တရုတ်နိုင်ငံဟာ လူဦးရေထူထပ်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပေမယ့် လူလတ်တန်းစားတွေရဲ့ ဝင်ငွေတိုးတက်လာတဲ့အတွက် ကမ္ဘာအနှံ့ကို ခရီးထွက်နေကြတဲ့ တရုတ်နိုင်ငံသားတွေ အများအပြားရှိနေပါတယ်။
၂၀၁၅ ခုနှစ်စာရင်းအရ ပြင်သစ်၊ အမေရိကန်နဲ့ စပိန် ပြီးရင် တရုတ်နိုင်ငံသားတွေက စတုတ္ထမြောက် ခရီးအထွက်ဆုံး နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ နှစ်စဉ်လိုလိုလည်း ကမ္ဘာအနှံ့ ခရီးထွက်ခဲ့ကြတဲ့ တရုတ်နိုင်ငံ သားပေါင်း ၅၆ ဒဿမ ၉ သန်း ရှိပါတယ်။ ဒါကြောင့်လည်း တရုတ်နိုင်ငံသားတွေဟာ ကမ္ဘာမှာ ခရီးအထွက်ဆုံးလူတွေလို့ ဆိုကြပါတယ်။
တရုတ်နိုင်ငံမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ တရုတ်ရိုးရာ လမုန့်ပွဲတော်မှာတော့ တရုတ်နိုင်ငံအနှံ့ ခရီးထွက်ခဲ့ကြတဲ့ တရုတ်နိုင်ငံသား စုစုပေါင်း ၁၀၅ သန်း ရှိခဲ့တယ်လို့ Xinhuanet သတင်းမှာ ဖော်ပြထားပါတယ်။ တရုတ်ခရီးသွားလာရေးဝန်ကြီးဌာနကလည်း မနှစ်ကထက်စာရင် ခရီးသွားဦးရေ ၇ ဒဿမ ၆ သန်း တိုးလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ်အတွက် တရုတ်ရိုးရာ လမုန့်ပွဲတော်ကတော့ စက်တင်ဘာ ၁၃ ရက်နေ့မှာ ကျရောက်ခဲ့တာဖြစ်ပြီး ၃ ရက်ကြာ ကျင်းပခဲ့ပါတယ်။ ပြည်တွင်း ခရီးသွားလုပ်ငန်းတွေအနေနဲ့လည်း တရုတ်ရိုးရာ လမုန့်ပွဲတော်အတွင်း ဝင်ငွေယွမ် ၄၇ ဒဿမ ၂၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆ ဒဿမ ၇ ဘီလီ ယံနီးပါး) ရရှိခဲ့ကြပါတယ်။ ဒီဝင်ငွေပမာဏဟာ မနှစ်ကထက်စာရင် ပိုတိုးလာခဲ့တယ်လို့ တရုတ် ခရီးသွားလာရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံမှာ အထင်ကရပွဲတော် အများကြီးရှိတဲ့အနက် လမုန့်ပွဲတော်ကလည်း ထင်ရှားတဲ့ ပွဲတော် ဖြစ်ပါတယ်။ တနိုင်ငံလုံး အားလပ်ရက်ဖြစ်တာကြောင့်လည်း မိသားစုများစွာ တရုတ်နိုင်ငံအနှံ့ ခရီးထွက်ခဲ့ ကြပါတယ်။
တရုတ်နိုင်ငံအတွက် ခရီးသွားလုပ်ငန်းဟာ အရေးပါတဲ့ လုပ်ငန်းပါ။ ၂၀၁၇ ခုနှစ်အတွင်း တရုတ်ခရီးသွားလုပ်ငန်းတွေဟာ ဝင်ငွေယွမ် ၈ ဒဿမ ၇၇ ထရီလီယံ ရရှိခဲ့ပြီး တိုင်းပြည် GDP (စုစုပေါင်း အမျိုးသား ထုတ်လုပ်မှု) ရဲ့ ၁၁ ဒဿမ ၀၄ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
၂၀၁၂ ခုနှစ်စပြီး တရုတ်ခရီးသွား အများအပြား ကမ္ဘာအနှံ့ လည်ပတ်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံအတွက် ခရီးသွားလုပ်ငန်းဟာ နိုင်ငံခြားဝင်ငွေရရှိရာ အရင်းအမြစ်ပါ။ ဒါကြောင့်လည်း ၂၀၁၄ ခုနှစ်အတွင်းမှာ တရုတ်ခရီးသွားလုပ်ငန်းတွေက တိုင်းပြည်ဝင်ငွေ အများဆုံး ရရှိတဲ့ လုပ်ငန်းစာရင်း ဝင်ခဲ့ပါတယ်။
Ref. Xinhuanet
You may also like these stories:
တရုတ်လူမျိုးတွေ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ တစ္ဆေကြီးပွဲတော်
တရုတ်နှစ်သစ်ကူးပွဲတော်အတွင်း ရှောင်ကြဉ်ရမည့် အချက်များ
နှစ်ပေါင်း ၂၆၀၀ ကျော်ကြာ ကျင်းပလာခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ချစ်သူများနေ့
လည်ပတ်သူ လူဦးရေ ၁၁ သန်းကျော် ရှိခဲ့တဲ့ ထိုင်ဝမ်နိုင်ငံက Lantern Festival
တရုတ်နှစ်သစ်ကူးပွဲတော်ကို ကြီးကြီးကျယ်ကျယ် ကျင်းပလေ့ရှိတဲ့ အမေရိကရဲ့ မြို့ ၅ မြို့