ကမ္ဘာ့ နေရာအနှံ့ကို အလည်အပတ် သွားရောက်တဲ့အခါ ခရီးသွား အတွေ့အကြုံ အပြည့်အစုံ ရရှိဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အခုဖော်ပြပေးမယ့် နေရာတွေကတော့ စူးစမ်းလိုစိတ် အပြည့်ရှိပြီး၊ အကြောက်အရွံ့ မရှိ၊ အတွေ့အကြုံယူလိုသူတွေ သွားရောက် လည်ပတ်သင့်တဲ့ နိုင်ငံအနှံ့အပြားက နေရာဒေသတွေ အကြောင်းပဲ ဖြစ်ပါတယ်။
(၁) Jacob’s Well
Jacob’s Well ဟာ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှာ တည်ရှိပြီး ဒီရေတွင်းရဲ့ အနက်ဟာ ပေ ၁၄၀ ကျော်အထိ အနက် ရှိပါတယ်။ ရေငုပ်နိုင်တဲ့ နေရာတွေမှာ ကမ္ဘာ့ အန္တရာယ်အရှိဆုံး နေရာတခုအဖြစ် သတ်မှတ်ထားပြီး သင့်အနေနဲ့ ရေငုပ်ဖို့ ဆန္ဒ မရှိဘူးဆိုရင် ခပ်ဝေးဝေး နေသင့်တဲ့ နေရာတနေရာပါ။
(၂) Mirror Lake
အင်ဒိုနီးရှားနိုင်ငံမှာ တည်ရှိတဲ့ ဒီရေကန်ဟာဆိုရင် ရေကန်ရဲ့ အောက်ခြေအထိ မှန်တချပ်လို ကြည်ကြည်လင်လင် ပြတ်ပြတ်သားသား မြင်နိုင်မှာဖြစ်ပြီး ဆန္ဒရှိရင်တော့ ရေကန်ရဲ့ အောက်ခြေအထိကို သွားရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။
(၃) Ik-Kil
မက္ကဆီကိုနိုင်ငံမှာ တည်ရှိတဲ့ သဘာဝအတိုင်း ရေအပြည့်ဖြစ်နေတဲ့ Ik-Kil တွင်းနက်ကြီးဟာဆိုရင် မာယာလူမျိုးတွေရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဒဏ္ဍာရီလာ အစိတ်အပိုင်း တခုဖြစ်ပြီး ရှေးဟောင်းသုတေသန ပညာရှင်တွေနဲ့ လိုဏ်ဂူဗေဒ ပညာရှင်တွေရဲ့ လေ့လာချက်တွေအရ လူအရိုးတွေနဲ့ အဖိုးတန် ကျောက်မျက်ရတနာတွေကို ဒီတွင်းနက်ကြီးထဲမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
(၄) Pigeon’s Cave
ခရိုအေးရှားနိုင်ငံ၊ ပူလာမြို့အနီးမှာတည်ရှိတဲ့ ဒီဂူဟာဆိုရင် စွန့်စွန့်စားစား ခရီးသွားတွေကြား ရေပန်းစားတဲ့ နေရာတခုဖြစ်ပြီး သွားရောက် လည်ပတ်တဲ့အခါ ဂရုတစိုက်၊ သတိပြု လည်ပတ်သင့်တဲ့ နေရာပဲ ဖြစ်ပါတယ်။
(၅) Overhanging Rock
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Yosemite အမျိုးသားဥယျာဉ်မှာ တည်ရှိတဲ့ ဒီနေရာဟာဆိုရင် မြေပြင်ကနေ အမြင့်ပေ ၃၂၀၀ ခန့်မှာ တည်ရှိပြီး သွားရောက် လည်ပတ်တဲ့ ခရီးသွားတွေရဲ့ အဆိုအရ ကောင်းကင်ကို ထိလုနီးပါးရှိတယ်လို့ မှတ်ချက်ပေးထားကြပါတယ်။
Ref. thinkinghumanity.com
You may also like these stories:
ကမ္ဘာမှာ လုံခြုံစိတ်ချမှု အရှိဆုံးအဖြစ် ရွေးချယ်ခံထားရတဲ့ မြို့ကြီး ၁၀ မြို့
ထူးထူးဆန်းဆန်း ကမ္ဘာ့အံ့ဖွယ် လူသားများ
ကမ္ဘာ့ဒေသပေါင်း ၈၅၂ နေရာကို သွားရောက်ခဲ့ပြီး ခရီးအသွားနိုင်ဆုံး စံချိန်တင်ခဲ့သူ