၂၀၁၉ ခုနှစ် ကုန်ဆုံးဖို့အချိန်ရောက်လာတာနဲ့အမျှ တကမ္ဘာလုံးဆိုင်ရာအတိုင်းအတာနဲ့ ခရီးသွား အရေအတွက် ပိုတိုးလာခဲ့ပါတယ်။ ဇန်နဝါရီလကနေ ဇွန်လအတွင်း ခရီးသွား ၆၇၁ သန်း နိုင်ငံတ ကာကို လာရောက်ခဲ့ကြတယ်လို့ ကမ္ဘာ့ခရီးသွားလာရေး အဖွဲ့အစည်းကြီးက စာရင်းထုတ်ပြန်ထားပါ တယ်။
၂၀၁၈ ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင်လည်း ၆ လအတွင်း ခရီးသွားသန်း ၃၀ ပိုခဲ့ပါတယ်။ အရှေ့အလယ် ပိုင်းဒေသကို လာရောက်ခဲ့ကြတဲ့ ခရီးသွားအရေအတွက်က ၈ ရာခိုင်နှုန်း တိုးလာခဲ့သလို အာရှ-ပစိဖိတ်ဒေသကို လာရောက်ခဲ့ကြတဲ့ ခရီးသွား အရေအတွက်ကလည်း ၆ ရာခိုင်နှုန်း ၊ ဥရောပကိုလာရောက်ခဲ့ကြတဲ့ ခရီးသွား ၄ ရာခိုင်နှုန်း ၊ အာဖရိကကို လာရောက်ခဲ့ကြတဲ့ခရီးသွား ၃ ရာခိုင်နှုန်း နဲ့ အမေရိကကို လာရောက်ခဲ့ ကြတဲ့ခရီးသွား ၂ ရာခိုင်နှုန်း အသီးသီး တိုးခဲ့ပါတယ်။
နိုင်ငံတကာ ခရီးသွားတွေထဲမှာဆိုရင်တော့ တရုတ်နိုင်ငံသား ခရီးသွား အရေအတွက်ကပိုများခဲ့ပြီး ဒုတိယကတော့ အမေရိကန်ဖြစ်ပါတယ်။ တရုတ်ခရီးသွား အရေအတွက်က ပိုမိုများလာခဲ့ပြီး ၂၀၁၈ ခုနှစ်ထက်စာရင် ၁၄ ရာခိုင်နှုန်း ပိုများလာခဲ့ပါတယ်။ ခရီးသွားအများဆုံး လာရောက်လည်ပတ်လေ့ရှိ တာကတော့ ဥရောပနိုင်ငံတွေပါပဲ။
အခုလို နိုင်ငံတကာခရီးသွားတွေ ပိုမိုလည်ပတ်နေကြတဲ့အတွက် နိုင်ငံအသီးသီးမှာလည်း ဝင်ငွေ ပိုတိုးလာခဲ့ပါတယ်။ တကမ္ဘာလုံးဆိုင်ရာအတိုင်းအတာနဲ့ဆိုရင်တော့ ခရီးသွားလုပ်ငန်းကနေရတဲ့ ဝင်ငွေက ၁၀ ဒဿမ ၄ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
ဒါကြောင့်လည်း ခရီးသွားလုပ်ငန်းဟာ ရွှေခေတ်ကို ရောက်ခဲ့ပြီလို့ ကမ္ဘာ့ခရီးသွား နဲ့ ခရီးသွားလာရေးကောင်စီရဲ့ စီအီးအိုဖြစ်တဲ့ Gloria Guevara ကပြောပါတယ်။
တကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်လည်း ခရီးသွားလုပ်ငန်းက ပိုမိုတိုးတက်လာနေပါတယ်။ ၂၀၁၈ ခုနှစ် အတွင်း ကမ္ဘာအနှံ့ခရီးသွားခဲ့သူ စုစုပေါင်းက ၁ ဒဿမ ၄ ဘီလီယံရှိခဲ့တယ်လို့ ကမ္ဘာ့ခရီးသွား လာရေးအဖွဲ့အစည်းကြီးက စာရင်းထုတ်ပြန်ထားပါတယ်။ ဒီစာရင်းဟာ ၂၀၁၈ ခုနှစ် တနှစ်လုံးစာ အတွက်ဖြစ်ပြီး ၂၀၁၉ ခုနှစ်ကုန်ရင်တော့ ပိုတိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံကို တရုတ်ခရီးသွားအများအပြားလာရောက်လည်ပတ်နေပေမယ့် ငွေကြေးသုံးစွဲမှု အတိုင်းအတာ အရဆိုရင်တော့ အာရှခရီးသွား ဈေးကွက်ကို ဦးဆောင်နေတာကတော့ ဂျပန်နိုင်ငံပဲ ဖြစ်ပါတယ်။
Ref:traveldailynews,e-unwto