ခရီးသွားလုပ်ငန်းဆိုတာ စီးပွားရေးလုပ်ငန်းအမျိုးအစား တခုပါပဲ။ ဒါကြောင့်လည်း ကိုယ့်စီးပွားရေး လုပ်ငန်းသဖွယ် ဖြစ်နေတဲ့ ခရီးသွားလုပ်ငန်းကို အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့လည်း လိုအပ်ပါ တယ်။ ခရီးသွားလုပ်ငန်းဟာ နယ်မြေအခြေအနေ ၊ ယဉ်ကျေးမှု စတာတွေလည်း ပတ်သက်နေသ လို တိုင်းပြည်စီးပွားရေးနဲ့လည်း ပတ်သက်နေပါတယ်။
ဒါကြောင့်လည်း ခရီးသွားလုပ်ငန်းလုပ်ကိုင် သူတွေ သိသင့်သိထိုက်တဲ့အချက်တွေကို ဖော်ပြပေးချင်ပါတယ်။
၁။ နယ်မြေရွေးချယ်မှု
ပြည်တွင်းခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတွေအဖို့ ကိုယ်ရွေးချယ်ထားတဲ့ နယ်မြေဒေသကို တကယ်ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ကိုယ့်ဆီရောက်လာတဲ့ ခရီးသွားဧည့်သည်တွေကို အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ပါလိမ့်မယ်။ ကိုယ်ရွေးချယ်ထားတဲ့ နယ်မြေဒေသနဲ့ ပတ်သက်တဲ့ သတင်းတွေကိုလည်း အမြဲလေ့လာနေပြီး ကိုယ်ဖောက်သည်တွေကို ဝေမျှပေးနိုင်ရပါလိမ့်မယ်။
အဓိကအရေးကြီးတာကတော့ ကိုယ့်ဆီရောက်လာတဲ့ ခရီးသွားဧည့်သည်တွေအနေနဲ့ ကိုယ်ရွေး ချယ်ထားတဲ့ ခရီးသွားကုမ္ပဏီဟာ တကယ်ထိထိရောက်ရောက် ဝန်ဆောင်မှုပေးနိုင်ကြောင်း ယုံကြည်နေဖို့ပါ။ ခရီးသွားတွေရဲ့ ယုံကြည်မှုကိုရမှလည်း ကိုယ်လုပ်ကိုင်နေတဲ့ ခရီးသွားလုပ်ငန်းက အောင်မြင်ပါလိမ့်မယ်။
၂။ ဟိုတယ်တွေရဲ့ ဝန်ဆောင်မှု
ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ ကိုယ်တိုင်မေးရမယ့် မေးခွန်းရှိပါတယ်။ အဲဒီမေးခွန်းက တော့ ကိုယ်တည်းခိုမယ့်ဟိုတယ်ဟာ အဆင်ပြေနိုင်လား ဆိုတာပါပဲ။ ဒါကြောင့်လည်း ဟိုတယ် တွေရဲ့ဝန်ဆောင်မှု အကောင်း အညံ့ကိုခွဲခြားနိုင်စွမ်း ရှိရပါမယ်။ ဝန်ဆောင်မှုညံ့ဖျင်းတဲ့ ဟိုတယ်တွေ ကိုပို့ပေးခဲ့မယ်ဆိုရင်တော့ ကိုယ့်ဖောက်သည်တွေက ကိုယ့်ကိုယုံကြည်မှုကင်းမဲ့သွားပါလိမ့်မယ်။ ဒါကြောင့်လည်း ဒေသအတွင်းမှာရှိတဲ့ ဟိုတယ်တွေနဲ့ ချိတ်ဆက်ထားနိုင်ရပါမယ်။
၃။ ဒေသအစားအသောက်
ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူတွေမှာ ရှိရမယ့် အရည်အချင်းတွေကတော့ အများကြီးပါပဲ။ နေရာ တိုင်းမှာ ကြယ် ၅ ပွင့်ဟိုတယ်မရှိနိုင်သလို လူတိုင်းကလည်း ကြယ် ၅ ပွင့်ဟိုတယ်တွေမှာ တည်းခို နိုင်သူတွေချည်းတော့ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ခရီးသည်တွေ အဆင်ပြေတဲ့စားသော က် ဆိုင်စာရင်းကို ကြိုတင်သိထားဖို့လိုအပ်ပါတယ်။
ခရီးသွားလုပ်ငန်းဆိုတာကလည်း လူအများကြီးနဲ့ ပတ်သက်နေတဲ့အတွက် တဦးချင်းစိတ်ကျေနပ်မှုပေးနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ အဓိကက တော့ ကိုယ့်ခရီးသည်တွေထဲမှာ သက်သတ်လွတ်စားသူတွေပါနေရင် အဆင်ပြေတဲ့စားသောက် ဆိုင်မျိုးကို ရွေးချယ်ပေးနိုင်ဖို့ အရေးကြီးပါတယ်။
၄။ ခရီးသွားတွေရဲ့ သုံးသပ်ချက်
ခရီးသွားလုပ်ငန်းဆိုတာ စီးပွားရေးလုပ်ငန်းဖြစ်တဲ့အတွက် ယှဉ်ပြိုင်မှုတွေကတော့ ရှိနေမှာပါပဲ။ ဒါကြောင့်လည်း ကိုယ့်လုပ်ငန်းအရည်အသွေး ကျဆင်းမသွားအောင် အမြဲအာရုံစိုက်နေရပါမယ်။ ကိုယ့်အပေါ်ကို ခရီးသွားတွေက ဘယ်လိုတုန့်ပြန်သလဲ ဆိုတာ သိရပါမယ်။ ခရီးသွားတွေရဲ့ အသံ ကိုနားထောင်မှသာ ရေရှည်တည်တံ့တဲ့ စီးပွားရေး လုပ်ငန်းဖြစ်လာပါလိမ့်မယ်။ ခရီးသွားတွေရဲ့အသံ ကို ဥပေက္ခာပြုထားမယ်ဆိုရင်တော့ အလွယ်တကူကျရှုံးသွားပါလိမ့်မယ်။
၅။ လည်ပတ်သင့်တဲ့ နေရာ
ကိုယ်ပို့ဆောင်ပေးမယ့်နယ်မြေဒေသရဲ့ လည်ပတ်သင့်တဲ့နေရာတွေကို ဦးစားပေးလည်ပတ်နိုင်ရပါ လိမ့်မယ်။ ဒါမှလည်း အချိန်တိုတိုအတွင်း နေရာစုံရောက်ရှိနိုင်ပါလိမ့်မယ်။ ကိုယ်ရွေးချယ်ထားတဲ့ နယ်မြေဒေသကို ကိုယ်တကယ် မကျွမ်းကျင်တဲ့အခါ အခက်အခဲတွေများစွာ ဖြစ်လာပါမယ်။ ဒါကြောင့်လည်း နယ်မြေဒေသရွေးချယ်မှုက ခရီးသွားလုပ်ငန်း အတွက်ဦးစားပေးအဆင့် ၁ နေရာက ပါဝင်နေခြင်းပဲ ဖြစ်ပါတယ်။
Ref:wikihow
You may also like these stories:
ခရီးသွားလုပ်ငန်းကို ပိုပြီး အာရုံစိုက်လာတဲ့ ဆော်ဒီအာရေဗျနိုင်ငံ
ခရီးသွားလုပ်ငန်းကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လိုတဲ့ ထိုင်းခရီးသွားလာရေး ဝန်ကြီး
ဒုတိယကမ္ဘာစစ်ပြီးနောက် ပိုမိုတိုးတက်လာတဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်း