တချို့သော ကမ္ဘာ့နာမည်ကြီး နေရာတွေဟာဆိုရင်တော့ သွားရောက်လည်ပတ်သူတွေကို ကောင်းမွန်တဲ့ အတွေ့အကြုံတွေနဲ့ စိတ်ခံစားမှုတွေအစား နောက်တခါ ထပ်မသွားချင်လောက်အောင် စိတ်ပျက်စေမှုတွေကိုပဲ ပေးနိုင်ခဲ့တာပါ။
ဒါကြောင့်မို့လို့ ကမ္ဘာ့နာမည်ကြီး ဘယ်နေရာတွေက ခရီးသွားတွေကို စိတ်ပျက်စေခဲ့တာလဲ ဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
(၁) ပြင်သစ်က The Mona Lisa ပြတိုက်
ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Louvre ပြတိုက်ဟာ ကမ္ဘာလှည့်ခရီးသည် လည်ပတ်မှု အများဆုံး ပြတိုက်တွေထဲက တခုပါ။ ဒီပြတိုက်မှာရှိတဲ့ ကမ္ဘာကျော် မိုနာလီဆာပန်းချီကားကို လာရောက်ကြည့်ရှုသူတွေဟာ များပြားလွန်းတာကြောင့် ပန်းချီကားကို အေးအေးဆေးဆေး ခံစားကြည့်ရှုခွင့်မရဘဲ တချိန်လုံးတိုးဝှေ့နေရတဲ့အတွက် နောက်တခေါက်လာဖို့ကို စိတ်ပျက်စေမှာပါ။
(၂) အင်္ဂလန်နိုင်ငံက Stonehenge
ရှေးဟောင်းအမွေအနှစ်တခုအဖြစ် နာမည်ကြီးတဲ့ အင်္ဂလန်နိုင်ငံက Stonehenge မှာဆိုရင်တော့ ကျောက်ခေတ်ရဲ့ အကြွင်းအကျန်လက်ရာတွေကို လေ့လာခွင့်ရမှာပါ။ ဒါပေမယ့် ထူထပ်များပြားလွန်းတဲ့ လည်ပတ်သူတွေကြောင့် အနီးကပ်လေ့လာကြည့်ရှုခွင့်ကို ရမှာတော့ မဟုတ်ပါဘူး။
(၃) တရုတ်နိုင်ငံက The Forbidden City
တရုတ်နိုင်ငံမှာရှိတဲ့ The Forbidden city (တားမြစ်မြို့တော်)ဟာ ၁၉၈၇ ခုနှစ်လောက်တည်းက ယူနက်စကိုက ကမ္ဘာ့သမိုင်းအမွေအနှစ်အဖြစ် ရွေးချယ်သတ်မှတ်ခဲ့တာပါ။ တနှစ်ကို ခရီးသွားပေါင်း ၁၅ သန်းကျော်ခန့် ဝင်ထွက်မှုများတာကြောင့် ခရီးသွားအေဂျင်စီတွေ ပြောသလို လေညှင်းခံလမ်းလျှောက်ပြီး အေးအေးဆေးဆေး လေ့လာလည်ပတ်လို့တော့ ရမှာမဟုတ်ပါဘူး။
(၄) အိန္ဒိယနိုင်ငံက Taj Mahal
အိန္ဒိယနိုင်ငံမှာရှိတဲ့Taj Mahal ဟာ ကမ္ဘာ့အံ့ဖွယ်နေရာ ၇ ခုထဲက တခုအပါအဝင်ဖြစ်ပေမယ့် တင်းကြပ်တဲ့ လုံခြုံရေးစစ်ဆေးမှုတွေ၊ များပြားလှတဲ့ လည်ပတ်သူတွေနဲ့ Taj Mahal ရဲ့အနီးတဝိုက်မှာရှိတဲ့ အိမ်ရာတွေက စွန့်ပစ်တဲ့ အမှိုက်သရိုက်တွေကြောင့် ခရီးသွားတွေကို စိတ်ပျက်စေခဲ့တာပါ။
Ref. www.thetravel.com
You may also like these stories:
မီဒီယာတွေကြောင့် ခရီးသွားတွေ စိတ်ဝင်စားလာတဲ့ နေရာများ
ထူးခြားတဲ့ ခရီးစဉ်တွေကို ကြိုက်နှစ်သက်သူတွေ သွားလည်သင့်တဲ့ နေရာများ