အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီဟာ ငယ်စဉ်က လက်ဖက်ရည်အရောင်းသမားလေး တယောက် ဖြစ်ခဲ့ဖူးပါတယ်။ အခုဆိုရင်တော့ အဲဒီဆိုင်ကလေးဟာ နိုင်ငံတကာခရီးသွား ဧည့်သည်တွေ လာရောက်လည်ပတ်တဲ့ နေရာလေးတနေရာ ဖြစ်နေပါပြီ။ အဲဒီလက်ဖက်ရည် ဆိုင်ကလေးဟာ အိန္ဒိယနိုင်ငံ အနောက်ပိုင်းက Gujarat ပြည်နယ်မှာရှိတဲ့ Vadnagar ဆိုတဲ့ မြို့ကလေးမှာ ရှိပါတယ်။
မိုဒီ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက်ပိုင်းမှာတော့ ပြည်နယ်အစိုးရက အဲဒီဆိုင်ကလေးကို ခရီးသွားတွေ လာရောက် လည်ပတ် နိုင်အောင် စီမံပေးခဲ့ပါတယ်။ အဲဒီလိုဖြစ်အောင်စီမံပေးခဲ့တာကတော့ အိန္ဒိယနိုင်ငံရဲ့ ခရီးသွားလာရေးဝန်ကြီးဌာနပါပဲ။
မိုဒီဟာ အိန္ဒိယနိုင်ငံမှာတင်မက ကမ္ဘာမှာလည်း ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တဦးပါ။ ဒါကြောင့်လည်း သူငယ်စဉ်ကလေးဘဝက ရောင်းခဲ့တဲ့လက်ဖက်ရည်ဆိုင်ကလေးကို ခရီးသွား အများအပြားလာရောက်လည်ပတ်ကြတာပါ။
နိုင်ငံရေးသမားတယောက်ရဲ့ ပုံရိပ်ဆိုတာ တိုင်းပြည်ရဲ့စီးပွားရေးကို အထောက်အကူပြုလေ့ရှိပါ တယ်။
မိုဒီနဲ့ပတ်သက်ပြီး ခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိတာ ဒီတနေရာတည်းတော့ မဟုတ်ပါဘူး။ တချိန်က သူတရားအားထုတ်ခဲ့ဖူးတဲ့နေရာကလည်း ခရီးသွားတွေ အများအပြား လာရောက်လည်ပတ်တဲ့နေရာဖြစ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ခရီးသွားလာရေးဝန်ကြီးဖြစ်သူ Prahlad Patel ကလည်း မိုဒီနဲ့ပတ်သက်ပြီး အခုလိုပဲ ကောက်ချက်ချ ခဲ့ဖူးပါတယ်။
“ဝန်ကြီးချုပ်မိုဒီဟာ အိန္ဒိယနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် တန်ဖိုးရှိတဲ့ သံတမန်တဦးပါပဲ။ အိန္ဒိယနိုင်ငံအတွက် သူပေးခဲ့တဲ့လက်ဆောင်က မယုံနိုင်စရာကောင်းသလို နိုင်ငံတကာကလူတွေ ကိုလည်း အာရုံစိုက်လာအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ ကျနော်တို့အတွက်တော့ ကြီးကျယ်မြင့်မြတ်တဲ့ သံတမန်တဦးပါပဲ” လို့ ဆိုခဲ့ဖူးတာပါ။
မိုဒီဟာ ၂၀၁၉ ခုနှစ် မေလအတွင်းက အိန္ဒိယနိုင်ငံမြောက်ပိုင်း Uttarakhand ပြည်နယ်အတွင်းက Rudra ဂူထဲမှာ ၁၇ နာရီကြာ တရားထိုင်ခဲ့ဖူးပါတယ်။
အရင်က ခရီးသွားလာမှုသိပ်မရှိတဲ့နေရာလေးဟာ မိုဒီတရားထိုင်ပြီးနောက်ပိုင်းမှာတော့ နိုင်ငံတ ကာက ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်တဲ့နေရာ ဖြစ်ခဲ့ပါတယ်။ အခုဆိုရင်တော့ အဲဒီဂူကိုသာ မက မိုဒီ ငယ်စဉ်ကရောင်းခဲ့ဖူးတဲ့ လက်ဖက်ရည်ဆိုင်ကိုပါ ခရီးသွားအများအပြား လာရောက်လည် ပတ်နေကြပါတယ်။
Ref:timesofindia,indiatoday
You may also like these stories:
အိန္ဒိယဝန်ကြီးချုပ် မိုဒီ တရားထိုင်ခဲ့တဲ့ဂူ ခရီးသွားတွေအတွက် စိတ်ဝင်စားစရာ ဖြစ်လာ
မဟတ္တမဂန္ဒီကို ဂုဏ်ပြုတဲ့အနေနဲ့ အိန္ဒိယ မီးရထားဌာနက ပလပ်စတစ် အသုံးပြုမှု တားမြစ်
အိန္ဒိယ ရွေးကောက်ပွဲ မိုဒီက အတိုက်အခံများကို အနိုင်ပိုင်း အောင်ပွဲခံ
မိုဒီ မဟုတ်ရင် အိန္ဒိယမှာ ဘယ်သူလဲ