ဒီနေ့ခေတ်မှာ အွန်လိုင်း ယဉ်ကျေးမှုနဲ့အတူ လူတွေ ဖန်တီးထားတဲ့ ပုံပြင်အတုတွေလည်း ပေါ်ပေါက်လာပါတယ်။ တချို့လူတွေဟာ အွန်လိုင်းကို အသုံးပြုပြီး မဟုတ်မမှန်တဲ့ သတင်းတွေ လုပ်ကြံ ဖန်တီးလာကြပါတယ်။ ဒါကြောင့်လည်း ဓာတ်ပုံတပုံကို ကြည့်ရုံနဲ့ တကယ်ရှိ ၊ မရှိ ခွဲခြားသိဖို့ လိုအပ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ အွန်လိုင်းပေါ်မှာ သတင်းအမှားတွေပေးပြီး ဓာတ်ပုံအတုတွေနဲ့ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့အကြောင်းပဲ ဖြစ်ပါတယ်။
(၁) သစ်ပင်ပေါ်က ဆိတ်များ (မော်ရိုကိုနိုင်ငံ)
ဘယ်ရီသီးစားနေတဲ့ သစ်ပင်ပေါ်က ဆိတ်တွေရဲ့ ဓာတ်ပုံဟာ အွန်လိုင်း အသုံးပြူသူတွေကြားမှာ ရေပန်းစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံဟာ အစစ် မဟုတ်ဘဲ လူတွေ ထင်ယောင်ထင်မှားဖြစ်အောင် ဝါဒဖြန့်ထားတဲ့ ဓာတ်ပုံသာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
(၂) Verona မြို့က ဂျူးလီယက်ရဲ့ လသာဆောင် (အီတလီနိုင်ငံ)
ရှိတ်စပီးယားဝတ္ထုထဲက ဇာတ်ကောင်ဖြစ်တဲ့ ရိုမီရိုနဲ့ ဂျူးလီယက်တို့ အချစ်ဇာတ်လမ်းက ကမ္ဘာပေါ်မှာ ထင်ရှားပါတယ်။ ဒါကြောင့်လည်း ဂျူးလိယက်ရဲ့ လသာဆောင်ဟာ Verona မြို့မှာရှိတယ်ဆိုပြီး ကမ္ဘာတလွှားက ခရီးသွားတွေ သွားရောက် လည်ပတ်လေ့ ရှိပါတယ်။
လူတွေ မသိတာက အဲဒီသတင်းဟာ သတင်းတုဖြစ်တယ် ဆိုတာပါပဲ။ ဘာလို့လဲ ဆိုတော့ ရိုမီယိုနဲ့ ဂျူးလီယက် အကြောင်းကို ရေးသားခဲ့တဲ့ ရှိတ်စပီးယားဟာ Verona မြို့ကို တခါမှ မရောက်ခဲ့ဖူးသလို အီတလီနိုင်ငံကို တခါမှ လာရောက် လည်ပတ်ခဲ့ခြင်း မရှိတဲ့အတွက်ကြောင့်ပါ။
(၃) Kwai မြစ်ကို ဖြတ်ထားတဲ့ တံတား(ထိုင်းနိုင်ငံ)
ဒီဓာတ်ပုံကလည်း အတုသာ ဖြစ်ပါတယ်။ အတုဖြစ်ရတဲ့ အကြောင်းကတော့ သေမင်းတမန် ရထားလမ်း ဟာ Kwai မြစ်ကို ဘယ်တုန်းကမှ မဖြတ်သန်းခဲ့လို့ပါ။ ၁၉၅၇ ခုနှစ်မှာ “သေမင်းတမန် ရထားလမ်း”အကြောင်း ရုပ်ရှင်ရိုက်တော့ Kwai မြစ်ကို သေမင်းတမန် ရထားလမ်း ဖြတ်ဖို့ တံတားဆောက်ခဲ့တဲ့ပုံစံ ထည့်ရိုက်ခဲ့ပါတယ်။
အမှန်တကယ် ဖြတ်သန်းခဲ့တာက မဲခေါင်မြစ် ဖြစ်ခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်မှာတော့ တံတားဖြတ်သန်းထားတဲ့တနေရာကို မဲခေါင်မြစ်အစား Kwai Yai ဆိုပြီး နာမည်ပြောင်းပေးခဲ့ပါတယ်။ ဒါကြောင့်လည်း လူတွေက အဲဒီနေရာ “သေမင်းတမန် ရထားလမ်း” ဇာတ်ကားထဲမှာ ပါဝင်ခဲ့တဲ့ တံတားလို့ ထင်နေကြပါတယ်။
(၄) ချာလီစစ်ဆေးရေးဂိတ် (ဂျာမနီနိုင်ငံ)
စစ်အေးတိုက်ပွဲ ကာလတုန်းကတော့ ချာလီ စစ်ဆေးရေးဂိတ်ဆိုတာ အမှန်တကယ် ရှိခဲ့ဖူးပါတယ်။ အဲဒီဂိတ်ဟာ စစ်အေးတိုက်ပွဲ ဖြစ်နေတဲ့ ၁၉၆၁ ခုနှစ်မှာ အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီကို ပိုင်းခြားထားတဲ့ ဂိတ်တဂိတ် ဖြစ်ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာတော့ အဲဒီ စစ်ဆေးရေးဂိတ်ကို ရွှေ့ပစ်ခဲ့ပါတယ်။ အခု လူတွေ လည်ပတ်နေတာကတော့ ပြန်လည် တည်ဆောက်ထားတဲ့ နေရာသာ ဖြစ်ပါတယ်။
Ref. Thesun.co.uk
You may also like these stories:
ပါကစ္စတန်နိုင်ငံအကြောင်း စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်များ
ခရီးသွား အများအပြား ဝင်ရောက်လာဖို့ မလေးရှားနိုင်ငံ မျှော်မှန်းထား
ဒုတိယကမ္ဘာစစ်ပြီးနောက် ပိုမိုတိုးတက်လာတဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်း