်ပြီး အကောင်အထည်ဖော်လာကြပါ တယ်။ ခရီးသွားလုပ်ငန်းတွေအနေနဲ့ လုပ်လက်စခရီးသွားလုပ်ငန်း ရေရှည်ခိုင်မြဲအောင် ကြိုးစားနိုင်ဖို့လည်း လိုအပ်ပါတယ်။
၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ နိုင်ငံတကာခရီးသွားအရေအတွက်က ၃ ဒဿမ ၅၅ သန်းရှိခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံကိုလာရောက်ကြတဲ့ ခရီးသွားအရေအတွက်က နည်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ အတိုင်းအတာနဲ့ ပြန် ကြည့်မယ်ဆိုရင်တော့ မြန်မာ့ခရီးသွားလုပ်ငန်းက အရင်ထက်စာရင်ဖွံ့ဖြိုးလာတာကို တွေ့ရပါလိမ့် မယ်။
၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ နိုင်ငံတကာခရီးသွားအရေအတွက်က ၃ ဒဿမ ၄၄ သန်းရှိခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ ၃ ဒဿမ ၅၅ သန်းရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ၃ ဒဿမ ၁၅ ရာခိုင်နှုန်းတိုးလာခဲ့ပါတယ်။
၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံကို အာရှဒေသက ခရီးသွားတွေ အများဆုံးလာရောက်ခဲ့ပြီး အနောက်နိုင်ငံသား ခရီးသည် ဝင်ရောက်မှုကတော့ ကျဆင်းခဲ့ပါတယ်။ ဒါကြောင့်လည်း ခရီးသွားလုပ်ငန်းတွေ ကနေရရှိတဲ့ဝင်ငွေအတိုင်းအတာကလည်း ကွာခြားမှုရှိခဲ့ပါတယ်။
၂၀၁၇ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွားတွေကနေ ဝင်ငွေဒေါ်လာ ၁ ဒဿမ ၉ ဘီလီယံ ရရှိခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ ဝင်ငွေကျဆင်းသွားတယ်လို့ သိရပါတယ်။ နိုင်ငံခြားဝင်ငွေကျဆင်းသွားရတဲ့ အကြောင်းကတော့ အနောက်နိုင်ငံသားတွေ ဝင်ရောက်မှု ကျဆင်းသွားတဲ့အတွက်ကြောင့်ပါပဲလို့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက ဒါရိုက်တာတယောက်ဖြစ်တဲ့ ဦးမျိုးဝင်းညွှန့်က ပြော ပါတယ်။
အနောက်နိုင်ငံသားတွေနဲ့ အာရှနိုင်ငံသားတွေအကြားကွာခြားချက်ကတော့ ငွေသုံးစွဲမှုပမာဏ နဲ့ ရေရှည်နေထိုင်မှုပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ခရီးသွားဧည့်သည်များလာပေမယ့် ဝင်ငွေရရှိတဲ့ ပမာဏကတော့ ကွာခြားသွားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကိုအများဆုံးလာရောက်တာကတော့ တရုတ် ၊ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံသားတွေ ဖြစ်ကြပါတယ်။
၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတဝှမ်းလည်ပတ်ခဲ့ကြတဲ့ တောင်ကိုရီးယားခရီးသွားပေါင်းက ၂၆ သန်း ကျော်ရှိခဲ့ပါတယ်။ ဒီကိန်းဂဏန်းအရဆိုရင်တော့ တောင်ကိုရီးယားတနိုင်ငံလုံးနီးပါး ခရီးထွက်နေ ကြတဲ့သဘောပါပဲ။ ဒါကြောင့်လည်း တောင်ကိုရီးယားသားတွေရဲ့ ခရီးသွားရင်းပြည်ပသုံးငွေက ဒေါ်လာဘီလီယံချီပါတယ်။
၂၀၁၈ ခုနှစ်အတွင်းမှာတော့ တောင်ကိုရီးယားနိုင်ငံသား ၇ သောင်းနီးပါး မြန်မာနိုင်ငံကို လာရောက် ခဲ့ကြပါတယ်။
၂၀၁၉ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ ခရီးသွားအရေအတွက်ကလည်း တိုးလာ ခဲ့ပြီး ၁ ဒဿမ ၂သန်းရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ထက် ၁၉ ရာခိုင်နှုန်းပိုခဲ့ပါတယ်။ ၂၀၁၉ ဇန်နဝါရီ ၁ ရက်ကနေ ဇွန်လ ၃၀ ရက်အထိ မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ နိုင်ငံတကာခရီးသွားပေါင်းက ၂ ဒဿမ ၁၄ သန်းရှိခဲ့ပါတယ်။
၂၀၂၀ မှာတော့ နိုင်ငံတကာခရီးသွား ၇ ဒဿမ ၅သန်း ဝင်ရောက်ဖို့ မျှော်မှန်းထားပါတယ်။
Ref:mdn.gov.mm,en.wikipedia