Travel

ခရီးသွားလုပ်ငန်းကို ပိုပြီး အာရုံစိုက်လာတဲ့ ဆော်ဒီအာရေဗျနိုင်ငံ

ကမ္ဘာပေါ်မှာ ရေနံအများဆုံး တင်ပို့ရောင်းချနေတဲ့ ဆော်ဒီအာရေဗျနိုင်ငံဟာ ၂၀၁၆ ခုနှစ်လောက်အထိ ရေနံကရတဲ့ ဝင်ငွေ တခုတည်းကို မှီခိုနေခဲ့ရပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ ဆော်ဒီအာရေဗျနိုင်ငံက ခရီးသွားလုပ်ငန်းတွေကို ပိုပြီး အာရုံစိုက်လာခဲ့ပါတယ်။ ဒါကြောင့်လည်း “ရေနံမှသည် ခရီးသွားလုပ်ငန်းဆီသို့” ဆိုပြီး ဆော်ဒီအစိုးရက ကြွေးကြော်ခဲ့ပါတယ်။

အစ္စလာမ် ဘာသာဝင်တွေအတွက်လည်း အရေးကြီးတဲ့ ဆော်ဒီနိုင်ငံဟာ အခုဆိုရင် အရှေ့အလယ် ပိုင်းဒေသမှာ ဒုတိယ ခရီးသွား အများဆုံး လာရောက်တဲ့ နိုင်ငံဖြစ်လာပါပြီ။ ၂၀၁၇ ခုနှစ်အတွင်း ဆော်ဒီနိုင်ငံကို လာရောက် လည်ပတ်တဲ့ ခရီးသည် ၁၆ သန်းကျော် ရှိခဲ့ပါတယ်။

ဆော်ဒီအစိုးရအနေနဲ့ ၂၀၁၉ ခုနှစ်အတွင်း ခရီးသွားလုပ်ငန်းကနေ ဝင်ငွေဒေါ်လာ ၂၅ ဘီလီယံ ရမယ်လို့ မျှော်မှန်းထားပါတယ်။ ကမ္ဘာ့ခရီးသွားနဲ့ ခရီးသွားလုပ်ငန်း ကောင်စီက ထုတ်ပြန်ထားတဲ့ စာရင်းအရဆိုရင် ဆော်ဒီနိုင်ငံဟာ ၂၀၁၈ ခုနှစ်အတွင်း ခရီးသွားလုပ်ငန်းကနေ ဝင်ငွေဒေါ်လာ ၆၅ ဒဿမ ၂ ဘီလီယံ ရခဲ့ပါတယ်။

မက္ကာမြို့၊ Mediana၊ Madain Saleh၊ Yanbu၊ Jeddah နဲ့ Riyadh မြို့တွေက ခရီးသွားတွေ အများဆုံးလာရောက် လည်ပတ်ကြတဲ့ နေရာတွေပါပဲ။

ဆော်ဒီနိုင်ငံမှာဆိုရင် နာမည်ကြီး ပြတိုက်တွေ အမျိုးမျိုး ရှိပြီး၊ အဲဒီပြတိုက်တွေဟာ သမိုင်းနဲ့ယဉ်ကျေးမှုဆိုင်ရာ ပြတိုက်တွေဖြစ်သလို သိပ္ပံပညာနဲ့ ပတ်သက်တဲ့ ပြတိုက်တွေလည်း ရှိပါသေးတယ်။ အထင်ရှားဆုံးပြတိုက်ကတော့ ဆော်ဒီအာရေဗျ အမျိုးသားပြတိုက်ပါပဲ။ ဒီပြတိုက်ကိုတော့ ၁၉၉၉  ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး Riyadh မြို့မှာ ရှိပါတယ်။

ဆော်ဒီဘုရင်ဖြစ်တဲ့ Mohammed ကလည်း ရေနံလုပ်ငန်းတွေဟာ ၂၀၂၀ ခုနှစ်လောက်မှာ ရပ်တန့်သွားနိုင်တဲ့အတွက် ခရီးသွားလုပ်ငန်းကို ပိုပြီး အာရုံစိုက် လုပ်ကိုင်နေကြောင်း ပြောပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာနဲ့ဆိုရင်လည်း ခရီးသွားတွေ အများဆုံး လာရောက် လည်ပတ်တဲ့ နိုင်ငံ ၅ နိုင်ငံစာရင်းမှာ ဆော်ဒီနိုင်ငံပါဝင်လာဖို့ ကြိုးစား ဆောင်ရွက်နေပါတယ်။

ဆော်ဒီနိုင်ငံဟာ အစ္စလာမ်ဘာသာဝင်တွေအတွက် အထွဋ်အမြတ်ထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် မွတ်ဆလင် ခရီးသွားတွေ အဓိက လာရောက်လေ့ ရှိပါတယ်။ ဒါကြောင့်လည်း ၂၀၃၀ ခုနှစ်မှာတော့ ခရီးသွားလုပ်ငန်းကနေ ဒေါ်လာ ၁၀၀ ဘီလီယံ ဝင်ငွေရဖို့ ဆော်ဒီအစိုးရ မျှော်လင့်ထားပါတယ်။

Ref. Forbes, Timesofindia 

You may also like these stories:

အမျိုးသား အုပ်ထိန်းသူ မပါဘဲ ခရီးထွက်ခွင့် ရသွားတဲ့ ဆော်ဒီ အမျိုးသမီးများ

၂၀၁၉ ခုနှစ်အတွက် အာရှတိုက်မှာ အချမ်းသာဆုံး နိုင်ငံများ

ခရီးသွား အများဆုံး လည်ပတ်တဲ့ စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ ဘန်ကောက်မြို့

Loading