မြောက်ဝန်ရိုးစွန်းမှာ အက်စကီးမိုးလူမျိုးစုတွေနေထိုင်တဲ့ igloo အိမ်လေးနဲ့ နေချင်တဲ့စိတ်ကူးရှိခဲ့ရင်တော့ မကြာခင် သင့်အိပ်မက်တွေ အကောင်အထည်ဖော်နိုင်တော့မှာပါ။ ကမ္ဘာ့မြောက်ဘက်ပိုင်းအကျဆုံးနေရာတခု ဖြစ်တဲ့ မြောက်ဝန်ရိုးစွန်းမှာ ၂၀၂၀ပြည့်နှစ် ဧပြီလမှာ ဧည့်သည်တွေ လာရောက်တည်းခိုနေနိုင်မယ့် ဟိုတယ် တွေ ဖွင့်လှစ်တော့မှာပါ။
တသက်မှာ တကြိမ်သာရနိုင်မယ့် အခွင့်အရေးတခုလို ကမ္ဘာ့မြောက်ဘက်ပိုင်းအကျဆုံးနေရာမှာ အပူချိန်ထိန်း ညှိပေးထားတဲ့ အမိုးခုံးအိမ်ခန်းငယ်လေးတွေမှာ တည်းခိုနိုင်အောင် စီစဉ်ထားတဲ့ North Pole Igloos Hotel မှာ အာတိတ်ဒေသရဲ့ ကြယ်ရောင်စုံညတွေကို ခံစားရင်း တည်းခိုနိုင်မယ့် အဆန်းကြယ်ဆုံး ဟိုတယ်ဖြစ်လာတော့ မှာပါ။
“မြောက်ဝန်ရိုးစွန်းဟာ စွန့်စားလည်ပတ်ချင်သူတွေအတွက် သီးသန့်နေရာတခုဖြစ်လာခဲ့တာ ကြာပါပြီ။ ဒါပေ မယ့် ဒီပတ်ဝန်းကျင်မှာ သက်သောင့်သက်သာ တည်းခိုနိုင်မယ့်နေရာမရှိခဲ့ဘူး” လို့ မြောက်ဝန်ရိုးစွန်းဒေသမှာ ဟိုတယ်စီမံချက်ကို အကောင်အထည်ဖော်နေတဲ့ Luxury Action ရဲ့တည်ထောင်သူ Janne Honkanen က ဆိုပါတယ်။
“ကျနော် မြောက်ဝန်ရိုးစွန်းလို ရာသီဥတုပြင်းထန်တဲ့နေရာမျိုးမှာ လာရောက်မယ့် ဧည့်သည်တွေကို သက် သောင့် သက်သာ အနားယူနိုင်အောင် ဖန်တီးပေးချင်တာပါ။ လိုအပ်တာမှန်သမျှ ပြည့်စုံအောင် ကြိုးစားဖြည့်ဆီး ပေးသွားမှာပါ။ တခုပါပဲ လာရောက်မယ့်ဧည့်သည်တွေဆီမှာ စွန့်စားချင်စိတ်၊ စူးစမ်းချင်စိတ်တွေ အပြည့်ရှိနေဖို့ ပဲလိုအပ်ပါတယ်” လို့ Honkanen က ရှင်းပြခဲ့ပါတယ်။
၂၀၂၀ပြည့်နှစ်မှာ ဖွင့်လှစ်မယ့်မြောက်ဝန်ရိုးစွန်းဟိုတယ်ခန်းတွေအတွက် လုံခြုံရေးအဖွဲ့၊ အာတိတ်ဒေသ လမ်းပြအဖွဲ့၊ စာဖိုမှူးတွေနဲ့ မန်နေဂျာတွေ ထားရှိပေးသွားမှာဖြစ်ပြီး အခန်းတိုင်းကို အပူပေးထားမယ့်အပြင် အိမ်သာပါ တွဲလျက်ထည့်သွင်းထားမှာဖြစ်ပါတယ်။
ဒီလိုထူးခြားတဲ့အစီအစဉ်နဲ့ လာရောက်လည်ပတ်မယ်ဆိုရင် တနှစ်လုံးမှာ ဧပြီလတလတည်းသာ အခွင့်အရေးရှိ တာပါ။ အရငဦးဆုံး လည်ပတ်မယ့်ဧည့်သည်တွေဟာ နော်ဝေနိုင်ငံထဲမှာရှိတဲ့ Svalbard မှာ ၂ ညအိပ်အရင် တည်း ခိုရမှာဖြစ်ပြီး နောက်နေ့မှာတော့ ရဟတ်ယာဉ်နဲ့ မြောက်ဝန်ရိုးစွန်းက Igloos hotel ကို လမ်းပြအပါအဝင် စားစရာအပြည့်အစုံ လမ်းညွှန်ချက်တွေနဲ့ သွားရောက်တည်းခိုနိုင်မှာပါ။
အဆိုပါ ခရီးစဉ်အစအဆုံးအတွက် ယူရို ၉ သောင်းခွဲ (အမေရိကန်ဒေါ်လာ ၁ သိန်း ၅ ထောင်) နီးပါး ကျသင့်မှာပါ။
အကယ်လို့ ဧည့်သည်တွေဟာ မြောက်ဝန်ရိုးစွန်းဒေသနဲ့ပတ်သက်ပြီး ကြိုတင်အတွေ့အကြုံရအောင် လေ့လာ ချင်တယ်ဆိုရင် ဖင်လန်နိုင်ငံမှာရှိတဲ့ ကြယ်ငါးပွင့်အဆင့် Octola ဟိုတယ်မှာ လေ့ကျင့်ပြင်ဆင်နိုင်ပါတယ်။ ဒီ့အတွက်တော့ သတ်မှတ်ထားတဲ့ Package ဈေးနှုန်းအပြင် အပိုထပ်ဆောင်းကျသင့်မှာပဲဖြစ်ပါတယ်။
လာရောက်လည်ပတ်မယ့် ဧည့်သည်တွေကိုလည်း ညအချိန်မှာ မြောက်ဝန်ရိုးစွန်းအလင်းတန်း Aurora ကြည့် ရှူနိုင်အောင် စီစဉ်ပေးထားမယ်လို့ အာမခံပေးထားပါတယ်။ ဒါဟာလည်း ညတိုင်းမြင်ရခဲတဲ့ Aurora အလင်း တန်းတွေကို မြောက်ဝန်ရိုးစွန်းဒေသမှာ ဧပြီလဆိုရင် ရှင်းရှင်းလင်းလင်း မြင်တွေ့ရတာကြောင့်ပါ။
မြောက်ဝန် ရိုးစွန်းဒေသဟာ တခြားနေရာတွေလို အမြဲတမ်းသွားရောက်လည်ပတ်ဖို့ဆိုတာ မဖြစ်နိုင်ဘဲ ဧပြီလဆို ရဟတ် ယာဉ်နဲ့ လာရောက်နိုင်ပြီး ဇွန်၊ ဇူလိုင်လတွေမှာတော့ သင်္ဘောနဲ့ လာရောက်နိုင်ပါတယ်။
Ref: edition.cnn
You may also like these stories:
လူ့အဖွဲ့အစည်းနဲ့ ကင်းကွာပြီး ကမ္ဘာပေါ်မှာ သီးသန့်ရှိနေတဲ့ နေရာဒေသအချို့
မြောက်ဝန်ရိုးစွန်းကို အလည်သွားနိုင်ဖို့အတွက် လမ်းကြောင်း ၃ ခု